We have 3517 guests and 0 members online
  • WORD Research this...
    Luke 12
    • 1  ထိုအချိန်၌ ထောင်ပေါင်းများစွာသော လူအစုအဝေးသည် စုရုံးလာကြသဖြင့် တစ်ဦးကိုတစ်ဦး နင်းမိကြလေ၏။ ထိုအချိန်တွင် ကိုယ်တော်သည် စတင်၍ တပည့်တော်တို့အား ပထမဦးစွာ မိန့်တော်မူသည်မှာ သူတော်ကောင်းယောင် ဆောင်ခြင်းတည်း ဟူသော ဖာရီဇေးဦးတို့၏ တဆေးကို သတိထားကြလော့။-
    • 2  ထုတ်ဖော် ပြောခြင်းမခံရစေရန် ဖုံးကွယ်ထားနိုင်သောအရာမရှိ။ လူမသိစေရန် လျှို့ဝှက်ထားနိုင်သောအရာဟူ၍လည်းမရှိ။-
    • 3  ထို့ကြောင့် မှောင်မိုက်တွင် သင်တို့ပြောဆိုသော စကားများကို လူတို့သည် အလင်း၌ ကြားကြလိမ့်မည်။ အိပ်ခန်းအတွင်း၌ သင်တို့ တီးတိုးပြောဆိုသော အရာကို အိမ်ခေါင်မိုးပေါ်မှ ကြေညာကြလိမ့်မည်။
    • 4  ငါ၏မိတ်ဆွေတို့၊ သင်တို့အား ငါဆိုသည်ကား ကိုယ်ခန္ဓာကိုသတ်ပြီး နောက်ထပ်မည်သို့မျှ မပြုနိုင်သောသူတို့ကို မကြောက်ကြနှင့်။-
    • 5  သို့သော် မည်သူ့ကို ကြောက်ရမည့်အကြောင်း သင်တို့အား ငါဖော်ပြမည်။ ကိုယ်ခန္ဓာကို သတ်ပြီး ငရဲထဲသို့ချနိုင်သောသူကို ကြောက်ကြလော့။ မှန်ပေ၏။ သင်တို့အား ငါဆိုသည်ကား ထိုသူကို ကြောက်ကြလော့။-
    • 6  စာငှက်ငါးကောင်ကို ငွေအသပြာနှစ်ပဲဖြင့် ရောင်းချသည်မဟုတ်လော။ ယင်းတို့တွင် တစ်ကောင်မျှ ဘုရားသခင်၏ ရှေ့တော်တွင် မေ့လျော့ထားခြင်းမခံရ။-
    • 7  သင်တို့၏ဦးခေါင်း၌ရှိသမျှသော ဆံပင်တို့ကိုပင်လျှင် ရေတွက်ထားလေပြီ။ ထို့ကြောင့် မကြောက်ကြနှင့်။ သင်တို့သည် စာငှက်မြောက်မြားစွာတို့ထက် ပို၍ တန်ဖိုးရှိကြ၏။
    • 8  သင်တို့အား ငါဆိုသည်ကား လူတို့ရှေ့၌ ငါ့ကို သိမှတ်ဝန်ခံသောသူကို လူသားသည်လည်း ဘုရားသခင်၏ ကောင်းကင်တမန် တော်တို့ရှေ့မှောက်၌ သိမှတ်ဝန်ခံမည်။-
    • 9  လူတို့ရှေ့၌ ငါ့ကို ငြင်းပယ်သောသူသည်ကား ဘုရားသခင်၏ ကောင်းကင်တမန်တော်တို့ ရှေ့မှောက်၌ ငြင်းပယ်ခြင်း ခံရလိမ့်မည်။-
    • 10  လူသားကို နှုတ်ဖြင့်ပြောဆို ပြစ်မှားသောသူသည် အပြစ်မှခွင့်လွှတ်ခြင်းခံရလိမ့်မည်။ သို့ရာတွင် ဝိညာဉ်တော်မြတ်ကို ထိခိုက်ပြစ်မှားသောသူမှာမူ အပြစ်မှခွင့်လွှတ်ခြင်းခံရလိမ့်မည်မဟုတ်။-
    • 11  လူတို့သည် သင်တို့ကို တရားဇရပ်များသို့လည်းကောင်း၊ အုပ်ချုပ်သူများနှင့် အစိုးရတို့၏ရှေ့မှောက်သို့လည်းကောင်း ခေါ်ဆောင်ကြသောအခါ သင်တို့သည် မည်သို့ပြန်ဖြေရမည်၊ မည်သည့်အရာအား ပြောဆိုရမည်ကို မစိုးရိမ်ကြနှင့်။-
    • 12  အကြောင်းမူကား ဝိညာဉ်တော်မြတ်သည် သင်တို့အား ထိုအချိန်နာရီ၌ မည်သည့်အရာကိုပြောဆိုရမည့် အကြောင်း သွန်သင်တော်မူလိမ့်မည်ဟု မိန့်တော်မူ၏။
    • 13  ထိုအခါ လူအစုအဝေးထဲမှ လူတစ်ယောက်က ဆရာသခင်၊ အကျွန်ုပ်ကို အမွေခွဲဝေပေးပါရန် အကျွန်ုပ်၏ အစ်ကိုအား မိန့်ကြားတော်မူပါဟု လျှောက်လေ၏။-
    • 14  သို့သော် ကိုယ်တော်က အချင်းလူ၊ မည်သူသည် ငါ့ကို သင်တို့အတွက် တရားသူကြီး၊ သို့မဟုတ် အမွေခွဲဝေသူအဖြစ် ခန့်ထားသနည်းဟု သူ့အား မိန့်တော်မူ၏။-
    • 15  ထို့နောက် ကိုယ်တော်က လောဘစိတ်လွန်ကြူးခြင်းကို သတိပြု၍ ရှောင်ကြဉ်ကြလော့။ အကြောင်းမူကား လူ၏အသက် သည် ဥစ္စာဓနကြွယ်၀ခြင်း၌ တည်သည်မဟုတ်ဟု သူတို့အား မိန့်တော်မူ၏။
    • 16  ထို့နောက် ကိုယ်တော်သည် ပုံဥပမာတစ်ခုကိုလည်း သူတို့အား ပြောပြတော်မူ၏။ တစ်ခါက သူဌေးတစ်ဦး၏ လယ်မြေသည် အသီးအနှံများစွာထွက်ရှိသဖြင့်၊-
    • 17  သူက ငါမည်သို့ပြုရမည်နည်း။ အကြောင်းမူကား ငါ၏အသီးအနှံများကို သိုလှောင်ရန် ငါ၌နေရာမရှိဟု မိမိစိတ်ထဲတွင် ပြောဆိုလျက်နေ၏။-
    • 18  ထို့နောက် သူက ဤသို့ငါပြုမည်။ ငါ၏ကျီများကို ဖြိုဖျက်၍ ပိုမိုကြီးမားသော ကျီများကို တည်ဆောက်လျက် ငါ၏ အသီးအနှံများနှင့် ဥစ္စာရှိသမျှတို့ကို ငါသိုလှောင်မည်။-
    • 19  ငါ၏ဝိညာဉ်ကိုလည်း အိုငါ့ဝိညာဉ်၊ သင်၌များပြားသော ဥစ္စာပစ္စည်းများကို နှစ်ပေါင်းများစွာအတွက် သိုလှောင်ထား လျက်ရှိပြီ။ စိတ်သက်သာစွာနေ၍ သောက်စားလျက် ပျော်ရွှင်စွာနေလော့ဟူ၍ ငါဆိုမည် ဟုတွေးတောလေ၏။-
    • 20  သို့သော် ဘုရားသခင်က အသင်လူမိုက်၊ ဤည၌ သင်၏ဝိညာဉ်ကို သင့်ထံမှ ပြန်တောင်းလိမ့်မည်။ ထိုအခါ သင်စုဆောင်းထားသော အရာများသည် မည်သူ့အတွက်ဖြစ်မည်နည်းဟု သူ့အား မိန့်တော် မူလေ၏။-
    • 21  ထို့ကြောင့် မိမိအတွက် ဥစ္စာဘဏ္ဍာများကို စုဆောင်းသော်လည်း ဘုရားသခင်၏ ရှေ့တော်မှောက်၌ ပြည့်စုံကြွယ်၀ခြင်း မရှိသောသူသည် ဤသူကဲ့သို့ ဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။
    • 22  ထို့နောက် ကိုယ်တော်က တပည့်တော်တို့အား မိန့်တော်မူသည်မှာ သို့ဖြစ်၍ သင်တို့အား ငါဆိုသည်ကား သင်တို့ အသက်ရှင်ရန်အတွက် မည်သည့်အရာကို စားသောက်ရမည်ဟူ၍လည်းကောင်း၊ သင်တို့၏ ခန္ဓာကိုယ်အတွက် မည်သည့် အရာကို ဝတ်ဆင်ရမည်ဟူ၍လည်းကောင်း စိုးရိမ်ပူပန်ခြင်းမရှိကြနှင့်။-
    • 23  အကြောင်းမူကား အသက်သည် အစာထက်မြတ်၏။ ခန္ဓာကိုယ်သည်လည်း အဝတ်ထက်မြတ်၏။-
    • 24  ကျီးကန်းတို့ကို ကြည့်ကြလော့။ ၎င်းတို့သည် မျိုးစေ့လည်းမကြဲ၊ အသီးအနှံများကိုလည်း မရိတ်သိမ်းကြ။ ၎င်းတို့၌ သိုလှောင်ရုံ၊ သို့မဟုတ် ကျီလည်း မရှိကြ။ သို့ရာတွင် ဘုရားသခင်သည် ၎င်းတို့ကို ကျွေးမွေးတော်မူ၏။ သင်တို့သည် ငှက်များထက် များစွာ တန်ဖိုးရှိကြသည်မဟုတ်လော။-
    • 25  သင်တို့တွင် မည်သူသည် စိုးရိမ်ကြောင့်ကြခြင်းဖြင့် မိမိ၏ဘ၀သက်တမ်းကို အနည်းငယ်ပို၍ ရှည်စေနိုင်သနည်း။-
    • 26  ထို့ကြောင့် သင်တို့သည် ထိုကဲ့သို့သေးငယ်သောအမှုအရာကိုပင် မတတ်နိုင်ကြပါလျှင် အဘယ်ကြောင့် အခြားသော အမှုကိစ္စများ အတွက် စိုးရိမ်ပူပန်ကြသနည်း။
    • 27  တောနှင်းပန်းများ မည်ကဲ့သို့ ရှင်သန်ကြီးထွားကြသည်ကို သတိပြုကြလော့။ ယင်းတို့သည် ချည်ငင်ခြင်းမရှိ၊ ရက်ကန်း လည်း မရက်ကြ။ သို့သော်လည်း သင်တို့အား ငါဆိုသည်ကား ဘုန်းကျက်သရေရှိလှသော ဆောလမွန်မင်းကြီးပင်လျှင် ဤနှင်းပန်းပင်ကဲ့သို့ လှပစွာ မဆင်မြန်းခဲ့ရချေ။-
    • 28  ယနေ့ကွင်းပြင်ထဲတွင် အသက်ရှင်၍ မနက်ဖြန် မီးဖိုထဲသို့ပစ်ချခြင်းခံရသော မြက်ရိုင်းပင်များကို ဘုရားသခင်သည် ဤကဲ့သို့ အလှဆင်ပေးတော်မူလျှင် သင်တို့ကို ထိုထက်မက ပို၍ဆင်မြန်းပေးတော်မူမည် မဟုတ်လော။ ယုံကြည်ခြင်း အားနည်းသောသင်တို့၊-
    • 29  မည်သည့်အရာကို စားသောက်ရမည်နည်းဟု မရှာကြံကြနှင့်။ စိုးရိမ်ပူပန်ခြင်းလည်းမရှိကြနှင့်။-
    • 30  အကြောင်းမူကား ကမ္ဘာပေါ် ရှိလူမျိုးအပေါင်းတို့သည် ဤအရာများကို ရှာဖွေတတ်ကြ၏။ သင်တို့သည် ဤအရာများကို လိုအပ်ကြောင်း သင်တို့၏အဖသိတော်မူ၏။-
    • 31  သင်တို့မူကား ဘုရားသခင်၏နိုင်ငံတော်ကိုရှာကြလော့။ ထိုအခါ သင်တို့အား ဤအရာများကိုလည်း ပေးတော်မူလိမ့်မည်။
    • 32  သိုးစုငယ်၊ မကြောက်ရွံ့လေနှင့်။ အကြောင်းမူကား သင်တို့၏အဖသည် နိုင်ငံတော်ကို သင်တို့အား ပေးရန် နှစ်သက် တော်မူ၏။-
    • 33  သင်တို့ပိုင်ဆိုင်သော အရာများကို ရောင်းချ၍ ပေးကမ်းစွန့်ကြဲကြလော့။ မဟောင်းမဆွေးနိုင်သော ပိုက်ဆံအိတ်များ ကိုလည်းကောင်း၊ သူခိုးလည်း မခိုးနိုင်၊ ပိုးလည်းမဖောက်နိုင်၊ ကုန်ခန်းခြင်းလည်း မရှိနိုင်သော ကောင်းကင်ဘဏ္ဍာကို လည်းကောင်း ရှာဖွေစုဆောင်းကြလော့။-
    • 34  အကြောင်းမူကား သင်၏ဥစ္စာဘဏ္ဍာ ရှိသောအရပ်၌ သင်၏စိတ်နှလုံးလည်းရှိ၏။
    • 35  သင်တို့သည် ခါးပန်းစည်းလျက် ဆီမီးခွက်များကို ထွန်းညှိထားကြလော့။-
    • 36  မိမိတို့၏သခင်သည် မင်္ဂလာဧည့်ခံပွဲမှပြန်လာ၍ တံခါးခေါက်သောအခါ ချက်ချင်းတံခါးဖွင့်ပေးနိုင်ရန် အလို့ငှာ သူလာမည့် အချိန်ကို စောင့်မျှော်နေကြသော အစေခံများကဲ့သို့ အသင့်ရှိကြလော့။-
    • 37  သခင် ပြန်လာသောအခါ နိုးကြားစွာ စောင့်နေကြသည်ကို တွေ့ရသော အစေခံတို့သည် မင်္ဂလာရှိကြ၏။ သင်တို့အား ငါအမှန်ဆိုသည်ကား သခင်သည် မိမိ၏ခါးကိုစည်းလျက် ထိုအစေခံတို့ကို စားပွဲ၌ထိုင်စေပြီးမှ ကိုယ်တိုင်ကျွေးမွေးလိမ့်မည်။-
    • 38  သခင်သည် ဒုတိယညၣ့်ယံ၌ဖြစ်စေ၊ တတိယ ညၣ့်ယံ၌ဖြစ်စေ ပြန်လာသောအခါ ၎င်းတို့အား ထိုကဲ့သို့ တွေ့ရလျှင် ထိုအစေခံတို့သည် မင်္ဂလာရှိကြ၏။-
    • 39  သူခိုးလာမည့်အချိန်ကို အိမ်ရှင်သိပါလျှင် မိမိအိမ်ကိုမဖောက် ထွင်းစေရန် သူသည် မအိပ်ဘဲ စောင့်နေလိမ့်မည်ဆိုသည်ကိုမူ သိမှတ်ကြလော့။-
    • 40  သင်တို့သည်လည်း အဆင်သင့် ရှိကြလော့။ အကြောင်းမူကား သင်တို့ မမျှော်လင့်သော အချိန်၌ လူသားသည် ကြွလာ လိမ့်မည်ဟု မိန့်တော်မူ၏။
    • 41  ထိုအခါ ပေတရုက သခင်ဘုရား၊ ကိုယ်တော်သည် ဤပုံဥပမာကို တပည့်တော်တို့အတွက် မိန့်တော်မူပါသလော၊ သို့မဟုတ် လူအားလုံးတို့အတွက်လောဟု မေးလေ၏။-
    • 42  ကိုယ်တော်ကလည်း အချိန်တန်လျှင် အိမ်သူအိမ်သားတို့ကို စားစရာများ တည်ခင်းကျွေးမွေးခြင်းငှာ ၎င်းတို့အပေါ် အုပ်ချုပ်ရန် အရှင်သခင်က ခန့်ထားသည့် သစ္စာရှိ၍ ပညာနှင့်ပြည့်စုံသော အစေခံသည် မည်သူနည်း။-
    • 43  အရှင်သခင်ပြန်လာသောအခါ ဤသို့ဆောင်ရွက်နေသည်ကို တွေ့ရသော ထိုအစေခံသည် မင်္ဂလာရှိ၏။-
    • 44  သင်တို့အား ငါအမှန်ဆိုသည်ကား သူသည် ထိုအစေခံအား မိမိဥစ္စာ ပစ္စည်းအားလုံးကို စီမံကွပ်ကဲရန် အပ်နှင်းလိမ့်မည်။-
    • 45  သို့သော် ထိုအစေခံက ငါ၏အရှင်သခင်ပြန်လာရန် ကြန့်ကြာလိမ့်မည်ဟု မိမိကိုယ်မိမိပြောဆို၍ အစေခံယောက်ျား၊ မိန်းမတို့ကိုရိုက်နှက်လျက် သောက်စားမူးယစ်နေလေ၏။-
    • 46  သူမျှော်လင့်မထားသော နေ့ရက်နှင့် သူမသိသော အချိန်နာရီ၌ သူ၏အရှင်သခင်ပြန်ရောက်လာသောအခါ သူ့ကိုဒဏ်ခတ်၍ သစ္စာမဲ့သူတို့နှင့်အတူ နေရာချထားလိမ့်မည်။-
    • 47  မိမိသခင်၏ အလိုဆန္ဒကိုသိသော်လည်း သူ၏အလိုအတိုင်း ပြင်ဆင်ဆောင်ရွက်မထားသော အစေခံသည် ပြင်းထန်စွာ ရိုက်နှက်ဒဏ်ပေးခြင်းခံရလိမ့်မည်။-
    • 48  သို့သော် ရိုက်နှက်ခြင်း ပြစ်ဒဏ်ခံရမည့်အမှုကို မသိဘဲ ပြုမိသောအစေခံသည် အနည်းငယ် ရိုက်နှက်ခြင်းခံရလိမ့်မည်။ ကျေးဇူးများစွာ ခံစားရသောသူတိုင်းသည် များစွာပေးဆပ်ရလိမ့်မည်။ ထို့အတူ များစွာအပ်နှံထားခြင်းခံရသော သူထံမှ သူတို့သည် များစွာတောင်းခံကြလိမ့်မည်။
    • 49  ကမ္ဘာမြေပေါ်တွင် မီးတောက်လောင်စေခြင်းငှာ ငါလာ၏။ ယခုပင် မီးတောက်လောင်နေစေရန် ငါအလိုရှိ လေပြီ။-
    • 50  ငါခံယူမည့်ဆေးကြောခြင်းတစ်ပါးရှိ၏။ ငါသည် ဤအမှုကို ပြီးစီးအောင်မဆောင်ရွက်ရမချင်း စိတ်ဒုက္ခ ခံစားရ၏။-
    • 51  ငါသည် ဤကမ္ဘာမြေပေါ်သို့ ငြိမ်းချမ်းသာယာခြင်းကို ယူဆောင်လာသည်ဟု သင်တို့ထင်မှတ်ကြသလော။ ထိုသို့မဟုတ်။ သင်တို့အား ငါဆိုသည်ကား စိတ်ဝမ်းကွဲပြားစေခြင်းငှာ ငါလာ၏။-
    • 52  အကြောင်းမူကား ယခုအချိန်မှစ၍ လူငါးယောက်ရှိသောအိမ်ထောင်စု၌ စိတ်ဝမ်းကွဲပြားခြင်းရှိ၍ သုံးယောက်နှင့် နှစ်ယောက်၊ နှစ်ယောက်နှင့် သုံးယောက် တစ်ဖက်စီစိတ်ဝမ်းကွဲကြလိမ့်မည်။-
    • 53  ဖခင်သည် သားကို၊ သားသည်လည်း ဖခင်ကို၊ မိခင်သည် သမီးကို၊ သမီးသည်လည်း သူမ၏မိခင်ကို၊ ယောက္ခမသည် မိမိ၏ချွေးမကို၊ ချွေးမသည်လည်း မိမိ၏ယောက္ခမကို ဆန့်ကျင်ဘက်ပြုကြလိမ့်မည်ဟု မိန့်တော်မူ၏။
    • 54  ထို့နောက် ကိုယ်တော်သည် လူအစုအဝေးတို့ကိုလည်း မိန့်တော်မူသည်ကား အနောက်အရပ်မှ မိုးတိမ်တက်လာသည်ကို သင်တို့မြင်ကြသောအခါ မိုးရွာလိမ့်မည်ဟု သင်တို့ချက်ချင်း ပြောတတ်ကြ၏။ ထိုအတိုင်းလည်းဖြစ်၏။-
    • 55  တောင်လေ တိုက်ခတ်လာသည်ကို သင်တို့မြင်ကြသောအခါ နေအလွန်ပူလိမ့်မည်ဟု သင်တို့ ပြောတတ်ကြ၏။ ထိုအတိုင်းလည်းဖြစ်လေ၏။-
    • 56  အသင် သူတော်ကောင်းယောင်ဆောင်သူတို့၊ သင်တို့သည် ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ အသွင်အပြင်ကို သိမြင် ပြောဆိုနိုင်ကြပါလျက် ယခုခေတ်ကာလကို အဘယ်ကြောင့်ပိုင်းခြား၍မသိနိုင်ကြသနည်း။
    • 57  မှန်ကန်သောအမှုအရာကို အဘယ်ကြောင့် သင်တို့ကိုယ်တိုင် မဆုံးဖြတ်ကြသနည်း။-
    • 58  သင်သည် သင်၏ တရားပြိုင်ဘက်နှင့်အတူ တရားသူကြီးထံသို့သွားနေစဉ် သူနှင့်ကြေအေးမှုရအောင် လမ်းတွင် ကြိုးပမ်း အားထုတ်လော့။ ထိုသို့မပြုလျှင် သူသည် သင့်ကို တရားသူကြီးထံသို့ ဆွဲ၍ခေါ်သွားသဖြင့် တရားသူကြီးသည် သင့်ကို မင်း မှုထမ်း၏ လက်သို့အပ်လိမ့်မည်။ မင်းမှုထမ်းသည်လည်း သင့်ကို ထောင်ထဲ၌ ချထားလိမ့်မည်။-
    • 59  သင့်အား ငါဆိုသည်ကား သင်ပေးဆပ်ရမည့်ငွေကို အကုန်အစင်မပေးမချင်း သင်သည် ထောင်ထဲမှထွက်ရလိမ့်မည် မဟုတ်ဟု မိန့်တော်မူ၏။
  • King James Version (kjv)
  • ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (burcbcm - 1.2.1)

    2019-10-23

    Myanmar Burmse (my)

    ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။

    • Encoding: UTF-8
    • Direction: LTR
    • LCSH: Bible.Burmese
    • Distribution Abbreviation: ကက်သလစ်သမ္မာကျမ်းစာ CBCM

    License

    Copyrighted; Permission to distribute granted to CrossWire

    Source (OSIS)

    https://git.crosswire.org/cyrille/myanmar

    history_1.0
    (2019-10-22) Initial release
    history_1.1
    (2019-10-23) Config: Added Scope=Ps,Pr, Matt-Rev
    history_1.2
    (2019-10-23) Fix conf file
    history_1.2.1
    (2022-07-31) conf file: fix typos

Favourite Verse

You should select one of your favourite verses.

This verse in combination with your session key will be used to authenticate you in the future.

This is currently the active session key.

Should you have another session key from a previous session.
You can add it here to load your previous session.

Luke 12:

Sharing the Word of God with the world.
  • Share Text
    ...
  • Share Link