We have 3780 guests and 0 members online
  • WORD Research this...
    Luke 13
    • 1  ထိုအချိန်တွင် အထံတော်၌ ရှိနေကြသော သူအချို့က ပီလာတုမင်းသည် ဂါလေလေးယနယ်သားအချို့၏ သွေးကို ၎င်းတို့၏ ပူဇော်သကာများနှင့် ရောနှောစေခဲ့ကြောင်းကို ကိုယ်တော်အား လျှောက်ထားကြ၏။-
    • 2  ကိုယ်တော်ကလည်း ဤဂါလေလေးယနယ်သားတို့သည် ဤသို့ခံရခြင်းကြောင့် အခြားသောဂါလေလေး ယနယ်သားတို့ထက် ပို၍အပြစ်ကြီးသူများ ဖြစ်ကြသည်ဟု သင်တို့ထင်မှတ်ကြသလော။-
    • 3  ဤကဲ့သို့မဟုတ်ဟု သင်တို့အား ငါဆို၏။ သို့သော် သင်တို့သည် နောင်တမရကြလျှင် သင်တို့အားလုံးသည်လည်း ထိုနည်းတူပျက်စီး ကြလိမ့်မည်။-
    • 4  ထို့အတူ စီလွမ်ရဲတိုက်ပြိုကျ၍ သေဆုံးကြသောသူ တစ်ဆယ့်ရှစ်ယောက်တို့သည် ဂျေရုဆလင်မြို့တွင်နေထိုင်ကြသော အခြားသူများထက် အပြစ်ကြီးသည်ဟု သင်တို့ထင်မှတ်ကြသလော။-
    • 5  ထိုသို့မဟုတ်ဟု သင်တို့အားငါဆို၏။ သို့သော် သင်တို့သည် နောင်တ မရကြလျှင် သင်တို့အားလုံးသည်လည်း ထိုနည်းတူပျက် စီးကြရလိမ့်မည်ဟု သူတို့အား ပြန်ဖြေတော်မူ၏။
    • 6  ကိုယ်တော်သည် ဤပုံဥပမာကိုလည်း သူတို့အား မိန့်တော်မူ၏။ လူတစ်ယောက်သည် မိမိ၏ စပျစ်ဥယျာဉ်ထဲတွင် သဖန်းပင်တစ်ပင်ကို စိုက်ပျိုးထား၏။ ထို့နောက် သူသည် လာ၍ သဖန်းပင်မှအသီးကို ရှာသော်လည်း မတွေ့ ချေ။-
    • 7  ထိုအခါ သူက ငါသည်လာ၍ ဤသဖန်းပင်ပေါ်မှ အသီးကိုရှာသည်မှာ သုံးနှစ်ရှိလေပြီ။ သို့ရာတွင် အသီးတစ်လုံးကိုမျှ မတွေ့ရ။ ၎င်းကို ခုတ်ပစ်လော့။ အဘယ်ကြောင့် ၎င်းကို မြေပေါ်တွင် အကျိုးမဲ့နေရာယူစေမည်နည်းဟု စပျစ်ဥယျာဉ်မှူးအား ဆိုလေ၏။-
    • 8  ထိုသူကလည်း သခင်၊ ယခုနှစ်တွင်လည်း ဤအပင်ကို မည်သို့မျှမပြုပါနှင့်။ အကျွန်ုပ်သည် အပင်ပတ်လည်၌ တူးဆွ၍ မြေဩဇာ ထည့်ပါမည်။-
    • 9  နောင်နှစ်တွင် အသီးသီးကောင်း သီးပါလိမ့်မည်။ ထိုသို့မသီးလျှင်မူ သခင်သည် ၎င်းကို ခုတ်ပစ်နိုင်ပါသည်ဟူ၍ သူ့အား ပြန်ပြောသည်ဟု မိန့်တော်မူ၏။
    • 10  ကိုယ်တော်သည် ဥပုသ်နေ့တွင် တရားဇရပ်တစ်ခု၌ သွန်သင်လျက်ရှိတော်မူ၏။-
    • 11  ထိုနေရာတွင် နတ်ဆိုးပူးခြင်းကြောင့် တစ်ဆယ့်ရှစ်နှစ်ပတ်လုံး မသန်မစွမ်းဖြစ်နေသော အမျိုးသမီးတစ်ယောက်ရှိ၏။ သူမသည် ခါးကုန်းနေသဖြင့် ကိုယ်ကိုကောင်းစွာမမတ်နိုင်ချေ။-
    • 12  ယေဇူးသည်လည်း သူမကို မြင်သောအခါ ခေါ်ပြီးလျှင် အချင်းအမျိုးသမီး၊ သင်သည် ရောဂါဝေဒနာမှကင်းလွတ်ပြီဟု သူမအား မိန့်တော်မူ၏။-
    • 13  ထို့နောက် ကိုယ်တော်သည် သူမအပေါ် မိမိ၏လက်ကိုတင်တော်မူသဖြင့် သူမသည် ချက်ချင်းပင် ခါးပြန်ဆန့်သွားပြီးလျှင် ဘုရားသခင်၏ဂုဏ် တော်ကို ချီးမွမ်းလေ၏။-
    • 14  ယေဇူးသည် ဥပုသ်နေ့၌ အနာရောဂါများကိုပျောက်ကင်းချမ်းသာစေသောကြောင့် တရားဇရပ်မှူးသည် အမျက်ထွက်၍ အလုပ်လုပ်အပ်သောနေ့ ခြောက်ရက်ရှိ၏။ ထိုနေ့ရက်များ၌ လာ၍ အနာရောဂါများကို ကုသပျောက်ကင်းစေကြလော့။ ဥပုသ်နေ့၌ မလာကြနှင့်ဟု လူတို့အား ဆို၏။-
    • 15  ထိုအခါ ကိုယ်တော်က အသင် သူတော်ကောင်းယောင်ဆောင်သောသူတို့၊ သင်တို့အသီးသီးသည် ဥပုသ်နေ့၌ မိမိ၏နွား၊ သို့မဟုတ် မြည်းကို တင်းကုပ်မှလွှတ်၍ ရေတိုက်ရန် ခေါ်ဆောင်သွားတတ်ကြသည် မဟုတ်လော။-
    • 16  အာဘရာဟံ၏သမီးဖြစ် သူ ဤအမျိုးသမီးသည် တစ်ဆယ့်ရှစ်နှစ်ပတ်လုံး နတ်ဆိုး၏ချည်နှောင်ထားခြင်းကို ခံခဲ့ရ သောကြောင့် ဥပုသ်နေ့၌ သူမကို ဤအနှောင်အဖွဲ့မှ မလွှတ်အပ်သလောဟု ထိုသူအား ပြန်ပြောတော်မူ၏။-
    • 17  ဤသို့ ကိုယ်တော်မိန့်တော်မူသဖြင့် ကိုယ်တော့်ကို ဆန့်ကျင်ကြသောသူအားလုံးတို့သည် အရှက်တကွဲဖြစ်ကြလေ၏။ လူအပေါင်းတို့သည်လည်း ကိုယ်တော်ပြုတော်မူသော အံ့ဖွယ်အမှုအလုံးစုံတို့အတွက် ရွှင်လန်းဝမ်းမြောက်ကြ၏။
    • 18  ထို့ကြောင့် ကိုယ်တော်က ဘုရားသခင်၏နိုင်ငံတော်သည် မည်သည့်အရာနှင့်တူသနည်း။ ၎င်းကို မည်သည့်အရာနှင့် ငါနှိုင်းယှဉ်ပြရမည်နည်း။-
    • 19  ၎င်းသည် လူတစ်ဦးက မိမိဥယျာဉ်၌ယူ၍ စိုက်ထားသော မုန်ညင်းစေ့နှင့်တူ၏။ ထိုမုန်ညင်းစေ့သည် အပင်ပေါက်၍ ကြီးလာသောအခါ မိုးကောင်းကင်ငှက်တို့သည် ၎င်း၏အကိုင်းအခက်တို့၌ အသိုက်ပြုလုပ်ကြသည်ဟု မိန့်တော်မူ၏။
    • 20  တစ်ဖန် ကိုယ်တော်က ဘုရားသခင်၏နိုင်ငံတော်ကို မည်သည့်အရာနှင့် ငါနှိုင်းယှဉ်ပြရမည်နည်း။-
    • 21  ၎င်းသည် အမျိုးသမီးတစ်ဦးက ယူ၍ မုန့်ညက်သုံးတင်း၌ထည့်သဖြင့် မုန့်ညက်ရှိသမျှကို ဖောင်းကြွစေသော တဆေးနှင့် တူသည်ဟု မိန့်တော်မူ၏။
    • 22  ကိုယ်တော်သည် ဂျေရုဆလင်မြို့သို့ ခရီးဆက်စဉ်လမ်း၌ မြို့ရွာများကိုဖြတ်သွားလျက် ဟောပြောသွန်သင်တော်မူ၏။-
    • 23  ထိုအချိန်တွင် တစ်စုံတစ်ယောက်က သခင်ဘုရား၊ ကယ်တင်ခြင်းခံရမည့် သူတို့သည် နည်းကြပါသလောဟု မေးလျှောက်လျှင် ကိုယ်တော်က သူတို့အား မိန့်တော်မူသည်ကား၊-
    • 24  ကျဉ်းမြောင်းသော တံခါးမှဝင်ရန် ကြိုးစားကြလော့။ အကြောင်းမူကား သင်တို့အား ငါဆို သည်မှာ များစွာသောလူတို့သည် ဝင်ရန်ကြိုးစားကြသော်လည်း မဝင်နိုင်ကြ။-
    • 25  အိမ်ရှင်သည်ထ၍ တံခါးကို ပိတ်လိုက်ပြီးသောအခါ သင်တို့သည် အပြင်၌ ရပ်ကြလျက် တံခါးကိုခေါက်၍ သခင်၊ အကျွန်ုပ်တို့အား တံခါးဖွင့်ပေးပါဟု တောင်းလျှောက်ကြသော်လည်း သူက သင်တို့မည် သည့်အရပ်ကလာသည်ကို ငါမသိဟု ပြန်ဖြေလိမ့်မည်။-
    • 26  ထိုအခါ သင်တို့က အကျွန်ုပ်တို့သည် ကိုယ်တော်နှင့် အတူစားသောက်ခဲ့ကြပါပြီ။ ကိုယ်တော်သည် အကျွန်ုပ်တို့၏ လမ်းများပေါ်တွင် သွန်သင်ခဲ့ပါသည်ဟု ဆိုကြလိမ့်မည်။-
    • 27  သို့သော် သူက သင်တို့ မည်သည့်အရပ်မှ လာသည်ကို ငါမသိ။ မကောင်းမှုကို ပြုသောသူအပေါင်းတို့၊ ငါ့ထံမှ ထွက်သွားကြလော့ဟုပြောလိမ့်မည်။-
    • 28  ထိုအခါ သင်တို့သည် အာဘရာဟံ၊ အီဇတ်၊ ယာကုပ်မှစ၍ ပရော ဖက်အပေါင်းတို့ကို ဘုရားသခင်၏နိုင်ငံတော်တွင် မြင်ကြ ရပြီး သင်တို့မူကား အပြင်သို့ နှင်ထုတ်ခြင်းခံကြရသဖြင့် ထိုနေရာ၌ ငိုကြွေး၍ အံကြိတ်ကြရလိမ့်မည်။-
    • 29  အရှေ့၊ အနောက်၊ တောင်၊ မြောက်အရပ်ရပ်တို့မှ လူတို့သည်လည်း လာကြ၍ ဘုရားသခင်၏နိုင်ငံတော်၌ စားပွဲတွင် ထိုင်ကြလိမ့်မည်။-
    • 30  ထိုအခါ နောက်ဆုံးသောသူတို့သည် ပထမဦးဆုံးဖြစ်ကြလိမ့်မည်။ ပထမဦးဆုံးသော သူတို့သည်လည်း နောက်ဆုံး ဖြစ်ကြလိမ့်မည်ဟု မိန့်တော်မူ၏။
    • 31  ထိုအချိန်နာရီ၌ ဖာရီဇေးဦးအချို့သည် ချဉ်းကပ်ကြပြီးလျှင် ကိုယ်တော်အား ဤအရပ်မှကြွသွားပါ၊ အဘယ်ကြောင့် ဆိုသော် ဟေရုဒ်သည် ကိုယ်တော့်ကိုသတ်ရန် ကြံစည်နေပါသည်ဟု လျှောက်ကြ၏။-
    • 32  ကိုယ်တော်ကလည်း သင်တို့သွားကြ၍ ထိုမြေခွေးအား ပြောကြလော့။ ငါသည် ယနေ့နှင့် မနက်ဖြန်၌ နတ်ဆိုးများကို နှင်ထုတ်၍ အနာရောဂါများကိုပျောက်ကင်းစေမည်။ တတိယနေ့တွင် ငါ၏လုပ်ငန်းကို အဆုံးသတ်မည်။-
    • 33  သို့သော်လည်း ယနေ့၊ မနက်ဖြန်နှင့် နောက်တစ်နေ့၌ ငါသည် ခရီးဆက်ရမည်။ အကြောင်းမူကား ပရောဖက်သည် ဂျေရုဆလင်မြို့ အပြင်၌ အသေခံရန်မဖြစ်နိုင်။-
    • 34  အိုဂျေရုဆလင်၊ ဂျေရုဆလင်၊ သင်သည် ပရောဖက်များကိုသတ်၍ သင့်ထံသို့ စေလွှတ်သောသူများကိုလည်း ကျောက်ခဲနှင့် ပေါက်သတ်ခဲ့၏။ ကြက်မသည် မိမိ၏ကြက်ငယ်များကို မိမိအတောင်အောက်၌ စုစည်းထားသကဲ့သို့ သင်၏သားသမီးများကို စုစည်းခြင်းငှာ အကြိမ်ကြိမ်ငါအလိုရှိခဲ့သော်လည်း သင်သည် လက်မခံခဲ့ပေ။-
    • 35  ကြည့်လော့၊ သင်၏အိမ်သည် စွန့်ပစ်ခြင်းခံရလိမ့်မည်။ သင့်အား ငါဆိုသည်ကား ထာ၀ရဘုရားသခင်၏ နာမတော်၌ ကြွလာတော်မူသောသူသည် မင်္ဂလာရှိစေသတည်းဟု သင်ဆိုသည့်အချိန်တိုင်အောင် သင်သည် ငါ့ကိုမြင်ရလိမ့်မည်မဟုတ်ဟု မိန့်တော်မူ၏။
  • King James Version (kjv)
    • Active Persistent Session:

      To use a different persistent session key, simply add it above, and click the button below.

      How This All Works

      Your persistent session key, together with your favourite verse, authenticates you. It links to all your notes and tags in the Bible. You can share it with loved ones so they can see your notes and tags.

      However, to modify your notes and tags, you need both the persistent session key and your favourite verse.

      Please Keep Your Favourite Verse Private

      Your persistent session key and favourite verse provide you exclusive access to edit your notes and tags. Think of your persistent session key as a username and your favourite verse as a password. Therefore, ensure your favourite verse is kept private.

      The persistent session key allows viewing, while editing is only possible when the correct favourite verse is provided.

    • Loading...

Favourite Verse

You should select one of your favourite verses.

This verse in combination with your session key will be used to authenticate you in the future.

This is currently the active session key.

Should you have another session key from a previous session.
You can add it here to load your previous session.

Luke 13:

Sharing the Word of God with the world.
  • Share Text
    ...
  • Share Link