We have 3708 guests and 0 members online
×

Warning

We're sorry, the translation you selected does not include the book you were in previously. However, we have located Genesis which might be of interest to you.
  • WORD Research this...
    Luke 10
    • 1  ထို့နောက် ကိုယ်တော်သည် အခြားသောတပည့်တော် အပါးခုနစ်ဆယ်တို့ကို ရွေးကောက်ပြီးလျှင် ကိုယ်တော်တိုင် ကြွရောက်မည့် မြို့ရွာအသီးသီးသို့ နှစ်ပါးစီကြိုတင် စေလွှတ်တော်မူ၏။-
    • 2  ထိုအခါ ကိုယ်တော်က သူတို့အား မိန့်တော်မူသည်မှာ ရိတ်သိမ်းစရာအသီးအနှံ များစွာရှိ၏။ လုပ်ဆောင်သော သူတို့မူကား နည်းကြ၏။ ထို့ကြောင့် မိမိ၏လယ်ကွင်းထဲသို့ လုပ်သားများကို စေလွှတ်မည့်အကြောင်း လယ်ပိုင်ရှင်ကို တောင်းလျှောက် ကြလော့။-
    • 3  သွားကြလော့။ ဝံပုလွေတို့အလယ်၌ သိုးငယ်များကဲ့သို့ သင်တို့ကို ငါစေလွှတ်၏။-
    • 4  ပိုက်ဆံအိတ်ကို လည်းကောင်း၊ လွယ်အိတ်ကိုလည်းကောင်း၊ ဖိနပ်ကိုလည်းကောင်း သင်တို့ယူဆောင်မသွားကြနှင့်။ လမ်း၌ လည်း မည်သူ့ကိုမျှ နှုတ်မဆက်ကြနှင့်။-
    • 5  မည်သည့်အိမ်သို့မဆို သင်တို့ဝင်ကြသောအခါ ဤအိမ်၌ ငြိမ်းချမ်းသာယာခြင်းရှိပါစေဟု ဦးစွာနှုတ်ဆက်ကြလော့။-
    • 6  ငြိမ်းချမ်းသာယာခြင်းကို လိုလားသောသူသည် ထိုနေရာ၌ရှိလျှင် သင်တို့၏ငြိမ်းချမ်းသာယာခြင်းသည် သူ့အပေါ်သို့ သက် ရောက်လိမ့်မည်။ သို့မဟုတ်လျှင် ၎င်းသည် သင်တို့ထံသို့ ပြန်လာလိမ့်မည်။-
    • 7  သင်တို့သည် ထိုအိမ်တွင်နေပြီးလျှင် သူတို့တည်ခင်းကျွေးမွေးသမျှကို စားသောက်ကြလော့။ အကြောင်းမူကား အလုပ်လုပ်သော သူသည် မိမိ၏လုပ်အားခကို ရထိုက်၏။ တစ်အိမ်မှတစ်အိမ်သို့ မရွှေ့ပြောင်းကြနှင့်။-
    • 8  မည်သည့်မြို့သို့မဆို သင်တို့ဝင်ကြ၍ လူတို့သည် သင်တို့ကိုလက်ခံကြလျှင် သင်တို့ရှေ့တွင် တည်ခင်းကျွေးမွေးသမျှကို သင်တို့စားကြလော့။-
    • 9  ထိုအရပ်၌ရှိသော လူနာများကို ရောဂါပျောက်ကင်းစေကြ၍ ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့နှင့်နီးလာပြီဟု သူတို့ အား ဆိုကြလော့။-
    • 10  သို့ရာတွင် မည်သည့်မြို့သို့မဆို သင်တို့ဝင်ကြ၍ လူတို့သည် သင်တို့ကို လက်မခံကြလျှင် လမ်းများပေါ်သို့ထွက်ပြီး ဆိုရမည်မှာ၊-
    • 11  သင်တို့ကို ဆန့်ကျင်သည့်အနေဖြင့် ငါတို့၏ခြေတွင်ကပ်ပါလာသော သင်တို့မြို့မှမြေမှုန့်ကို ငါတို့ခါချလေပြီ၊ သို့သော် ဘုရား သခင်၏ နိုင်ငံတော်သည် နီးလာပြီကို သိမှတ်ကြလော့ ဟူ၍ဖြစ်၏။-
    • 12  သင်တို့အား ငါဆိုသည်မှာ တရားစီရင်သောနေ့၌ ဆောဒိုမာမြို့သည် ထိုမြို့ထက်ပို၍ ခံသာလိမ့်မည်။
    • 13  အို ခိုရာဇင်မြို့၊ သင်သည် အမင်္ဂလာရှိ၏။ အိုဘက်ဇိုင်းဒါမြို့၊ သင်သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား သင်တို့တွင် ပြုခဲ့သောတန်ခိုးလက္ခဏာများကို တီရာနှင့်စီဒွန်မြို့တို့၌ ပြုခဲ့ပါမူ ထိုမြို့တို့သည် ကာလကြာမြင့်စွာကပင် လျှော်တေအဝတ်ကို ဝတ်၍ ပြာထဲ၌ထိုင်လျက် နောင် တရခဲ့ကြပေလိမ့်မည်။-
    • 14  သို့ရာတွင် တရားစီရင်တော်မူသောနေ့၌ တီရာမြို့နှင့် စီဒွန်မြို့တို့သည် သင်တို့ထက် ပို၍ခံသာကြလိမ့်မည်။-
    • 15  အသင် ကာဖာနာအုမ်မြို့၊ သင်သည်လည်း ကောင်းကင်သို့တိုင်အောင် မြှောက်စားခြင်း ခံရမည်လော။ သင်သည် မရဏနိုင်ငံတိုင်အောင် နှိမ့်ချခြင်းကို ခံရလိမ့်မည်။
    • 16  သင်တို့၏စကားကို နားထောင်သောသူသည် ငါ့စကားကိုနားထောင်၏။ သင်တို့ကို ငြင်းပယ်သောသူသည် ငါ့ကို ငြင်းပယ်၏။ ငါ့ကိုငြင်းပယ်သောသူသည် ငါ့ကိုစေလွှတ်တော်မူသော အရှင်ကို ငြင်းပယ်သည်ဟု မိန့်တော်မူ၏။
    • 17  တပည့်တော်အပါး ခုနစ်ဆယ်တို့သည် ဝမ်းမြောက် ဝမ်းသာပြန်လာကြ၍ သခင်ဘုရား၊ ကိုယ်တော်၏ နာမတော်ကြောင့် နတ်ဆိုးတို့ပင်လျှင် တပည့်တော်တို့ကို နာခံကြပါသည်ဟု လျှောက်ကြ၏။-
    • 18  ထိုအခါ ကိုယ်တော်က စာတန်သည် လျှပ်ပြက်သကဲ့သို့ ကောင်းကင်မှကျလာသည်ကို ငါမြင်ခဲ့ပြီ။-
    • 19  ကြည့်လော့၊ မြွေဆိုးများ၊ ကင်းမြီးကောက်များနှင့် ရန်သူ၏အစွမ်း ရှိသမျှတို့ကို နင်းခြေနိုင်သည့် အခွင့်အာဏာကို သင်တို့အား ငါပေးအပ်ထားသောကြောင့် မည်သည့်အရာကမျှ သင်တို့ကို ထိခိုက်စေလိမ့်မည်မဟုတ်။-
    • 20  သို့သော် နတ်ဆိုးတို့သည် သင်တို့ကို နာခံသဖြင့် ဝမ်းမြောက်ဝမ်းသာမဖြစ်ကြလေနှင့်။ သင်တို့၏ အမည်နာမများကို ကောင်းကင်၌ ရေးမှတ်ထားလျက်ရှိသောကြောင့်သာ ဝမ်းမြောက်ကြလော့ဟု မိန့်တော်မူ၏။
    • 21  ထိုအချိန်နာရီ၌ပင် ကိုယ်တော်သည် ဝိညာဉ်တော်မြတ်၌ ဝမ်းမြောက်တော်မူသဖြင့် မြွက်ဆိုသည်ကား မိုးနှင့် မြေကို အစိုးရတော်မူသောအဖ၊ ကိုယ်တော်သည် ပညာသတိနှင့်ပြည့်စုံသောသူတို့အား ဤအရာများကို ထိမ်ဝှက်ထားတော်မူလျက် ငယ်ရွယ်သူတို့အား ဖော်ပြတော်မူသည်ဖြစ်၍ ကိုယ်တော်ကို ကျေးဇူးတင်ချီးမွမ်းပါ၏။ မှန်ပါ၏အဖ၊ ဤသည်ကား ကိုယ်တော်၏ ကောင်းမြတ်သောအလိုတော်ဖြစ်ပါ၏။-
    • 22  ငါ၏ခမည်းတော်သည် ခပ်သိမ်းသောအရာတို့ကို ငါ့အား အပ်နှင်းတော်မူပြီ။ ခမည်းတော်မှတစ်ပါး မည်သူမျှ သားတော်ကိုမသိ။ သားတော်နှင့် သားတော်က ဖော်ပြရန် ရွေးချယ်ထားသူတို့ မှတစ်ပါး မည်သူမျ ှခမည်းတော်ကို မသိကြဟု မိန့်တော်မူ၏။
    • 23  ထို့နောက် ကိုယ်တော်သည် တပည့်တော်တို့ဘက်သို့လှည့်၍ သင်တို့ မြင်တွေ့ရသော အရာများကို မြင်ရသော မျက်စိတို့သည် မင်္ဂလာရှိကြ၏။-
    • 24  အကြောင်းမူကား သင်တို့အား ငါဆိုသည်မှာ များစွာသေ ာပရောဖက်တို့နှင့် ဘုရင်တို့သည် သင်တို့မြင်ရသောအရာများကို မြင်လိုခဲ့ကြသော်လည်း မမြင်ခဲ့ကြရ။ သင်တို့ကြားသော အရာများကို ကြားလိုခဲ့ကြသော်လည်း မကြားခဲ့ကြရဟု သူတို့အား သီးခြားမိန့်တော်မူ၏။
    • 25  ထိုအခါ ကျမ်းတတ်ဆရာတစ်ဦးသည် ကိုယ်တော့်ကို စုံစမ်းလိုသဖြင့် ထ၍ ဆရာသခင်၊ ထာ၀ရအသက်ကို ပိုင်ဆိုင်ရန် မည်သည့်အရာကို အကျွန်ုပ်ပြုရပါမည်နည်း ဟုမေးလျှောက်လေ၏။-
    • 26  ကိုယ်တော်ကလည်း ပညတ်တရားကျမ်း၌ မည်ကဲ့သို့ရေးသားထားသနည်း၊ သင်မည်သို့ ဖတ်ရသနည်းဟု သူ့အား မေးတော်မူ၏။-
    • 27  သူကလည်း သင်၏အရှင်၊ ထာ၀ရဘုရားသခင်ကို သင်၏ စိတ်နှလုံးအကြွင်းမဲ့၊ စိတ်အားရှိသမျှ၊ ဉာဏ်အစွမ်း ရှိသမျှ ချစ် လော့။ သင်နှင့်နီးစပ်သောသူကိုလည်း သင့်ကိုယ်ကို သင်ချစ်သကဲ့သို့ ချစ်လော့ဟု ရေးထားကြောင်း ဖြေကြားလေ၏။-
    • 28  ထိုအခါ ကိုယ်တော်က သင်သည် မှန်ကန်စွာ ဖြေကြားလေပြီ။ ဤကဲ့သို့ပြုလျှင် သင်သည် အသက်ရှင်ရလိမ့်မည်ဟု မိန့်တော်မူ၏။
    • 29  သို့သော် ထိုသူသည် မိမိကိုယ်မိမိ ဖြောင့်မတ်သူဖြစ်ကြောင်း ဖော်ပြလိုသဖြင့် အကျွန်ုပ်နှင့် နီးစပ်သောသူကား မည်သူနည်းဟု ယေဇူးအား မေးလေ၏။-
    • 30  ထိုအခါ ယေဇူးက ပြန်ဖြေတော်မူသည်မှာ လူတစ်ဦးသည် ဂျေရုဆလင်မြို့မှ ဂျေရီခိုမြို့သို့သွားစဉ် လမ်းခရီး၌ ဓါးပြများ၏ လက်တွင်းသို့ ကျရောက်ခဲ့၏။ ထိုသူတို့သည်လည်း သူ၏အဝတ်များကိုချွတ်ယူ၍ သူ့ကိုရိုက်နှက်ကြပြီး သေလုမြောပါး အခြေအနေ၌ ထားခဲ့လျက် ထွက်သွားကြ၏။-
    • 31  ထိုအချိန်၌ ရဟန်းတစ်ပါးသည် ထိုလမ်းအတိုင်းဆင်းလာ၍ သူ့ကိုမြင်သောအခါ လမ်း၏အခြားတစ်ဖက်မှ ရှောင်၍ သွားလေ၏။-
    • 32  ထိုနည်းတူပင် လေဝိအမျိုးအနွယ်ဝင်တစ်ဦးသည်လည်း ထိုနေရာသို့ ရောက်လာလျှင် သူ့ကိုမြင်သည်နှင့် လမ်း၏ အခြားတစ်ဖက်မှ ရှောင်သွားလေ၏။-
    • 33  သို့သော် ဆမာရိယလူမျိုးတစ်ဦးသည် ခရီးထွက်လာစဉ် ထိုသူရှိသောနေရာသို့ရောက်လာပြီး သူ့ကိုမြင်သောအခါ ကရုဏာသက်သဖြင့်၊-
    • 34  သူ့ထံသို့ချဉ်းကပ်၍ ဒဏ်ရာများပေါ်သို့ဆီနှင့် စပျစ်ရည်လောင်းပြီးမှ အဝတ်ဖြင့် စည်းထားပေးလေ၏။ ထို့နောက် သူသည် ထိုသူ့ကို မိမိ၏မြည်းပေါ်တွင်တင်လျက် တည်းခိုခန်းသို့ ခေါ်ဆောင်သွားကာ ပြုစုလေ၏။-
    • 35  နောက်တစ်နေ့၌ သူသည် ဒေနာရီနှစ်ပြားကိုထုတ်၍ တည်းခိုခန်းပိုင်ရှင်အား ပေးလျက် သူ့ကို ပြုစုစောင့်ရှောက်ပါလော့။ နောက်ထပ်ကုန်ကျသမျှကို အကျွန်ုပ်ပြန်လာသောအခါ ပေးပါမည်ဟု မှာထားခဲ့၏။-
    • 36  ဤသုံးဦးတွင် မည်သူသည် ဓားပြတို့၏လက်တွင်းကျ ရောက်သောသူနှင့် နီးစပ်သောသူဖြစ်သည်ဟု သင်ထင်သနည်းဟူ၍ မေးလေ၏။-
    • 37  ကျမ်းတတ်ဆရာကလည်း လူနာအပေါ် သနားကရုဏာစိတ် ပြသောသူဖြစ်ပါ၏ဟု လျှောက်လေ၏။ ထိုအခါ ယေဇူးက သွား၍ ထိုနည်းတူပြုလော့ဟု သူ့ အား မိန့်တော်မူ၏။
    • 38  သူတို့သည် ခရီးဆက်ကြစဉ် ကိုယ်တော်သည် ရွာတစ်ရွာသို့ဝင်သဖြင့် မာဿအမည်ရှိသော အမျိုးသမီးတစ်ဦးသည် ကိုယ်တော့်ကို မိမိ၏အိမ်၌ လက်ခံကြိုဆိုလေ၏။-
    • 39  မာဿတွင် မာရိယာအမည်ရှိသော ညီမတစ်ဦးရှိ၍ သူမသည် သခင်ဘုရား၏ ခြေတော်ရင်း၌ ထိုင်လျက် ကိုယ်တော်၏ သွန်သင်ချက်များကို နားထောင်နေလေ၏။-
    • 40  မာဿမူကား ဧည့်ခံခြင်းအမှု၌ အလုပ်များလျက်ရှိသဖြင့် ကိုယ်တော်၏အထံတော်သို့ချဉ်းကပ်၍ သခင်ဘုရား၊ ကျွန်မ၏ ညီမဖြစ်သူသည် ကျွန်မတစ်ဦးတည်း ဧည့်ခံခြင်းအမှုဆောင်ရွက်ရန် ပစ်ထားသည်ကို သတိမမူပါသလော။ သို့ဖြစ်၍ ကျွန်မကို ကူညီစေရန် သူမအား အမိန့်ရှိတော်မူပါဟု လျှောက်လေ၏။-
    • 41  သို့သော် သခင်ဘုရားက မာဿ၊ မာဿ၊ သင်သည် များစွာသော အမှုကိစ္စတို့အတွက် စိုးရိမ်ပူပန်ခြင်းရှိ၏။-
    • 42  လိုအပ်သောအရာ တစ်ခုတည်းသာရှိ၏။ မာရိယာသည် ထိုကောင်းမြတ် သောအရာကို ရွေးချယ်လေပြီ။ ထိုအရာကို သူမထံမှ ဖယ်ရှား၍ရလိမ့်မည်မဟုတ်ဟု မိန့်တော်မူ၏။
  • King James Version (kjv)
    • Active Persistent Session:

      To use a different persistent session key, simply add it above, and click the button below.

      How This All Works

      Your persistent session key, together with your favourite verse, authenticates you. It links to all your notes and tags in the Bible. You can share it with loved ones so they can see your notes and tags.

      However, to modify your notes and tags, you need both the persistent session key and your favourite verse.

      Please Keep Your Favourite Verse Private

      Your persistent session key and favourite verse provide you exclusive access to edit your notes and tags. Think of your persistent session key as a username and your favourite verse as a password. Therefore, ensure your favourite verse is kept private.

      The persistent session key allows viewing, while editing is only possible when the correct favourite verse is provided.

    • Loading...

Favourite Verse

You should select one of your favourite verses.

This verse in combination with your session key will be used to authenticate you in the future.

This is currently the active session key.

Should you have another session key from a previous session.
You can add it here to load your previous session.

Luke 10:

Sharing the Word of God with the world.
  • Share Text
    ...
  • Share Link