We have 3887 guests and 0 members online
  • WORD Research this...
    Luke 18
    • 1  ထို့နောက် စိတ်အားမလျှော့ဘဲလျက် အစဉ်ဆုတောင်းရမည့်အကြောင်း ကိုယ်တော်သည် ပုံဥပမာဆောင်၍ သူတို့အား မိန့်တော်မူ၏။-
    • 2  ကိုယ်တော်က သူတို့အား ဆိုသည်ကား မြို့တစ်မြို့၌ ဘုရားသခင်ကိုလည်း မကြောက်၊ လူ့မျက်နှာကိုလည်း မထောက်ထား သောတရားသူကြီးတစ်ယောက်ရှိ၏။-
    • 3  ထိုမြို့၌ မုဆိုးမတစ်ယောက်ရှိ၍ သူမသည် တရားသူကြီးထံသို့ အကြိမ်ကြိမ်လာပြီးလျှင် ကျွန်မ၏ တရားပြိုင်ဘက်နှင့် ပတ်သက်၍ ကျွန်မအတွက် မျှတစွာတရားစီရင်ပါဟု တောင်းဆိုလေ၏။-
    • 4  တရားသူကြီးသည် သူမ၏တောင်းဆိုချက်ကို ကြာမြင့်စွာ ငြင်းဆန်နေခဲ့၏။ နောက်ဆုံးတွင် သူက မိမိကိုယ်မိမိ ပြောသည်မှာ ငါသည် ဘုရားကို မကြောက်၊ လူ၏မျက်နှာကို မထောက်ထားသော်လည်း၊-
    • 5  ဤမုဆိုးမသည် ငါ့ကို စိတ်အနှောင့်အယှက်ဖြစ်စေသောကြောင့် သူမ၏ရပိုင်ခွင့်ကို ငါစီရင်ပေးမည်။ ထိုသို့မဟုတ်လျှင် သူမ သည် ငါ့ထံသို့ အဆက်မပြတ်လာ၍ ငါ့ကို ပင်ပန်းစေလိမ့် မည်ဟုဆိုလေ၏။
    • 6  ကိုယ်တော်က မတရားသောတရားသူကြီးမည်သို့ ပြောဆိုသည်ကို ကြားနာမှတ်သားကြလော့။-
    • 7  ဘုရားသခင်သည်လည်း မိမိရွေးကောက်တော်မူသောသူတို့က နေ့ညမပြတ် မိမိထံဟစ်အော်တောင်းလျှောက်ကြလျှင် သူတို့ဘက်မှ တရားမျှတစွာမပြုမူဘဲနေမည်လော။ ကိုယ်တော်သည် သူတို့ကိုကူညီမစရန် နှောင့်နှေးတော်မူမည်လော။-
    • 8  သင်တို့အား ငါဆိုသည်ကား ဘုရားသခင် သည် သူတို့အတွက် အလျင်အမြန်ပင် တရားမျှတစွာပြု တော်မူလိမ့်မည်။ သို့သော် လူသားကြွလာတော်မူသောအခါ သူသည် ကမ္ဘာမြေပေါ်တွင် ယုံကြည်ခြင်းကို တွေ့ရ ပါမည်လောဟု မိန့်တော်မူ၏။
    • 9  မိမိကိုယ်ကို ဖြောင့်မတ်သောသူဟုခံယူလျက် သူတစ်ပါးတို့ကို ပြစ်တင်ကဲ့ရဲ့တတ်သူအချို့တို့အား ကိုယ်တော်သည် ဤပုံဥပမာကို မိန့်တော်မူ၏။-
    • 10  လူနှစ်ယောက်သည် ဆုတောင်းပတ္ထနာပြုရန် ဗိမာန်တော်သို့သွားကြ၏။ တစ်ယောက်သည် ဖာရီဇေးဦးဖြစ်၍ အခြားတစ်ယောက်သည် အခွန်ခံသူဖြစ်၏။-
    • 11  ဖာရီဇေးဦးသည် မတ်တတ်ရပ်လျက် မိမိစိတ်ထဲ၌ ဤသို့ဆုတောင်းလေ၏။ အိုဘုရားသခင်၊ အကျွန်ုပ်သည် အခြားသူများကဲ့သို့ လုယက်သောသူ၊ မတရားသောသူ၊ သူတစ်ပါး၏မယားကိုပြစ်မှားသော သူမဟုတ်သည့်အပြင် ဤအခွန်ခံသူ ကဲ့သို့လည်းမဟုတ်သောကြောင့် ကိုယ်တော်၏ကျေးဇူးတော်ကို ချီးမွမ်းပါ၏။-
    • 12  အကျွန်ုပ်သည် တစ်ပတ်တွင်နှစ်ကြိမ် အစာရှောင်ပါ၏။ အကျွန်ုပ်ရရှိသမျှဥစ္စာပစ္စည်းတို့မှ ဆယ်ဖို့တစ်ဖို့ကို လှူဒါန်းပါ၏ဟူ၍ ဆုတောင်းလေ၏။-
    • 13  အခွန်ခံသူမူကား အဝေး၌ရပ်နေလျက် ကောင်းကင်သို့ပင် မော်မကြည့်ဝံ့ဘဲ မိမိ၏ရင်ဘတ်ကိုပုတ်ကာ အိုဘုရားသခင်၊ အပြစ်ရှိသူ အကျွန်ုပ်ကိုသနားတော်မူပါဟု ဆုတောင်းလေ၏။-
    • 14  သင်တို့အား ငါဆိုသည်ကား ဤသူသည် အခြားသူတစ်ယောက်ထက် ဖြောင့်မတ်သန့်ရှင်းခွင့်ကို ပို၍ခံရလျက် အိမ်သို့ပြန်သွားရ၏။ မိမိကိုယ်ကို ချီးမြှောက်သောသူသည် နှိမ့်ချခြင်းခံရလိမ့်မည်။ မိမိကိုယ်ကို နှိမ့်ချသောသူမူကား ချီးမြှောက်ခြင်းခံရလိမ့်မည်ဟု မိန့်တော်မူ၏။
    • 15  ကိုယ်တော်၏လက်တော်ဖြင့် တို့ထိစေခြင်းငှာ လူတို့သည် ကလေးသူငယ်များအား အထံတော်သို့ ခေါ် ဆောင်ခဲ့ကြသည်ကို တပည့်တော်တို့မြင်လျှင် သူတို့ကို ပြစ်တင်ကြိမ်းမောင်းကြ၏။-
    • 16  သို့ရာတွင် ယေဇူးသည် ကလေးသူငယ်တို့ကို မိမိအထံတော်သို့ခေါ်၍ မိန့်တော်မူသည်မှာ ကလေးသူငယ်များ ငါ့ထံသို့ လာကြပါစေ။ သူတို့ကို မတားဆီးကြနှင့်။ အကြောင်းမူကား ဘုရားသခင် ၏နိုင်ငံတော်သည် ဤကဲ့သို့သောသူတို့၏နိုင်ငံဖြစ်၏။-
    • 17  သင်တို့အား ငါအမှန်ဆိုသည်ကား ဘုရားသခင်၏ နိုင်ငံတော်ကို ကလေးသူငယ်တစ်ယောက်ကဲ့သို့ မခံယူသောသူသည် နိုင်ငံတော်သို့ ဝင်ရလိမ့်မည် မဟုတ်ဟု မိန့်တော်မူ၏။
    • 18  အရာရှိတစ်ဦးက ကောင်းမြတ်သောဆရာသခင်၊ ထာ၀ရအသက်ကိုရရန် အကျွန်ုပ်သည် မည်သည့်အရာကို ပြုရမည် နည်းဟု မေးလျှောက်လေ၏။-
    • 19  ယေဇူးကလည်း အဘယ်ကြောင့် ငါ့ကို ကောင်းမြတ်သောသူဟု ခေါ်သနည်း။ ဘုရားသခင်မှတစ်ပါး မည်သူမျှကောင်း မြတ်သည်မဟုတ်။-
    • 20  သင်သည် ပညတ်တော်များကိုသိ၏။ သူ့မယားကို မပြစ်မှားနှင့်။ သူ့အသက်ကို မသတ်နှင့်။ သူတစ်ပါး၏ ဥစ္စာပစ္စည်းကို မခိုးနှင့်။ မဟုတ်မမှန် သက်သေခံခြင်းကို မပြုနှင့်။ သင်၏မိဘများကိုရိုသေလော့ဟု မိန့်တော်မူ၏။-
    • 21  ထိုသူကလည်း အကျွန်ုပ်သည် ငယ်စဉ် အရွယ်မှစ၍ ဤပညတ်တော်များကို လိုက်နာစောင့်ထိန်း ခဲ့ပါပြီဟု လျှောက်လေ၏။-
    • 22  ထိုစကားကို ယေဇူးကြားတော်မူလျှင် သင်ကျင့်ကြံရန် တစ်ခုလိုအပ်နေသေး၏။ သင်၌ရှိသမျှသော ဥစ္စာပစ္စည်းများကို ရောင်းချ၍ ဆင်းရဲသားတို့အား ဝေငှပေးကမ်းလော့။ ဤသို့ပြုလျှင် သင်သည် ကောင်းကင်၌ ဘဏ္ဍာကို ပိုင်ဆိုင်ရလိမ့်မည်။ ထို့ နောက် လာ၍ ငါ့နောက်သို့လိုက်လော့ဟု သူ့အား မိန့်တော်မူ၏။-
    • 23  သို့သော် ထိုသူသည် ဤစကားကိုကြားရလျှင် ဝမ်းနည်းလေ၏။ အကြောင်းမူကား သူသည် လွန်စွာ ကြွယ်၀ချမ်းသာသောသူ ဖြစ်သောကြောင့်တည်း။-
    • 24  ယေဇူးသည် ထိုသူ့ကိုကြည့်လျက် ဥစ္စာကြွယ်၀သော သူတို့သည် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရန် ခဲယဉ်းလှပေသည် တကား။-
    • 25  အကြောင်းမူကား ဥစ္စာကြွယ်၀သောသူ သည် ကောင်းကင်နိုင်ငံတော်သို့ ဝင်ခြင်းထက် ကုလားအုတ်သည် အပ်နှဖားအတွင်း လျှိုဝင်ရသည်က ပို၍လွယ်လိမ့်မည်ဟု မိန့်တော်မူ၏။-
    • 26  ဤအကြောင်းကို ကြားရသူတို့ကလည်း ဤသို့ဆိုလျှင် မည်သူသည် ကယ်တင်ခြင်းကို ရနိုင်ပါမည်နည်းဟု ဆိုကြ၏။-
    • 27  သို့သော် ကိုယ်တော် က လူတို့မတတ်နိုင်သောအရာကို ဘုရားသခင်တတ်နိုင် တော်မူသည်ဟု မိန့်တော်မူလေ၏။
    • 28  ထိုအခါ ပေတရုက တပည့်တော်တို့သည် မိမိတို့၏ အိုးအိမ်တို့ကို စွန့်ခွာ၍ ကိုယ်တော်၏နောက်တော်သို့ လိုက်ခဲ့ကြပါပြီဟု လျှောက်လေသော်၊-
    • 29  ကိုယ်တော်က သင်တို့အား ငါအမှန်ဆိုသည်ကား ဘုရားသခင်၏ နိုင်ငံတော်အတွက် မိမိ၏အိမ်၊ ဇနီး၊ ညီအစ်ကို၊ မိဘ၊ သားသမီးတို့ကို စွန့်လွှတ်သောသူသည်၊-
    • 30  ယခုကာလ၌ အဆများစွာသော အကျိုးကိုလည်းကောင်း၊ နောင်ကာလ၌လည်း ထာ၀ရအသက်ကိုလည်းကောင်း မခံစားရဘဲမနေရဟု သူတို့အား မိန့်တော်မူ၏။
    • 31  ထို့နောက် ကိုယ်တော်သည် တစ်ဆယ့်နှစ်ပါးသော တပည့်တော်တို့ကိုခေါ်တော်မူ၍ ယခုငါတို့သည် ဂျေရုဆလင်မြို့သို့ ခရီးပြုနေကြ၏။ လူသား၏အကြောင်းနှင့် ပတ်သက်၍ ပရောဖက်များရေးထားခဲ့သမျှသည် ပြည့်စုံခြင်းသို့ ရောက်လိမ့်မည်။-
    • 32  အကြောင်းမူကား သူသည် လူမျိုးခြားတို့လက်သို့ အပ်နှံခံရ၍ ပြက်ရယ်ပြုခြင်း၊ စော်ကားညှဉ်းဆဲခြင်း၊ တံတွေးနှင့် ထွေးခြင်းတို့ကိုလည်း ခံရလိမ့်မည်။-
    • 33  ထိုသူတို့သည် သူ့ကိုကြိမ်နှင့်ရိုက်ပြီးနောက် အသေသတ်ကြလိမ့်မည်။ သူသည် သုံးရက်မြောက်သောနေ့တွင် ရှင်ပြန် ထမြောက်လိမ့်မည်ဟု မိန့်တော်မူ၏။-
    • 34  သို့ရာတွင် တပည့်တော်တို့သည် ဤအကြောင်းအရာများထဲမှ တစ်ခုကိုမျှနားမလည်ကြ။ ဤအကြောင်းအရာများကို သူတို့ထံမှ ဖုံးကွယ်ထားသောကြောင့် သူတို့သည် ကိုယ်တော်မိန့်တော်မူသော အကြောင်းအရာကို သဘောမပေါက်ကြချေ။
    • 35  ကိုယ်တော်သည် ဂျေရီခိုမြို့အနီးသို့ ရောက်တော်မူသောအခါ မျက်မမြင်တစ်ဦးသည် လမ်းဘေးတွင်ထိုင်၍ တောင်းစားလျက်နေ၏။-
    • 36  ထိုသူသည် လူအစုအဝေးတို့ ဖြတ်သွားကြသော အသံကိုကြားလျှင် ဖြစ်ပျက်နေသည့် အကြောင်းအရာကို မေးမြန်းလေ၏။-
    • 37  သူတို့ကလည်း နာဇရက်မြို့သား ယေဇူးကြွလာသည်ဟု သူ့အား ပြောကြ၏။-
    • 38  ထိုအခါ သူက ဒါဝိဒ်၏သားတော်ယေဇူး၊ အကျွန်ုပ်ကို သနားတော်မူပါဟု အော်ဟစ်လေ၏။-
    • 39  ရှေ့မှသွားနေ ကြသောသူတို့သည်လည်း ထိုသူကို တိတ်ဆိတ်စွာနေရန် ကြိမ်းမောင်းပြောဆိုကြသော်လည်း သူက ဒါဝိဒ်၏ သားတော်ယေဇူး၊ အကျွန်ုပ်ကို သနားတော်မူပါဟု ပို၍ ကျယ်လောင်စွာ အော်ဟစ်လေ၏။-
    • 40  ယေဇူးသည်လည်း ရပ်၍ ထိုသူ့ကို အထံတော်သို့ ခေါ်ဆောင်လာစေရန် အမိန့်ပေးတော်မူ၏။ ထိုသူသည် အနီးသို့ ရောက်လာသောအခါ၊-
    • 41  ကိုယ်တော်က ငါ့အား သင့်အတွက် မည်သည့်အရာကိုပြုစေလိုသနည်းဟု သူ့အားမေးတော်မူလျှင် သူက သခင်၊ အကျွန်ုပ် မျက်စိပြန်မြင်လိုပါသည်ဟု လျှောက်လေ၏။-
    • 42  ထိုအခါ ယေဇူးက သင်၏ မျက်စိအလင်းကို ခံယူလော့။ သင်၏ယုံကြည်ခြင်းသည် သင့်ကို ကယ်တင်လေပြီဟု သူ့အား မိန့်တော်မူ၏။-
    • 43  ထိုအခါ သူသည် ချက်ချင်းမျက်စိပြန်မြင်သဖြင့် ဘုရားသခင်ကို ချီးမွမ်းလျက် နောက်တော်သို့လိုက်လေ၏။ လူအပေါင်း တို့သည်လည်း ဤအဖြစ်အပျက်ကို မြင်ကြသောအခါ ဘုရားသခင်ကို ချီးမွမ်းထောမနာပြုကြ၏။
  • King James Version (kjv)
    • Active Persistent Session:

      To use a different persistent session key, simply add it above, and click the button below.

      How This All Works

      Your persistent session key, together with your favourite verse, authenticates you. It links to all your notes and tags in the Bible. You can share it with loved ones so they can see your notes and tags.

      However, to modify your notes and tags, you need both the persistent session key and your favourite verse.

      Please Keep Your Favourite Verse Private

      Your persistent session key and favourite verse provide you exclusive access to edit your notes and tags. Think of your persistent session key as a username and your favourite verse as a password. Therefore, ensure your favourite verse is kept private.

      The persistent session key allows viewing, while editing is only possible when the correct favourite verse is provided.

    • Loading...

Favourite Verse

You should select one of your favourite verses.

This verse in combination with your session key will be used to authenticate you in the future.

This is currently the active session key.

Should you have another session key from a previous session.
You can add it here to load your previous session.

Luke 18:

Sharing the Word of God with the world.
  • Share Text
    ...
  • Share Link