We have 3825 guests and 0 members online
  • WORD Research this...
    Luke 7
    • 1  ကိုယ်တော်သည် မိမိ၏တရားတော်ကို လူတို့ ကြားနာကြစေရန် ဟောပြောသွန်သင်ပြီးသောအခါ ကာဖာနာအုမ်မြို့သို့ ဝင်တော်မူ၏။-
    • 2  ထိုအခါ ထိုမြို့၌ရှိသော လူတစ်ရာတပ်မှူးတွင် သူအလွန်အားထားရသောအစေခံတစ်ဦးရှိပြီး ထိုသူသည် သေလုနီးပါးဖျား နာလျက်ရှိ၏။-
    • 3  လူတစ်ရာတပ်မှူးသည် ယေဇူးသခင်၏ အကြောင်းကိုကြားသောအခါ ဂျူးလူမျိုးသက်ကြီးဝါကြီးတို့ကို အထံတော်သို့ စေလွှတ်၍ မိမိ၏အစေခံအား လာရောက်ကုသပေးပါမည့်အကြောင်း လျှောက်ထားလေ၏။-
    • 4  ထိုသူတို့သည်လည်း ယေဇူးထံတော်သို့ ရောက်ကြသောအခါ ကိုယ်တော်အား အသနားခံတောင်းလျှောက်ကြသည်မှာ ကိုယ်တော်သည် သူ့အတွက် ဤအရာကို ပြုလုပ်ပေးရန် သူသည် ထိုက်တန်ပါသည်။-
    • 5  အကြောင်းမူကား သူသည် အကျွန်ုပ်တို့၏လူမျိုးကို ချစ်မြတ်နိုး၍ အကျွန်ုပ်တို့အတွက် တရားဇရပ်ကိုဆောက်လုပ်ပေး ထားပါသည်ဟုဆိုကြ၏။-
    • 6  ယေဇူးသည်လည်း ထိုသူတို့နှင့်အတူ လိုက်ပါသွား၍ အိမ်နှင့်မလှမ်းမကမ်းအရပ်သို့ ရောက်တော်မူသောအခါ လူတစ်ရာ တပ်မှူးသည် မိတ်ဆွေတို့ကို အထံတော်သို့စေလွှတ်၍ ကိုယ်တော်အား လျှောက်ထားစေသည်ကား သခင်၊ အပင်ပန်းခံတော်မမူ ပါနှင့်။ အကြောင်းမူကား အကျွန်ုပ်၏အိမ်မိုးအောက်သို့ ကိုယ်တော်ကြွဝင်တော်မူသည်ကို အကျွန်ုပ်မခံထိုက်ပါ။-
    • 7  ထို့ကြောင့် အကျွန်ုပ်သည် ကိုယ်တော့်ထံသို့ ကိုယ်တိုင်လာထိုက်သူဟူ၍ မခံယူပါ။ သို့ရာတွင် တစ်ခွန်းမျှသာ အမိန့်ရှိ တော်မူ၍ အကျွန်ုပ်၏အစေခံကိုရောဂါပျောက် ကင်းစေတော်မူပါ။-
    • 8  အကြောင်းမူကား အကျွန်ုပ်သည်လည်း မင်းအာဏာစက်အောက်၌ရှိသူဖြစ်၍ အကျွန်ုပ်၏လက်အောက်တွင် စစ်သူရဲများ ရှိပါ၏။ တစ်ယောက်ကို သွားလော့ဟု အကျွန်ုပ်ဆိုလျှင် သူသည် သွားပါ၏။ အခြားတစ်ယောက်ကို လာခဲ့ဟု အကျွန်ုပ်ဆိုလျှင် သူသည် လာပါ၏။ အကျွန်ုပ်၏အစေခံကိုလည်း ဤအမှုကို လုပ်လော့ဟုဆိုလျှင် သူသည် ၎င်းကိုလုပ်ပါ၏ဟု လျှောက် ထားလေ၏။-
    • 9  ယေဇူးသည် ထိုစကားကိုကြားရလျှင် သူ့၌အံ့ဩ၍ မိမိ၏နောက်တော်တွင် လိုက်ပါလာကြသော လူအစုအဝေးဘက်သို့ လှည့်ပြီးလျှင် သင်တို့အား ငါဆိုသည်ကား ဤသို့သောယုံကြည်ခြင်းမျိုးကို အစ္စရာအဲလ်လူမျိုး၌ပင် ငါမတွေ့ဖူးသေးဟု မိန့်တော်မူ၏။-
    • 10  စေလွှတ်ခြင်းခံရသော သူတို့သည်လည်း အိမ်သို့ပြန်ရောက်ကြသောအခါ အစေခံဖြစ်သူမှာ ကျန်းမာလျက်ရှိနေသည်ကို တွေ့ ကြလေ၏။
    • 11  ထို့နောက် ကိုယ်တော်သည် နာအိမ်ဟုခေါ်သော မြို့သို့ကြွတော်မူသောအခါ တပည့်တော်တို့နှင့် များစွာသော လူအစုအဝေး တို့သည်လည်း ကိုယ်တော်နှင့်အတူ လိုက်ပါသွားကြ၏။-
    • 12  ကိုယ်တော်သည် မြို့တံခါးအနီးသို့ ချဉ်းကပ်တော်မူစဉ် သေပြီးသောသူတစ်ယောက်ကို ထုတ်ဆောင်လာကြ၏။ သေသောသူသည်ကား မိခင်မုဆိုးမ၏ တစ်ဦးတည်းသောသားဖြစ်၏။ များစွာသောမြို့ သူမြို့သားတို့သည်လည်း သူမနှင့်အတူ လိုက်ပါလာကြ ၏။-
    • 13  ကိုယ်တော်သည်လည်း သူမကိုမြင်လျှင် သူမအပေါ် သနားစိတ်ဖြစ်ပေါ်သဖြင့် မငိုကြွေးလေနှင့်ဟု သူမအား မိန့်တော်မူ၏။-
    • 14  ထို့နောက် ကိုယ်တော်သည် ချဉ်းကပ်လျက် အလောင်းစင်ကိုတို့ထိတော်မူသဖြင့် ထမ်းထားသောသူတို့သည်လည်း ရပ်နေကြလေ၏။ ကိုယ်တော်ကလည်း အချင်းလူငယ်၊ သင့်ကို ငါအမိန့်ပေး၏၊ ထလော့ဟု မိန့်တော်မူလျှင်၊-
    • 15  သေသောသူသည် ထထိုင်၍ စကားပြောလေ၏။ ကိုယ်တော်သည်လည်း သူ့ကို သူ၏မိခင် ထံသို့ပြန်အပ်လိုက်လေ၏။-
    • 16  ရှိသမျှသောလူတို့သည်လည်း ကြောက်ရွံ့တုန်လှုပ်ကြ၍ ဘုရားသခင်ကိုချီးမွမ်းကြလျက် ငါတို့အလယ်တွင် ကြီးမြတ်သော ပရောဖက်တစ်ပါး ပေါ်ထွန်းလေပြီ။ ဘုရားသခင်သည် မိမိ၏လူမျိုးတော်ကို ကြည့်ရှုတော်မူပြီဟုဆိုကြ၏။-
    • 17  ကိုယ်တော်၏ သတင်းတော်သည်လည်း ဂျုဒပြည်တစ်ခုလုံးနှင့် ပတ်ဝန်းကျင်အရပ်ရပ်တို့တွင် ပျံ့နှံ့သွားလေ၏။
    • 18  ယောဟန်၏တပည့်တို့သည်လည်း ဤအကြောင်းအရာအားလုံးကို ယောဟန်အား ပြောကြားကြ၏။-
    • 19  ထိုအခါ ယောဟန်သည် မိမိ၏တပည့်နှစ်ယောက်ကို ခေါ်ပြီးလျှင် ယေဇူးထံတော်သို့စေလွှတ်၍ ကိုယ်တော်သည် ကြွလာတော်မူမည့်သူဖြစ်သလော၊ သို့မဟုတ် အကျွန်ုပ်တို့သည် အခြားသောသူကို စောင့်မျှော်ရမည်လောဟု မေးမြန်းစေ၏။-
    • 20  သူတို့သည်လည်း အထံတော်သို့ ရောက်ကြသောအခါ ယောဟန်ဘတ္တိဇံက အကျွန်ုပ်တို့ကို ကိုယ်တော်ထံသို့စေလွှတ်၍ ဤသို့မေးလျှောက်စေပါသည်။ ကိုယ်တော်သည် ကြွလာတော်မူမည့်သူ ဖြစ်ပါသလော၊ သို့မဟုတ် အကျွန်ုပ်တို့သည် အခြားသော သူကို စောင့်မျှော်ရမည်လောဟု လျှောက်ထားကြ၏။-
    • 21  ထိုအချိန်နာရီ၌ ကိုယ်တော်သည် လူများစွာတို့ကို ရောဂါဝေဒနာများနှင့် နတ်ဆိုးပူးခြင်းတို့မှ ပျောက်ကင်းချမ်းသာ စေတော်မူပြီး မျက်စိမမြင်သူများစွာတို့ကိုလည်း မျက်စိအလင်းပြန်ရစေ ခဲ့ပြီးဖြစ်၏။-
    • 22  ကိုယ်တော်ကလည်း ထိုသူတို့အား သင်တို့ မြင်ရ၊ ကြားရသမျှတို့ကို ယောဟန်ထံသို့သွား၍ ပြောကြားလော့။ မျက်စိ မမြင်သောသူတို့သည် မျက်စိမြင်ကြ ရပြီ။ ခြေမသန်သောသူတို့သည် လျှောက်လှမ်းသွားကြပြီ။ အနာကြီးရောဂါသည်တို့သည် စင်ကြယ်ခြင်းသို့ ရောက်ကြပြီ။ သေသောသူတို့သည် အသက်ပြန်ရှင်ကြ ပြီ။ ဆင်းရဲသားတို့သည်လည်း သတင်းကောင်းကို ကြား နာကြရပြီ။-
    • 23  ငါ့ကြောင့် စိတ်မပျက်သောသူသည် မင်္ဂလာရှိ၏ဟု မိန့်တော်မူ၏။
    • 24  ယောဟန်စေလွှတ်လိုက်သောသူတို့ ထွက်သွားကြသောအခါ ကိုယ်တော်သည် ယောဟန်ကိုအကြောင်းပြု၍ လူအစုအဝေး တို့အား မိန့်တော်မူသည်ကား သင်တို့သည် မည်သည့်အရာကို ကြည့်ရှုအံ့သောငှာ တောအရပ်သို့ ထွက်သွားကြသနည်း။ လေအလာတွင် လှုပ်ခါယိမ်းထိုးနေသော ကျူပင်ကိုလော။-
    • 25  သို့ဖြစ်လျှင် မည်သည့်အရာကိုကြည့်ရှုခြင်းငှာ သင်တို့ထွက်သွားကြသနည်း။ နူးညံ့သောဝတ်ရုံကို ဝတ်ဆင်ထားသော သူကိုလော။ လှပတင့်တယ်စွာဝတ်ဆင်၍ စည်းစိမ်ခံစားကြသော သူတို့သည်ကား ဘုရင့်နန်းတော်များ၌နေတတ်ကြ၏။-
    • 26  သို့ဖြစ်လျှင် မည်သည့်အရာကို ကြည့်ရှုခြင်းငှာ သင်တို့ထွက်သွားကြသနည်း။ ပရောဖက်ကိုလော။ မှန်ပေ၏။ ပရော ဖက်ထက် ကြီးမြတ်သောသူပင်ဖြစ်သည်ဟု သင်တို့အား ငါဆို၏။-
    • 27  ကြည့်လော့။ သင်သွားရန်လမ်းကို ပြင်ဆင်မည့် ငါ၏တမန်ကို သင့်ရှေ့၌ ငါစေလွှတ်သည်ဟု ကျမ်းစာတော်မြတ်တွင် ရေးထားချက်သည် ဤသူကိုဆိုလို ခြင်းဖြစ်၏။-
    • 28  သင်တို့အား ငါဆိုသည်ကား မိန်းမတို့မှ ဖွားမြင်သောသူတို့တွင် ယောဟန်ဘတ္တိဇံထက် ပို၍ကြီးမြတ်သောသူမရှိချေ။ သို့သော် ဘုရားသခင်၏နိုင်ငံတော် အနိမ့်ကျဆုံးသောသူသည်ကား ယောဟန်ထက်ပို၍ ကြီးမြတ်၏။-
    • 29  လူအပေါင်းတို့နှင့် အခွန်ခံသူတို့သည် ယောဟန်ထံမှ ဆေးကြောခြင်းကို ခံယူခဲ့ကြရသောကြောင့် ထိုစကားကို ကြားကြ သောအခါ ဘုရားသခင်၏ တရားမျှတခြင်းကို သိမှတ်ဝန်ခံကြ၏။-
    • 30  ဖာရီဇေးဦးများနှင့် ကျမ်းတတ်ဆရာတို့မူကား ယောဟန်ထံမှဆေးကြော ခြင်းကို မခံယူခဲ့ကြသဖြင့် မိမိတို့အတွက်ဖြစ်သော ဘုရားသခင်၏အစီအမံတော်ကို ငြင်းပယ်ကြလေ၏။
    • 31  ထို့နောက် ကိုယ်တော်က သို့ဖြစ်လျှင် ငါသည် ဤလူမျိုးဆက်ကို မည်သည့်အရာနှင့် ပုံခိုင်းနှိုင်းရမည်နည်း။ သူတို့သည် မည်သည့်အရာနှင့်တူကြသနည်း။-
    • 32  ဤသူတို့သည် ဈေးအလယ်၌ထိုင်နေကြလျက် ငါတို့သည် သီဆိုတီးမှုတ်ပေးကြသော်လည်း သင်တို့သည် မကခုန်ကြ၊ ငါတို့ ညည်းတွားမြည်တမ်းသော်လည်း သင်တို့မငိုကြဟု အချင်းချင်းပြောဆိုနေကြသော ကလေးသူငယ်များနှင့်တူကြ၏။-
    • 33  အကြောင်းမူကား ယောဟန်ဘတ္တိဇံသည် အစားအစာကိုမစား၊ စပျစ်ရည်ကိုလည်း မသောက်ဘဲ လာသောအခါ သင်တို့က သူသည် နတ်ဆိုးပူးနေသည် ဟုဆိုကြ၏။-
    • 34  လူသားသည် စားသောက်လျက်လာသောအခါ သင်တို့က ကြည့်လော့၊ ဤသူသည် အစားကြူးသောသူ၊ သေရည် သောက်ကြူးသောသူဖြစ်၍ အခွန်ခံသူတို့နှင့် အပြစ်ရှိသောသူတို့၏ မိတ်ဆွေပင်ဖြစ်သည်ဟု ဆိုကြ၏။-
    • 35  ဉာဏ်ပညာတော်သည်ကား မိမိသားသမီးတို့ ၏အသိအမှတ်ပြုခြင်းကိုခံရသည်ဟု မိန့်တော်မူ၏။
    • 36  ဖာရီဇေးဦးတစ်ယောက်သည် မိမိနှင့်အတူ အစာသုံးဆောင်ရန် ကိုယ်တော့်ကိုခေါ်ဖိတ်သဖြင့် ကိုယ်တော်သည် ထိုဖာရီဇေးဦး၏ အိမ်သို့ဝင်၍ စားပွဲ၌ထိုင်တော်မူလေ၏။-
    • 37  ထိုအချိန်၌ မြို့ထဲမှအပြစ်ရှိသူ အမျိုးသမီးတစ်ဦးသည် ဖာရီဇေးဦး၏ အိမ်ရှိစားပွဲ၌ ကိုယ်တော် ထိုင်နေတော်မူကြောင်းကို ကြားသိလျှင် ကျောက်ဖြူဘူးတစ်လုံးဖြင့် ဆီမွှေးကို ယူဆောင်လာ၏။-
    • 38  ထို့နောက် သူမသည် ကိုယ်တော်၏ အနောက်ဘက်၊ ခြေတော်ရင်း၌ရပ်ကာ ငိုကြွေးလျက် ကိုယ်တော်၏ ခြေတို့ကို သူမ၏မျက်ရည်တို့ဖြင့် စိုစွတ်စေပြီးမှ ယင်းတို့ကို သူမ၏ဦးခေါင်းရှိဆံပင်ဖြင့် သုတ်လေ၏။ သူမသည် ကိုယ်တော်၏ ခြေတို့ကိုလည်း နမ်းပြီးလျှင် ဆီမွှေးဖြင့် လိမ်းကျံလေ၏။-
    • 39  ကိုယ်တော့်ကို ခေါ်ဖိတ်သော ဖာရီဇေးဦးသည်လည်း ဤအခြင်းအရာကို မြင်လေသော် ဤသူသည် ပရောဖက်ဖြစ်ပါလျှင် မိမိ၏ ခြေကိုကိုင်သောအမျိုးသမီးသည် မည်သူဖြစ်သည်ကိုလည်းကောင်း၊ သူမသည် မည်ကဲ့သို့သောအမျိုးသမီးဖြစ်သည် ကိုလည်းကောင်း သိပေလိမ့်မည်။ အကြောင်းမူကား သူမသည် အပြစ်ရှိသောသူဖြစ်သည်ဟု စိတ်ထဲ၌ဆိုလေ၏။-
    • 40  ယေဇူးကလည်း စီမွန်၊ သင့်အား ငါပြောစရာ တစ်ခုရှိသည်ဟု သူ့အား မိန့်တော်မူလျှင် သူက အမိန့်ရှိတော်မူပါ ဆရာသခင်ဟု ပြန်ဖြေလေ၏။-
    • 41  ကိုယ်တော်က ငွေချေးသောသူတစ်ဦးထံ၌ အကြွေးတင်နေသူနှစ်ဦးရှိ ၏။ တစ်ဦးသည် ငွေဒေနာရီငါးရာ၊ အခြားတစ်ဦးသည် ကား ငါးဆယ်အကြွေးတင်လျက်ရှိကြ၏။-
    • 42  သူတို့သည် အကြွေးမဆပ်နိုင်ကြသဖြင့် ငွေချေးသူသည်လည်း သူတို့နှစ်ဦးစလုံး၏ အကြွေးများကို လျှော်ပစ်လိုက်လေ၏။ သို့ဖြစ်လျှင် ထိုသူနှစ်ဦးတွင် မည်သူသည် ကြွေးရှင်ကို ပို၍ချစ်မည်နည်းဟု မေးတော်မူ၏။-
    • 43  စီမွန်ကလည်း အကြွေးများစွာလျှော်ပစ်ခြင်းခံရသူသည် ပို၍ချစ်မည်ထင်ပါသည်ဟု လျှောက်လေ၏။ ကိုယ်တော်ကလည်း သင်သည် မှန်ကန်စွာဖြေဆိုလေပြီဟု မိန့်တော်မူ၏။
    • 44  ထို့နောက် ကိုယ်တော်သည် အမျိုးသမီးဘက်သို့ လှည့်၍ စီမွန်အား မိန့်တော်မူသည်မှာ ဤအမျိုးသမီးကို သင်မြင်သလော။ ငါသည် သင်၏အိမ်ထဲသို့ဝင်လာသောအခါ ငါ၏ခြေတို့ကိုဆေးရန် သင်သည် ငါ့အား ရေကိုမပေး။ သို့သော် သူမသည် မျက်ရည်ဖြင့် ငါ၏ခြေကိုဆေး ပြီးမှ သူမ၏ဆံပင်နှင့် သုတ်လေ၏။-
    • 45  သင်သည် ငါ့ကို မနမ်း။ သူမသည်ကား ငါဝင်လာသည့်အချိန်မှစ၍ ငါ၏ခြေတို့ကို အဆက်မပြတ်နမ်း၏။-
    • 46  သင်သည် ငါ၏ဦးခေါင်းကို ဆီနှင့်မလိမ်း။ သူမသည်ကား ငါ၏ခြေကို ဆီမွှေးဖြင့် လိမ်းကျံ၏။-
    • 47  ထို့ကြောင့် သင့်အား ငါဆိုသည်ကား များပြားလှသောသူမ၏အပြစ်တို့သည် ခွင့်လွှတ်ခြင်းခံရလေပြီ။ အကြောင်းမူကား သူမသည် များစွာချစ်၏။ အနည်းငယ်သာ အပြစ်လွှတ်ခြင်းခံရသူသည် အနည်းငယ်သာချစ်၏ဟု မိန့်တော်မူ၏။-
    • 48  ထို့နောက် ကိုယ်တော်က သူမအား သင်၏အပြစ်များလွတ်လေပြီဟု မိန့်တော်မူ၏။-
    • 49  ထိုအခါ ကိုယ်တော်နှင့်အတူ စားပွဲ၌ထိုင်နေကြသောသူတို့က အပြစ်များကိုပင် ဖြေလွှတ်သောဤသူသည် မည်သူနည်းဟု အချင်းချင်းပြောဆိုကြလေ၏။-
    • 50  ကိုယ်တော်ကလည်း သင်၏ယုံကြည်ခြင်းသည် သင့်ကိုကယ်တင်လေပြီ၊ ငြိမ်းချမ်းသာယာခြင်းနှင့် သွားလော့ဟု အမျိုးသမီးအား မိန့်တော်မူ၏။
  • King James Version (kjv)
    • Active Persistent Session:

      To use a different persistent session key, simply add it above, and click the button below.

      How This All Works

      Your persistent session key, together with your favourite verse, authenticates you. It links to all your notes and tags in the Bible. You can share it with loved ones so they can see your notes and tags.

      However, to modify your notes and tags, you need both the persistent session key and your favourite verse.

      Please Keep Your Favourite Verse Private

      Your persistent session key and favourite verse provide you exclusive access to edit your notes and tags. Think of your persistent session key as a username and your favourite verse as a password. Therefore, ensure your favourite verse is kept private.

      The persistent session key allows viewing, while editing is only possible when the correct favourite verse is provided.

    • Loading...

Favourite Verse

You should select one of your favourite verses.

This verse in combination with your session key will be used to authenticate you in the future.

This is currently the active session key.

Should you have another session key from a previous session.
You can add it here to load your previous session.

Luke 7:

Sharing the Word of God with the world.
  • Share Text
    ...
  • Share Link