We have 3699 guests and 0 members online
  • WORD Research this...
    Luke 23
    • 1  ထိုအခါ ဘာသာရေးလွှတ်တော်၌ ရှိသောသူအားလုံးတို့သည် ထ၍ ကိုယ်တော့်ကို ပီလာတု မင်းထံသို့ ခေါ်ဆောင် သွားကြ၏။-
    • 2  သူတို့က ဤသူသည် ဆီဇာဘုရင်အား အခွန်ဆက်သခြင်းကို တားမြစ်၍ မိမိကိုယ်ကို ခရစ်တော်တည်းဟူသော ဘုရင် ဖြစ်သည်ဟု ပြောဆိုခြင်းအားဖြင့် အကျွန်ုပ်တို့လူမျိုးကို လမ်းမှားသို့ ပို့ဆောင်နေကြောင်း အကျွန်ုပ်တို့တွေ့ရှိရပါသည်ဟု ဆိုလျက် ကိုယ်တော်အား စတင်စွပ်စွဲကြ၏။-
    • 3  ပီလာတုမင်းကလည်း သင်သည် ဂျူးလူမျိုးတို့၏ ဘုရင်ဖြစ်သလောဟု ကိုယ်တော်အား မေးသော် ကိုယ်တော်က သင်ဆိုလေပြီဟု ပြန်ဖြေတော်မူ၏။-
    • 4  ထိုအခါ ပီလာတုမင်းက ဤသူ၌ မည်သည့်အပြစ်ကိုမျှ ငါမတွေ့ဟု ရဟန်းအကြီးအကဲတို့နှင့် လူအစုအဝေးတို့အား ဆိုလေ၏။-
    • 5  သို့သော် ထိုသူတို့က ဤသူသည် ဂါလေလေးယနယ်မှစ၍ ဤအရပ်တိုင်အောင် ဂျူဒေးယပြည်အနှံ့အပြား၌ ဟောပြောသွန်သင် လျက် ပြည်သူပြည်သားများကို ရုန်းရင်းဆန်ခတ်ဖြစ်စေ ရန် လှုံ့ဆော်ပါသည်ဟု ဆက်လက်စွပ်စွဲကြလေ၏။
    • 6  ပီလာတုသည် ဤစကားကိုကြားလျှင် ဤသူသည် ဂါလေလေးယနယ်သားဖြစ်သလောဟု မေးလေ၏။-
    • 7  ကိုယ်တော်သည် ဟေရုဒ်မင်းအုပ်ချုပ်သောနယ်မြေမှဖြစ် ကြောင်းသိရလျှင် သူသည် ကိုယ်တော့်ကို ဟေရုဒ်ထံသို့ ပို့လေ၏။ ထိုအချိန်၌ ဟေရုဒ်သည်လည်း ဂျေရုဆလင်မြို့ ၌ရောက်ရှိနေ၏။-
    • 8  ဟေရုဒ်မင်းသည် ယေဇူးကို မြင်သောအခါ လွန်စွာဝမ်းမြောက်လေ၏။ အကြောင်းမူကား သူသည် ကိုယ်တော်၏သတင်းကို များစွာကြားရသဖြင့် ကာလကြာမြင့်စွာကပင် ကိုယ်တော့်ကိုတွေ့ရန် အလိုရှိခဲ့၏။ သူသည် ကိုယ်တော်ပြုတော်မူမည့် တန်ခိုးလက္ခဏာ အချို့ကို မြင်ရလိမ့်မည်ဟူ၍လည်း မျှော်လင့်လျက်ရှိ၏။-
    • 9  သို့ဖြစ်၍ ဟေရုဒ်သည် ကိုယ်တော့်ကို မေးခွန်းများစွာ မေးလေ၏။ သို့သော် ကိုယ်တော်သည် တစ်ခွန်းမျှပြန်ဖြေ တော်မမူချေ။-
    • 10  ရဟန်းအကြီးအကဲများနှင့် ကျမ်းတတ်ဆရာတို့သည်ကား အနားတွင်ရပ်နေလျက် ကိုယ်တော့်ကို အပြင်းအထန် စွပ်စွဲပြောဆိုကြ၏။-
    • 11  ဟေရုဒ်မင်းသည်လည်း သူ၏စစ်သူရဲများနှင့်တကွ ကိုယ်တော့်ကို မခန့်လေးစားဖြင့် ပြက်ရယ်ပြုပြီးနောက် တင့်တယ်လှပသော ဝတ်ရုံကို ဝတ်ဆင်စေကာ ပီလာတုမင်းထံသို့ ပြန်ပို့လိုက် လေ၏။-
    • 12  ထိုနေ့၌ပင် ဟေရုဒ်နှင့် ပီလာတုတို့သည် မိတ်ဆွေများဖြစ်သွားကြ၏။ အကြောင်းမူကား သူတို့သည် ယခင်က ရန်ဘက်များ ဖြစ်ခဲ့ကြ၏။
    • 13  ပီလာတုမင်းသည် ရဟန်းအကြီးအကဲများ၊ အုပ်ချုပ် သူအရာရှိများနှင့် လူအပေါင်းတို့ကိုခေါ်ယူစုရုံးစေ၍ သူ တို့အား ဆိုသည်မှာ၊-
    • 14  သင်တို့သည် ဤသူ့ကို လူတို့အား လမ်းလွဲစေသူအဖြစ် ငါ့ထံသို့ခေါ်ဆောင်လာခဲ့ကြ၏။ ငါသည် သင်တို့ရှေ့ မှောက်တွင် သူ့ကိုစစ်ဆေးသော်လည်း သင်တို့စွပ်စွဲသော အပြစ်တစ်စုံတစ်ခုမျှ သူ၌ငါမတွေ့။-
    • 15  ဟေရုဒ်မင်းသည်လည်း အပြစ်မတွေ့သောကြောင့် သူ့ကို ငါတို့ထံသို့ ပြန်ပို့ခဲ့၏။ အမှန်စင်စစ် ဤသူသည် သေဒဏ် ခံထိုက်သော ပြစ်မှုတစ်စုံတစ်ခုကိုမျှ မကျူးလွန်ခဲ့ချေ။-
    • 16  ထို့ကြောင့် ငါသည် သူ့ကိုရိုက်နှက်ဆုံးမ၍ လွှတ်လိုက်မည်ဟု သူတို့အား ဆို၏။
    • 17  ပီလာတုမင်းသည် ပါစကားပွဲ၌ အကျဉ်းသားတစ်ယောက်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမြဲထုံးစံရှိ၏။-
    • 18  သို့သော် လူအပေါင်းတို့က ဤသူ့ကို အလိုမရှိ၊ ဘာရဘကို ငါတို့အတွက် လွှတ်ပေးပါဟု တညီတညွတ်တည်း အော်ဟစ်ကြ၏။-
    • 19  ဘာရဘသည်ကား မြို့တွင်းပုန်ကန်ထကြွ မှုနှင့် လူသတ်မှုအတွက် အကျဉ်းကျခံနေရသောသူဖြစ် ၏။-
    • 20  ပီလာတုမင်းသည် ယေဇူးကိုလွှတ်ပေးရန် အလိုရှိသောကြောင့် သူတို့အား တစ်ဖန်ပြောဆိုပြန်၏။-
    • 21  သို့ရာတွင် သူတို့သည် ဤသူ့ကို လက်ဝါးကပ်တိုင်တင်လော့၊ လက်ဝါးကပ်တိုင်တင်လော့ဟု အော်ဟစ်ကြ၏။-
    • 22  ပီလာတုမင်းကလည်း အဘယ်ကြောင့်နည်း၊ သူသည် မည်သည့်အပြစ်ကို ပြုခဲ့မိသနည်း။ သေဒဏ်ပေးထိုက်သော အပြစ်တစ်စုံတစ်ခုကိုမျှ သူ၌ငါမတွေ့။ ထို့ကြောင့် ငါသည် သူ့ကို ရိုက်နှက်ဆုံးမ၍ လွှတ်လိုက်မည်ဟု တတိယအကြိမ် ပြောဆိုလေ၏။-
    • 23  သို့သော် သူတို့သည် ကိုယ်တော်အား လက်ဝါးကပ်တိုင်တင်ရန် ကျယ်လောင်စွာ အော်ဟစ်လျက် အတင်းအကျပ် တောင်းဆိုကြသဖြင့် သူတို့၏အော်သံများက ဖုံးလွှမ်းအနိုင်ရသွားလေ၏။-
    • 24  ထို့ကြောင့် ပီလာတုမင်းသည် သူတို့တောင်းဆိုကြသည့်အတိုင်း စီရင်ချက်ချလေ၏။-
    • 25  သူသည် ပုန်ကန်ထကြွမှု နှင့် လူသတ်မှုအတွက် အကျဉ်းကျနေသောသူကို သူတို့ တောင်းဆိုသည့်အတိုင်း လွှတ်ပေးလိုက်၍ ယေဇူးကိုမူကား သူတို့၏အလိုအတိုင်း ပြုကြစေရန် အပ်လိုက်လေ၏။
    • 26  သူတို့သည် ကိုယ်တော့်ကို ခေါ်ဆောင်သွားကြစဉ် တောအရပ်မှလာသော စီမွန်အမည်ရှိ ဆီရီနေမြို့သားတစ်ဦးကို အဓမ္မခေါ်ဆောင်၍ ယေဇူး၏နောက်တော်မှ လက်ဝါးကပ်တိုင်ကိုထမ်းစေခြင်းငှာ သူ၏ပခုံးပေါ်တွင် လက်ဝါးကပ်တိုင်ကို တင်ကြလေ၏။-
    • 27  များစွာသောလူ အစုအဝေးတို့သည်လည်း ကိုယ်တော်၏ နောက်တော်မှ လိုက်ကြ၏။ ထိုသူတို့အထဲတွင် အမျိုးသမီး အချို့သည် ကိုယ်တော်အတွက် ဝမ်းနည်းပူဆွေး၍ ငိုကြွေးကာ လိုက်ပါလာကြ၏။-
    • 28  သို့သော်လည်း ယေဇူးသည် သူတို့ဘက်သို့လှည့်၍ မိန့်တော်မူသည်ကား ဂျေရုဆလင်မြို့၏ သမီးတို့၊ ငါ့အတွက် မငိုကြွေးကြနှင့်။ သင်တို့နှင့် သင်တို့၏ သားသမီးများအတွက်သာ ငိုကြွေးကြလော့။-
    • 29  အကြောင်းမူကား မြုံသောမိန်းမသည် မင်္ဂလာရှိ၏၊ ပဋိသန္ဓေ မတည်ဖူးသော ဝမ်းနှင့် နို့မတိုက်ဖူးသော သားမြတ်တို့သည် မင်္ဂလာရှိကြ၏ဟု လူတို့ဆိုကြမည့်နေ့ရက်ကာလများ မကြာမီကျရောက်တော့မည်။-
    • 30  ထိုအခါ သူတို့က တောင်များအား ငါတို့အပေါ်သို့ ပြိုကျကြပါလော့ဟူ၍ လည်းကောင်း၊ တောင်ကုန်းများအား ငါတို့ကို ဖုံးအုပ်ကြပါလော့ဟူ၍လည်းကောင်း ဆိုကြလိမ့်မည်။-
    • 31  အကြောင်းမူကား စိမ်းစိုသောအပင်၌ ဤအရာကို သူတို့ပြုကြလျှင် ထိုအပင် ခြောက်သွေ့သွားသောအခါ ၎င်းကို မည်ကဲ့သို့ ပြုကြမည်နည်းဟု မိန့်တော်မူ၏။
    • 32  သူတို့သည် ရာဇဝတ်သားနှစ်ယောက်ကိုလည်း ကိုယ်တော်နှင့်အတူသတ်ရန် ခေါ်ဆောင်သွားကြ၏။-
    • 33  ဦးခေါင်းခွံဟုခေါ်သော အရပ်သို့ သူတို့ရောက်ကြသောအခါ ထိုအရပ်၌ ကိုယ်တော့်ကို လက်ဝါးကပ်တိုင်တင်ကြ၏။ ထို့အတူ ရာဇဝတ်သားနှစ်ယောက်ကိုလည်း ကိုယ်တော်၏လက်ယာဘက်၌ တစ်ယောက်၊ လက်ဝဲဘက်၌ တစ်ယောက် လက်ဝါးကပ်တိုင်တင်ကြလေ၏။-
    • 34  ထိုအခါ ယေဇူးက အိုအဖ၊ သူတို့ကို ခွင့်လွှတ်တော်မူပါ။ အကြောင်းမူကား သူတို့ပြုလုပ်သောအရာကို သူတို့ မသိကြပါဟု မြွက်ဆိုတော်မူ၏။ သူတို့သည်လည်း ကိုယ်တော်၏အဝတ်တော်များကို မဲချ၍ ခွဲဝေယူကြ၏။
    • 35  လူတို့သည်လည်း အနီးတွင်ရပ်လျက် ကြည့်နေကြ၏။ အုပ်ချုပ်သူအရာရှိတို့က ဤသူသည် အခြားသူများကို ကယ်တင်ခဲ့၏။ အကယ်၍ သူသည် ဘုရားသခင် ရွေးကောက်တော်မူသော ခရစ်တော်ဖြစ်ပါလျှင် မိမိကိုယ်မိမိ ကယ်တင်ပါစေဟု လှောင်ပြောင်ပြောဆိုကြ၏။-
    • 36  စစ်သူရဲတို့သည်လည်း ပြက်ရယ်ပြုကြပြီး အထံတော်သို့ ချဉ်းကပ်ကြ၍ ကိုယ်တော်သောက်ရန် ပုံးရည်ကို ပေးကြလျက်၊-
    • 37  သင်သည် ဂျုးလူမျိုးတို့၏ဘုရင်ဖြစ်ပါလျှင် သင့်ကိုယ်သင် ကယ်တင်ပါလော့ဟု ဆိုကြ၏။-
    • 38  ဤသူသည်ကား ဂျူးလူမျိုးတို့၏ ရှင်ဘုရင်ဖြစ်သတည်းဟူ၍ ရေးထိုးထားသော ကမ္ပည်းစာသည်လည်း ကိုယ်တော်၏ ဦးခေါင်းအထက်တွင် ရှိလေ၏။
    • 39  လက်ဝါးကပ်တိုင် တင်ခံရသော ရာဇဝတ်သားနှစ်ဦးတွင် တစ်ဦးက သင်သည် ခရစ်တော်မဟုတ်လော။ သို့ဖြစ်လျှင် သင့်ကိုယ်သင်နှင့် ငါတို့ကိုလည်း ကယ်တင်ပါလော့ဟု ကဲ့ရဲ့ပြောဆိုလေ၏။-
    • 40  သို့ရာတွင် အခြားတစ်ဦးသည် ထိုသူကိုပြစ်တင်ဆုံးမကာ သင်သည်လည်း တူညီသော စီရင်ချက်ကို ခံရပါလျက် ဘုရားသခင်ကို မကြောက်ရွံ့ပါသလော။-
    • 41  ငါတို့သည် တရားသဖြင့် အပြစ်ဒဏ်ခံကြရ၏။ အကြောင်းမူကား ငါတို့သည် ငါတို့ပြုမိသည့် လုပ်ရပ်များအတွက် ထိုက်သင့်စွာ ခံကြရ၏။ ဤသူသည်ကား မည်သည့်မကောင်းမှုကိုမျှ မကျူးလွန်ခဲ့ဟုဆိုပြီးမှ၊-
    • 42  အိုယေဇူး၊ ကိုယ်တော်၏ နိုင်ငံတော်သို့ ကြွဝင်သောအခါ အကျွန်ုပ်ကို သတိရတော်မူပါဟု လျှောက်လေ၏။-
    • 43  ကိုယ်တော်ကလည်း သင့်အား ငါအမှန်ဆိုသည်ကား ယနေ့ သင်သည် ငါနှင့်အတူ ပါရာဒီးဇူး၌ ရှိလိမ့်မည်ဟု သူ့အား မိန့်တော်မူ၏။
    • 44  ထိုအချိန်ကား မွန်းတည့်ချိန်ဖြစ်၍ မွန်းလွဲသုံးနာရီတိုင်အောင် မြေတစ်ပြင်လုံး၌ မှောင်အတိကျရောက်ပြီး၊-
    • 45  နေ၏အလင်းရောင်သည်လည်း ကွယ်ပျောက်လျက်ရှိ၏။ ဗိမာန်တော်၏ ကန့်လန့်ကာသည်လည်း နှစ်ခြမ်းကွဲလေ၏။-
    • 46  ထို့နောက် ယေဇူးသည် ကျယ်လောင်သောအသံဖြင့် အော်ဟစ်လျက် အိုအဖ၊ ကျွန်ုပ်၏ စိတ်ဝိညာဉ်ကို ကိုယ်တော်၏ လက်တော်၌ အပ်လိုက်ပါပြီဟု မိန့်တော်မူ၏။ ဤသို့မြွက်ဆိုပြီးသောအခါ ကိုယ်တော်သည် အသက်တော်ကို စွန့်လိုက် တော်မူ၏။
    • 47  လူတစ်ရာတပ်မှူးသည် ဖြစ်ပျက်ခဲ့သောအရာတို့ကို မြင်ရလျှင် ဘုရားသခင်ကိုချီးမွမ်းလျက် ဤသူသည် အမှန်စင်စစ် ဖြောင့်မတ်သောသူဖြစ်သည်ဟုဆိုလေ၏။-
    • 48  ဤအဖြစ်အပျက်ကို ကြည့်ရှုရန် ထိုနေရာ၌ စုရုံးလာကြ သော လူအပေါင်းတို့သည်လည်း ဖြစ်ပျက်သမျှကိုမြင်ကြ သောအခါ မိမိတို့ရင်ဘတ်ကိုထုလျက် ပြန်သွားကြ၏။-
    • 49  ကိုယ်တော့်ကို သိကျွမ်းသောသူအပေါင်းတို့နှင့် ကိုယ်တော်၏နောက်တော်သို့ ဂါလေလေးယနယ်မှ လိုက်လာကြသော အမျိုးသမီးများသည်လည်း အဝေး၌ ရပ်နေကြ လျက် ဤအဖြစ်အပျက်များကို ကြည့်နေကြလေ၏။
    • 50  ထိုအချိန်၌ ဂျုဒပြည်ရှိ အာရီမာတေးယမြို့သားဖြစ်သည့် ဂျိုးဇက်အမည်ရှိသော သူတစ်ယောက်ရှိ၏။ သူသည် လွှတ်တော်အရာရှိတစ်ဦးဖြစ်ပြီး ကောင်းမွန်ဖြောင့်မတ်၍၊-
    • 51  အခြားသူတို့၏စီရင်ချက်နှင့် လုပ်ရပ်များကို သဘောမတူညီခဲ့ချေ။ သူသည် ဘုရားသခင်၏ နိုင်ငံတော်ကို စောင့်မျှော် နေသူလည်းဖြစ်၏။-
    • 52  ဤသူသည် ပီလာတုမင်းထံသို့သွား၍ ယေဇူး၏ အလောင်းတော်ကို တောင်းခံလေ၏။-
    • 53  ထို့နောက် သူသည် အလောင်းတော်ကို လက်ဝါးကပ်တိုင်မှချ၍ ပိတ်ဖြူဖြင့် ရစ်ပတ်ပြီးလျှင် ကျောက်ဆောင်၌ ထွင်းထားသည့်၊ မည်သူ့ကိုမျှ သင်္ဂြိုဟ်ခြင်း မပြုရသေးသော သခင်္ျိုင်းဂူ၌ ကိုယ်တော့်ကိုထားလေ ၏။-
    • 54  ထိုနေ့သည်ကား ဥပုသ်နေ့အတွက် ပြင်ဆင်ရသော အဖိတ်နေ့ဖြစ်၍ ဥပုသ်နေ့သည်လည်း စတင်ရန် နီးလာပြီဖြစ်၏။-
    • 55  ဂါလေလေးယနယ်မှ ကိုယ်တော်နှင့်အတူပါ လာကြသော အမျိုးသမီးတို့သည်လည်း နောက်မှလိုက် သွားကြသဖြင့် သခင်္ျိုင်း တော်ကိုလည်းကောင်း၊ ကိုယ်တော်၏ အလောင်းတော်ကို မည်ကဲ့သို့ထားသည်ကို လည်းကောင်း မြင်ကြလေ၏။-
    • 56  ထို့နောက် သူတို့သည်လည်း ပြန်ကြ၍ ဆီမွှေးနှင့် နံ့သာမျိုးစုံကိုပြင်ဆင်ကြ၏။ ဥပုသ်နေ့၌မူကား သူတို့သည် ပညတ်တော် အတိုင်း လိုက်နာလျက် ငြိမ်သက်စွာနေကြ၏။
  • King James Version (kjv)
  • ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (burcbcm - 1.2.1)

    2019-10-23

    Myanmar Burmse (my)

    ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။

    • Encoding: UTF-8
    • Direction: LTR
    • LCSH: Bible.Burmese
    • Distribution Abbreviation: ကက်သလစ်သမ္မာကျမ်းစာ CBCM

    License

    Copyrighted; Permission to distribute granted to CrossWire

    Source (OSIS)

    https://git.crosswire.org/cyrille/myanmar

    history_1.0
    (2019-10-22) Initial release
    history_1.1
    (2019-10-23) Config: Added Scope=Ps,Pr, Matt-Rev
    history_1.2
    (2019-10-23) Fix conf file
    history_1.2.1
    (2022-07-31) conf file: fix typos

Favourite Verse

You should select one of your favourite verses.

This verse in combination with your session key will be used to authenticate you in the future.

This is currently the active session key.

Should you have another session key from a previous session.
You can add it here to load your previous session.

Luke 23:

Sharing the Word of God with the world.
  • Share Text
    ...
  • Share Link