We have 3549 guests and 0 members online
  • WORD Research this...
    Luke 22
    • 1  ထိုအချိန်တွင် ပါစကားဟုခေါ်သော တဆေးမပါသော ပေါင်မုန့်ပွဲတော်နေ့သည် နီးကပ်လာပြီဖြစ်၏။-
    • 2  ထိုအခါ ရဟန်းအကြီးအကဲများနှင့် ကျမ်းတတ်ဆရာတို့သည် ကိုယ်တော့်ကို သတ်နိုင်မည့်နည်းလမ်းကို ရှာကြံကြ၏။ အကြောင်းမူကား သူတို့သည် လူတို့ကို ကြောက်ရွံ့ ကြသောကြောင့်ဖြစ်၏။
    • 3  ထိုအချိန်၌ စာတန်သည် တပည့်တော်တစ်ဆယ့်နှစ်ပါးတွင် ပါဝင်သော ဂျုဒအစ္စကာရီယုဒ်၌ ဝင်လေ၏။-
    • 4  သူသည် ရဟန်းအကြီးအကဲများနှင့် ဗိမာန်တော်စောင့် အရာရှိများထံသို့ သွားပြီးလျှင် ကိုယ်တော့်ကို သူတို့လက်သို့ မည်ကဲ့သို့ အပ်နှံမည့်အကြောင်း တိုင်ပင်လေ၏။-
    • 5  သူတို့သည်လည်း နှစ်သက်ကျေနပ်ကြ၍ သူ့အား ငွေပေး ရန် သဘောတူကြ၏။-
    • 6  ဤသို့ဖြင့် သူသည် သဘောတူလက်ခံ၍ လူအစုအဝေးမရှိသည့်အချိန်တွင် ကိုယ်တော့်ကို ထိုသူတို့လက်သို့ အပ်နှံနိုင်မည့် အခွင့်အလမ်းကို ရှာကြံလေ၏။
    • 7  ထို့နောက် ပါစကားသိုးသူငယ်ကို သတ်၍ ပူဇော်ရသည့် တဆေးမပါသော ပေါင်မုန့်ပွဲတော်နေ့ ကျရောက်လေ၏။-
    • 8  ကိုယ်တော်က ငါတို့စားရန် ပါစကားပွဲညစာကို သွား၍ပြင်ဆင်ကြလော့ဟု မိန့်မှာလျက် ပေတရုနှင့် ယောဟန်တို့အား စေလွှတ်လိုက်၏။-
    • 9  ထိုအခါ သူတို့က ကိုယ်တော်သည် တပည့်တော်တို့အား မည်သည့်နေရာတွင် ပြင်ဆင်စေလိုပါသနည်းဟု ကိုယ်တော်အား မေးလျှောက်ကြလေ၏။-
    • 10  ကိုယ်တော်ကလည်း ကြည့်လော့၊ သင်တို့သည် မြို့တွင်းသို့ဝင်ကြသောအခါ ရေအိုးသယ်ဆောင်လာသော လူတစ်ဦးသည် သင်တို့ကိုကြိုဆိုလိမ့် မည်။ ထိုသူဝင်သော အိမ်အတွင်းသို့လိုက်၍ ဝင်ကြ လော့။-
    • 11  ထို့နောက် ဆရာသခင်က ငါ၏တပည့်များနှင့်အတူ ငါညစာစားမည့်ဧည့်ခန်းကား အဘယ်မှာနည်းဟူ၍ သင်တို့ကို မေးတော်မူသည်ဟု အိမ်ရှင်အား ပြောကြားကြလော့။-
    • 12  ထိုအခါ သူသည် အပေါ်ထပ်တွင် ခင်းကျင်းထားသော အခန်းကျယ်ကြီးတစ်ခုကို သင်တို့အား ပြလိမ့်မည်။ ထိုနေရာတွင် ပြင်ဆင်ကြလော့ဟု မိန့်တော်မူ၏။-
    • 13  သူတို့သည်လည်း သွားကြ၍ ကိုယ်တော် မိန့်မှာတော်မူသည့်အတိုင်း တွေ့ကြသဖြင့် ပါစကားပွဲ ညစာအတွက် အသင့် ပြင်ဆင်ကြ၏။
    • 14  အချိန်နာရီကျရောက်သောအခါ ကိုယ်တော်သည် တမန်တော်တို့နှင့်အတူ စားပွဲ၌ ထိုင်တော်မူ၏။-
    • 15  ကိုယ်တော်က ငါသည် ဒုက္ခဝေဒနာမခံမီ ပါစကားညစာကို သင်တို့နှင့်အတူစားရန် ပြင်းစွာသောအလိုဆန္ဒရှိခဲ့၏။-
    • 16  သင်တို့အား ငါဆိုသည်ကား ဤပါစကားသည် ဘုရားသခင် ၏နိုင်ငံတော်၌ ပြည့်စုံခြင်းသို့ ရောက်သည့်တိုင်အောင် ၎င်းကို နောက်တစ်ဖန် ငါစားလိမ့်မည်မဟုတ်ဟု မိန့်တော်မူ၏။
    • 17  ထို့နောက် ကိုယ်တော်သည် စပျစ်ရည်ခွက်ကိုယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးလျှင် မိန့်တော်မူသည်ကား ဤခွက်ကိုယူ၍ သင်တို့အချင်းချင်း ဝေမျှသောက်ကြလော့။-
    • 18  အကြောင်းမူကား သင်တို့အား ငါဆိုသည်မှာ ဘုရားသခင်၏ နိုင်ငံတော် ရောက်လာမည့်တိုင်အောင် စပျစ်ပင်၏အသီးမှ စပျစ်ရည်ကို နောက်တစ်ဖန် ငါသောက်လိမ့်မည်မဟုတ်ဟု မိန့်တော်မူ၏။
    • 19  ထို့နောက် ကိုယ်တော်သည် ပေါင်မုန့်ကိုယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ ၎င်းကိုဖဲ့ကာ သူတို့အား ပေးတော်မူလျက် ဤသည်ကား သင်တို့အဖို့ အပ်နှံခြင်း ခံရသည့် ငါ၏ခန္ဓာကိုယ်ဖြစ်၏။ ငါ့ကို အောက်မေ့သတိရခြင်းငှာ ဤအမှုကိုပြုကြလော့ဟု မိန့်တော်မူ၏။-
    • 20  ဤနည်းတူ ညစာစားပြီးနောက် ကိုယ်တော်သည် စပျစ်ရည်ခွက်ကိုယူ၍ ဤခွက်သည်ကား သင်တို့အဖို့ သွန်းလောင်းခြင်း ခံရမည့်၊ ငါ၏အသွေးတော်၌တည်သော ပဋိညာဉ်အသစ်ဖြစ်၏ဟု မိန့်တော်မူ၏။
    • 21  သို့သော် ငါ့ကိုအပ်နှံမည့် သူ၏လက်သည် ငါနှင့်အတူ ဤစားပွဲပေါ်တွင်ရှိ၏။-
    • 22  အကြောင်းမူကား လူသားသည် သတ်မှတ်ထားသည့်အတိုင်း သွားရမည်မှန်၏။ သို့သော် ငါ့ကို သစ္စာဖောက်၍ အပ်နှံသော သူသည်ကား ဘေးဒုက္ခရောက်လိမ့်မည်ဟု မိန့်တော်မူ၏။-
    • 23  ထိုအခါ သူ တို့က ဤအမှုကိုပြုမည့်သူသည် မိမိတို့ထဲမှ မည်သူဖြစ်လိမ့်မည်နည်းဟု အချင်းချင်းစတင်မေးမြန်းကြ၏။
    • 24  ထို့နောက် တပည့်တော်တို့သည် မိမိတို့တွင် မည်သူသည် အကြီးမြတ်ဆုံး ဖြစ်မည်နည်းဟူ၍ အချင်းချင်း အငြင်းပွား နေကြ၏။-
    • 25  ထိုအခါ ကိုယ်တော်က လူမျိုးခြားတို့၏ ဘုရင်များသည် ပြည်သူပြည်သားတို့အပေါ် အုပ်စိုးမင်းမူကြ၏။ ထိုသူတို့ အပေါ်တွင် အုပ်ချုပ်သူများသည်လည်း ကျေးဇူးရှင်ဟု အခေါ်ခံကြ၏။-
    • 26  သင်တို့တွင်မူကား ဤသို့မဖြစ်စေရ။ သင်တို့တွင် အကြီးမြတ်ဆုံးသောသူသည် အငယ်ဆုံးကဲ့သို့ဖြစ်ရမည်။ ဦးဆောင်သောသူသည်လည်း အစေခံကဲ့သို့ဖြစ်ရမည်။-
    • 27  အကြောင်းမူကား မည်သူသည် သာ၍ကြီးမြတ်သနည်း။ စားပွဲ၌ထိုင်သောသူလော၊ သို့မဟုတ် စားပွဲ၌ အစေခံသော သူလော။ စားပွဲ၌ ထိုင်သူသည် ကြီးမြတ်သောသူမဟုတ်လော။ သို့သော် ငါသည် သင်တို့အလယ်တွင် အစေခံသောသူဖြစ်၏။
    • 28  သင်တို့သည် ငါစုံစမ်းနှောင့်ယှက်ခြင်းခံရသော အချိန်များ၌ ငါနှင့်အတူ သစ္စာရှိစွာ ရပ်တည်သူများဖြစ်ကြ၏။-
    • 29  ငါ၏ခမည်းတော်သည် ငါ့အား နိုင်ငံတော်ကို အပ် နှင်းတော်မူသကဲ့သို့ ငါသည်လည်း သင်တို့အား အပ်နှင်း၏။-
    • 30  သို့ဖြစ်၍ သင်တို့သည် ငါ၏နိုင်ငံတော်ရှိ ငါ၏စားပွဲတွင် စားသောက်ကြရလိမ့်မည်။ သင်တို့သည် ရာဇပလ္လင် များပေါ်၌ ထိုင်ကြလျက် အစ္စရာအဲလ်လူမျိုး တစ်ဆယ့်နှစ်မျိုးတို့ကို တရားစီရင်ကြရလိမ့်မည်ဟု သူတို့အား မိန့်တော်မူ၏။
    • 31  တစ်ဖန် ကိုယ်တော်က စီမွန်၊ စီမွန်၊ စာတန်သည် သင်တို့ကို ဂျုံစပါးကဲ့သို့ ဆန်ခါနှင့်ချရန် တောင်းဆို၏။-
    • 32  သို့သော် သင်၏ယုံကြည်ခြင်း မလျော့နည်းစေရန် ငါသည် သင့်အတွက်ဆုတောင်းခဲ့ပြီ။ သင်တစ်ဖန်ပြောင်းလဲလာ သောအခါ သင်၏ညီအစ်ကိုများကို ခွန်အားဖြည့်တင်း ပေးပါလော့ဟု မိန့်တော်မူ၏။-
    • 33  ထိုအခါ ပေတရုက သခင်ဘုရား၊ တပည့်တော်သည် ထောင်ထဲသို့လည်းကောင်း၊ သေခြင်းသို့လည်းကောင်း ကိုယ်တော်နှင့် အတူသွားရန် အသင့်ရှိပါသည်ဟု ကိုယ်တော်အား လျှောက်လေ၏။-
    • 34  ကိုယ်တော်ကလည်း ပေတရု၊ သင့်အား ငါအမှန်ဆိုသည်ကား ယနေ့ကြက်မတွန်မီ သင်သည် ငါ့ကိုမသိဟူ၍ သုံးကြိမ် ငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူ၏။
    • 35  ထို့နောက် ကိုယ်တော်က သင်တို့အား ငွေအိတ်၊ လွယ်အိတ်နှင့် ဖိနပ်မပါဘဲ ငါစေလွှတ်သောအခါ သင်တို့၌ လိုအပ်ချက် တစ်စုံတစ်ရာရှိခဲ့သလောဟု တပည့်တော်တို့ကို မေးတော်မူ၏။ သူတို့ကလည်း တစ်ခုမျှမရှိပါဟုပြန် လျှောက်ကြ၏။-
    • 36  ကိုယ်တော်က ယခုမူကား ငွေအိတ်ရှိသောသူသည် ယူစေ။ လွယ်အိတ်ရှိသောသူသည်လည်း ထိုနည်းတူပြုစေ။ ဓားလွယ်မရှိသော သူသည်လည်း မိမိ ၏ဝတ်ရုံကိုရောင်း၍ ဓားကိုဝယ်စေ။-
    • 37  အကြောင်းမူကား သင်တို့အား ငါဆိုသည်မှာ သူသည် ရာဇဝတ်သားတို့တွင် စာရင်းဝင်ပြီဟူသော ကျမ်းချက်သည် ငါ၌ ပြည့်စုံရလိမ့်မည်။ အမှန်စင်စစ် ငါ့ကိုရည်ညွန်း၍ ရေးထားသော အကြောင်းအရာသည် ပြည့်စုံခြင်းသို့ ရောက်လေပြီဟု မိန့်တော်မူ၏။-
    • 38  သူတို့ကလည်း သခင်ဘုရား၊ ကြည့်တော်မူပါ။ ဓားနှစ်လက်ရှိပါသည်ဟု လျှောက်ကြလေ၏။ ကိုယ်တော်ကလည်း လုံလောက်လေပြီဟု မိန့်တော်မူ၏။
    • 39  ထို့နောက် ကိုယ်တော်သည် မိမိသွားလေ့ရှိသည့် အတိုင်း သံလွင်တောင်သို့ကြွသွားတော်မူရာ တပည့်တော်တို့သည်လည်း နောက်တော်သို့ လိုက်ကြ၏။-
    • 40  ထိုနေရာသို့ရောက်ကြသောအခါ ကိုယ်တော်က စုံစမ်းနှောင့်ယှက်ခြင်း၌ သင်တို့မပါဝင်စေရမည့်အကြောင်း ဆုတောင်းကြလော့ဟု သူတို့အား မိန့်တော်မူ၏။-
    • 41  ထို့နောက် ကိုယ်တော်သည် သူတို့နှင့် ကျောက်ခဲတစ်ပစ်စာခန့် ကွာဝေးသောနေရာသို့သွား၍ ဒူးထောက်လျက် ဆုတောင်း လေ၏။-
    • 42  ကိုယ်တော်က အိုအဖ၊ ကိုယ်တော် အလိုတော်ရှိပါလျှင် ဤခွက်ကို အကျွန်ုပ်ထံမှ လွှဲဖယ်တော်မူပါ။ သို့သော်လည်း အကျွန်ုပ်၏ အလိုအတိုင်း မဟုတ်ဘဲ ကိုယ်တော်၏အလိုတော်အတိုင်းသာ ဖြစ်ပါစေသော်ဟု ဆုတောင်းတော်မူ၏။-
    • 43  ထိုအခါ ကောင်းကင်မှ တမန်တော်တစ်ပါးသည် ကိုယ်ထင်ပြ၍ ကိုယ်တော့်ကို အားပေးနှစ်သိမ့်လေ၏။-
    • 44  ကိုယ်တော်သည်လည်း ကြီးစွာပူပင်သောကရောက်လျက် ပိုမိုပြင်းထန်စွာ ဆုတောင်းတော်မူ၏။ သို့ဖြစ်၍ ကိုယ်တော်၏ ချွေးစက်များသည် သွေးစက်သွေးပေါက်များသဖွယ် မြေပေါ်သို့ကျလေ၏။-
    • 45  ထို့နောက် ကိုယ်တော်သည် ဆုတောင်းနေရာမှ ထလာသောအခါ တပည့်တော်တို့သည် ဝမ်းနည်းပူဆွေးစိတ်ဖြင့် အိပ်ပျော်နေကြသည်ကို တွေ့တော်မူ၏။-
    • 46  ကိုယ်တော်က သင်တို့သည် အဘယ်ကြောင့် အိပ်နေကြသနည်း။ ထကြ၊ နှောင့်ယှက်ခြင်းသို့ မပါဝင်စေရန် ဆုတောင်းကြ လော့ဟု မိန့်တော်မူ၏။
    • 47  ဤသို့ ကိုယ်တော်မိန့်တော်မူစဉ် လူတစ်စုသည် ရုတ်တရက်ရောက်လာ၏။ တစ်ဆယ့်နှစ်ပါးတွင် တစ်ပါးအပါအဝင် ဖြစ်သော ဂျုဒသည် သူတို့ကိုဦးဆောင်လာ၍ ယေဇူးကိုနမ်းရန် အထံတော်သို့ချဉ်းကပ်လာလေ၏။-
    • 48  သို့သော် ကိုယ်တော်က ဂျုဒ၊ သင်သည် အနမ်းဖြင့် လူသားကို အပ်နှံသလောဟု မေးတော်မူ၏။-
    • 49  ကိုယ်တော်၏ ထံပါးတွင်ရှိကြသော သူတို့သည် ဖြစ်လာမည့် အခြေအနေကိုမြင်လျှင် သခင်ဘုရား၊ တပည့်တော်တို့သည် ဓားဖြင့် ခုတ်ရမည်လောဟု မေးလျှောက်ကြ၏။-
    • 50  ထို့နောက် သူတို့တွင် တစ်ဦးသည် ရဟန်းအကြီးအကဲ၏ အစေခံကို ဓားနှင့်ခုတ်သဖြင့် ထိုသူ၏ လက်ယာနားရွက်ပြတ် လေ၏။-
    • 51  သို့သော် ယေဇူးက နောက်တစ်ဖန် ဤသို့မပြုနှင့်ဟု မိန့်တော်မူပြီးမှ ထိုသူ၏နားရွက်ကိုတို့ထိ၍ သူ၏အနာကို ပျောက်ကင်း စေတော်မူ၏။
    • 52  ထို့နောက် ယေဇူးသည် မိမိကို ဖမ်းဆီးရန် လာကြသော ရဟန်းအကြီးအကဲများ၊ ဗိမာန်တော်စောင့် အရာရှိများနှင့် သက်ကြီးဝါကြီးတို့အား သင်တို့သည် ဓားပြဖမ်းသကဲ့သို့ တုတ်များ၊ ဓားများကိုစွဲကိုင်လျက် လာကြသလော။-
    • 53  ငါသည် ဗိမာန်တော်၌ နေ့စဉ်နေ့တိုင်း သင်တို့အလယ်တွင် ရှိနေသောအခါ ငါ့ကို သင်တို့ မဖမ်းဆီးကြ။ သို့သော် ဤအချိန်ကား သင်တို့၏အချိန်နှင့် အမိုက်မှောင် စိုးမိုးရာအချိန်ပေတည်းဟု မိန့်တော်မူ၏။
    • 54  ထို့နောက် သူတို့သည် ကိုယ်တော့်ကို ဖမ်းဆီးပြီးလျှင် ရဟန်းအကြီးအကဲ၏အိမ်သို့ ခေါ်ဆောင်သွားကြ၏။ ပေတရုသည်လည်း ခပ်လှမ်းလှမ်းမှလိုက်ပါသွားလေ၏။-
    • 55  ထိုလူများသည် အိမ်တော်ဝင်းအလယ်၌ မီးဖို၍စုဝေးကာ ထိုင်နေကြချိန်တွင် ပေတရုသည်လည်း သူတို့နှင့်အတူ ထိုင်လေ၏။-
    • 56  ထိုအခါ အစေခံအမျိုးသမီးတစ်ဦးသည် မီးဖို၏အလင်း၌ ထိုင်နေသော သူ့ကိုမြင်လျှင် စိုက်ကြည့်လျက် ဤသူသည်လည်း ထိုသူနှင့်အတူရှိခဲ့သည်ဟု ဆိုလေ၏။-
    • 57  သို့သော် ပေတရုက အချင်းအမျိုးသမီး၊ သူ့ကို ငါမသိဟု ငြင်းဆိုလေ၏။-
    • 58  တစ်ခဏမျှ ကြာသောအခါ အခြားသူတစ်ဦးသည် သူ့ကိုမြင်လျှင် သင်သည်လည်း ထိုသူတို့တွင် တစ်ဦး အပါအဝင်ဖြစ်သည်ဟုဆိုသော် ပေတရုက အချင်းလူ၊ ငါမဟုတ်ဟု ဆိုလေ၏။-
    • 59  တစ်နာရီခန့်ကြာပြီးနောက် အခြားသောသူတစ်ဦးက ထပ်မံပြောသည်မှာ အမှန်စင်စစ် ဤသူသည်လည်း ထိုသူနှင့်အတူ ရှိခဲ့၏။ အကြောင်းမူကား သူသည် ဂါလေလေးယနယ်သား ဖြစ်သည်ဟုဆို၏။-
    • 60  သို့ရာတွင် ပေတရုက အချင်းလူ၊ သင်ပြောနေသော အကြောင်းအရာကို ငါမသိ ဟုဆို၏။ သူသည် ထိုကဲ့သို့ပြောနေစဉ်တွင် ချက်ချင်းပင် ကြက်ဖတွန်လေ၏။-
    • 61  သခင်ဘုရားသည်လည်း လှည့်၍ ပေတရုကို ကြည့်တော်မူ၏။ ထိုအခါ ပေတရုသည် ယနေ့ ကြက်ဖမတွန်မီ သင်သည် ငါ့ကိုမသိဟူ၍ သုံးကြိမ်တိုင်တိုင် ငြင်းဆိုလိမ့်မည်ဟု ကိုယ်တော်မိန့်တော်မူခဲ့သော စကားကို သတိရလေ၏။-
    • 62  ထို့နောက် သူသည် အပြင်သို့ ထွက်သွား၍ ပြင်းထန်စွာငိုကြွေးလေ၏။
    • 63  ကိုယ်တော့်ကို ဖမ်းဆီးချုပ်နှောင်ထားသော သူတို့ သည် ကိုယ်တော့်ကို ပြက်ရယ်ပြုကြလျက် ရိုက်ပုတ်ကြ၏။-
    • 64  သူတို့သည် ကိုယ်တော်၏ မျက်စိများကို ဖုံးအုပ်၍ မျက်နှာတော်ကို ရိုက်ပုတ်ကြပြီး သင့်ကိုမည်သူရိုက်ပုတ်သနည်း၊ ပရောဖက်ဉာဏ်နှင့် ဟောပါလော့ဟုဆိုကြ၏။-
    • 65  သူတို့သည် များစွာသောကဲ့ရဲ့စကားတို့ကိုလည်း ပြောဆို၍ ကိုယ်တော့်ကို ထိခိုက်စော်ကားကြ၏။
    • 66  မိုးလင်းသောအခါ လူတို့ထဲမှ သက်ကြီးဝါကြီးများ၊ ရဟန်းအကြီးအကဲများနှင့် ကျမ်းတတ်ဆရာတို့သည် စုဝေးကြ၍ ကိုယ်တော့်ကို မိမိတို့၏ ဘာသာရေးလွှတ်တော်သို့ ခေါ်ဆောင်သွားကြ၏။-
    • 67  သူတို့က သင်သည် ခရစ်တော်ဖြစ်လျှင် ငါတို့အား ပြောပါလော့ဟုဆိုကြ၏။ သို့သော် ကိုယ်တော်က ငါပြောလျှင် သင်တို့ ယုံကြည်ကြလိမ့်မည်မဟုတ်။-
    • 68  သင်တို့ကို ငါမေးလျှင်လည်း သင်တို့ ပြန်ဖြေကြလိမ့်မည်မဟုတ်။-
    • 69  သို့သော် ယခုအချိန်မှစ၍ လူသားသည် ဘုရားသခင်၏ ဘုန်းတန်ခိုးတော်လက်ယာဘက်၌ ထိုင်တော်မူလိမ့်မည်ဟု မိန့်တော်မူ၏။-
    • 70  ထိုသူအားလုံးတို့က ထိုသို့ဖြစ်လျှင် သင်သည် ဘုရားသခင်၏ သားတော်ဖြစ်သလောဟု မေးကြသော် ကိုယ်တော်က သင်တို့ဆိုသည့်အတိုင်း ငါဖြစ်သည်ဟု မိန့်တော်မူ၏။-
    • 71  ထိုအခါ သူတို့က ငါတို့၌ မည်သည့်သက်သေများ လိုပါသေးသနည်း။ သူ၏နှုတ်မှ ထွက်သောစကားကို ငါတို့ ကိုယ်တိုင်ကြားရပြီဟု ဆိုကြ၏။
  • King James Version (kjv)
    • Active Persistent Session:

      To use a different persistent session key, simply add it above, and click the button below.

      How This All Works

      Your persistent session key, together with your favourite verse, authenticates you. It links to all your notes and tags in the Bible. You can share it with loved ones so they can see your notes and tags.

      However, to modify your notes and tags, you need both the persistent session key and your favourite verse.

      Please Keep Your Favourite Verse Private

      Your persistent session key and favourite verse provide you exclusive access to edit your notes and tags. Think of your persistent session key as a username and your favourite verse as a password. Therefore, ensure your favourite verse is kept private.

      The persistent session key allows viewing, while editing is only possible when the correct favourite verse is provided.

    • Loading...

Favourite Verse

You should select one of your favourite verses.

This verse in combination with your session key will be used to authenticate you in the future.

This is currently the active session key.

Should you have another session key from a previous session.
You can add it here to load your previous session.

Luke 22:

Sharing the Word of God with the world.
  • Share Text
    ...
  • Share Link