We have 3426 guests and 0 members online
  • WORD Research this...
    Romans 9
    • 1  ငါ၏အသိစိတ်သည် ဝိညာဉ်တော်မြတ်၌ သက်သေခံလျက် ငါသည်မုသားမပါဘဲ ခရစ်တော်၌ မှန်ကန်စွာပြောဆိုသည်ကား၊-
    • 2  ငါသည် အလွန်ဝမ်းနည်းပူဆွေး၍ စိတ်နှလုံးထဲ၌ အခါမလပ်ပြင်းထန်သော ဝေဒနာကိုခံစားရ၏။-
    • 3  အကြောင်းမူကား ငါ၏သွေးချင်းသားချင်းများဖြစ်ကြသော ငါ့ညီအစ်ကိုတို့၏ အကျိုးအတွက် ငါကိုယ်တိုင် ကျိန်စာသင့်ခြင်း ကိုလည်းကောင်း၊ ခရစ်တော်နှင့်ခွဲခွာနေရခြင်းကိုလည်းကောင်း ခံယူလိုသည့်ဆန္ဒရှိခဲ့၏။-
    • 4  သူတို့သည် အစ္စရာအဲလ်လူမျိုးများဖြစ်ကြ၍ သားသမီးအဖြစ်မွေးစားခံရခြင်း၊ ဘုန်းဂုဏ်တော်၊ ပဋိညာဉ်တော်များ၊ ပညတ်တရား၊ ဝတ်ပြုကိုးကွယ်ခြင်းနှင့် ကတိတော်တို့ကို ပိုင်ဆိုင်ကြ၏။-
    • 5  သူတို့၌ ဘိုးဘေးများရှိကြ ၏။ ခရစ်တော်သည် သွေးသားအားဖြင့် ထိုဘိုးဘေးတို့၏အမျိုးအနွယ်မှ ဆင်းသက်လာတော်မူ၏။ ခပ်သိမ်းသောအရာတို့ကို အစိုးရတော်မူသော ဘုရားသခင်အား အစဉ်ထာ၀ရ ကောင်းချီးမင်္ဂလာရှိပါစေသော်။ အာမင်။
    • 6  သို့ရာတွင် ဘုရားသခင်၏ နှုတ်တော်ထွက်စကားသည် ပျက်ကွက်ခဲ့ခြင်းမဟုတ်ပေ။ အကြောင်းမူကား အစ္စရာအဲလ်လူမျိုးမှ ဆင်းသက်လာသူအားလုံးတို့သည် ဘုရားသခင်၏လူမျိုးတော်တွင် မပါဝင်ကြချေ။-
    • 7  ထိုနည်းတူပင် အာဘရာဟံမှ ဆင်းသက်လာသော သူအားလုံးတို့သည်လည်း သူ၏သားမြေးဟု သတ်မှတ်ခြင်း မခံကြရချေ။ အကြောင်းမူကား ဘုရားသခင်က အီဇတ်အားဖြင့်သာလျှင် သင်၏အမျိုးအနွယ်တည်လိမ့်မည်ဟု အာဘရာဟံအား မိန့်တော်မူ သောကြောင့်ဖြစ်၏။-
    • 8  ဆိုလိုသည်ကား သွေးသားအားဖြင့် ဆင်းသက်လာသောသူတို့ကို ဘုရားသခင်၏ သားသမီးဟုမသတ်မှတ်ဘဲ ကတိတော်နှင့် ဆိုင်သောသားသမီးများကိုသာလျှင် အမွေစားအမွေခံအဖြစ် သတ်မှတ်ခြင်းဖြစ်၏။-
    • 9  ကတိတော်မူကား ဤကဲ့သို့သော အချိန်မျိုး၌ ငါပြန်လာသောအခါ ဆာရာသည် သားယောက်ျားတစ်ဦးကို ရရှိလိမ့်မည်ဟူ၍ဖြစ်၏။-
    • 10  ထိုမျှမကသေး ရေဗက္ကာသည် ငါတို့၏ဘိုးဘေး အီဇတ်နှင့်စုံဖက်၍ သားနှစ်ယောက်ကို ပဋိသန္ဓေရှိသောအခါ၌လည်း ထိုနည်းတူဖြစ်ခဲ့၏။-
    • 11  ထိုသားနှစ်ယောက်ဖွားမြင်ခြင်း မရှိသေး၍ အကောင်းအဆိုးတို့ကို ပြုလုပ်ခြင်းမရှိသေးသော်လည်း ဘုရားသခင်၏ ရွေးကောက်ခြင်းဆိုင်ရာ အကြံအစည်တော်မှာ သူတို့၏ အကျင့်များပေါ်တွင် မတည်ဘဲ ကိုယ်တော်၏ ခေါ်တော်မူခြင်း အပေါ်တွင်သာ မူတည်၍ ဆက်လက်တည်ရှိစေခြင်းငှာ၊-
    • 12  သားကြီးသည် သားငယ်ကို အစေခံရလိမ့်မည်ဟု သူမအား ဗျာဒိတ်ပေးတော်မူခဲ့၏။-
    • 13  ကျမ်းစာတော်မြတ်၌လည်း ငါသည် ယာကုပ်ကိုချစ်၍ ဧဆာဦးကို မုန်းသည်ဟူ၍ ရေးထားလေ၏။
    • 14  သို့ဖြစ်လျှင် ငါတို့မည်ကဲ့သို့ဆိုရမည်နည်း။ ဘုရားသခင်သည် တရားမျှတမှု ကင်းမဲ့နေသလော။ မဟုတ်ပေ။-
    • 15  အကြောင်းမူကား ကိုယ်တော်က မိုးဇက်အား ငါသနားလိုသောသူကို ငါသနားမည်၊ ငါကရုဏာသက်လိုသောသူကို ငါကရုဏာသက်မည်ဟု မိန့်တော်မူခဲ့၏။-
    • 16  ထို့ကြောင့် ဘုရားသခင ရွေးကောက်တော်မူခြင်းသည် လူတစ်ဦးတစ်ယောက်အလိုဆန္ဒ၊ သို့မဟုတ် သူ၏ကြိုးစား အားထုတ်မှုအပေါ်တွင် မူတည်ခြင်းမဟုတ်ဘဲ ကိုယ်တော်၏ သနားကရုဏာတော်အပေါ်တွင်သာ မူတည်ခြင်းဖြစ်၏။-
    • 17  အကြောင်းမူကား ကျမ်းစာတော်မြတ်၌ ကိုယ်တော်က ဖာရောဘုရင်အား မိန့်ဆိုသည်မှာ သင့်ကို ဘုရင်အဖြစ် ချီးမြှောက်ရခြင်းအကြောင်းမှာ သင့်အားဖြင့် ငါ၏ဘုန်းတန်ခိုးတော်ကိုပြသ၍ ကမ္ဘာမြေတစ်ပြင်လုံးတွင် ငါ၏နာမတော် ပျံ့နှံ့ကျော်ကြားစေရန် ဖြစ်သည်ဟူ၍ဖြစ်သတည်း။-
    • 18  သို့ဖြစ်၍ ကိုယ်တော်သည် မိမိသနားလို သောသူအပေါ် သနားတော်မူ၍ မိမိစိတ်နှလုံး တင်းမာစေလိုသောသူကိုလည်း စိတ်နှလုံးခက်ထန်တင်းမာ စေတော်မူလေ၏။
    • 19  သို့ဖြစ်လျှင် ဘုရားသခင်သည် လူတို့ကို အဘယ်ကြောင့် အပြစ်တင်သနည်း။ မည်သူသည် ကိုယ်တော်၏ အလိုတော်ကို ဆန့်ကျင်နိုင်ပါမည်နည်းဟု သင်တို့ငါ့ကို မေးမြန်းပေလိမ့်မည်။-
    • 20  အသင်လူသား၊ သင်သည် မည်သို့သောသူဖြစ်၍ ဘုရားသခင်ကို ပြန်လည်ပြောဆိုနိုင်သနည်း။ ပုံသွင်းခံရသည့်အရာက ပုံသွင်းသောသူအား သင်သည် အဘယ်ကြောင့် အကျွန်ုပ်ကိုဤသို့ပုံသွင်းခဲ့ သနည်းဟုမေးနိုင်ပါမည်လော။-
    • 21  အိုးလုပ်သူသည် တစ်မျိုးတည်းသောရွှံ့စေးမှ အိုးကောင်းနှင့်အိုးကြမ်းကို မိမိအလိုဆန္ဒအတိုင်း ပြုလုပ်ပိုင်သည် မဟုတ်လော။-
    • 22  ထိုနည်းတူပင် ဘုရားသခင်သည် မိမိ၏အမျက်တော်ကိုပြရန်နှင့် မိမိ၏တန်ခိုးတော်ကို ထင်ရှားစေရန် အလိုရှိတော်မူ သော်လည်း အမျက်တော်သင့်၍ ဖျက်ဆီးခြင်းခံရမည့် အိုးများအပေါ် လွန်စွာပင် စိတ်ရှည်သည်းခံတော်မူ၏။-
    • 23  ထို့ပြင် ကိုယ်တော်သည် ဘုန်းဂုဏ်တော်အတွက် မိမိကြိုတင် ပြင်ဆင်ထားတော်မူသော သနားကရုဏာခံထိုက်သည့် အိုးများအား မိမိ၏ကြွယ်၀သော ဘုန်းဂုဏ်တော်ကိုထင် ရှားပြရန် ဤသို့လုပ်ဆောင်တော်မူ၏။-
    • 24  ထိုသူတို့တွင် ကိုယ်တော်ခေါ်တော်မူသော ငါတို့လည်း ပါဝင်ကြ၏။ ကိုယ်တော်သည် ဂျူးလူမျိုးများထဲမှသာမဟုတ်ဘဲ လူမျိုးခြားတို့အထဲမှလည်း ခေါ်တော်မူ၏။-
    • 25  ထိုအခြင်းအရာနှင့်စပ်လျဉ်း၍ ပရောဖက်ဟိုဇေးယကျမ်း၌ ကိုယ်တော်မိန့်တော်မူသည်ကား ငါ၏လူမျိုးတော ်မဟုတ်သောသူတို့ကို ငါ၏လူမျိုးတော်ဟု ငါခေါ်မည်။ ငါချစ်မြတ်နိုးသူမဟုတ် သောလူမျိုးကိုလည်း ငါချစ်မြတ်နိုးသူ ဟုခေါ်မည်။-
    • 26  သင်တို့သည် ငါ၏လူမျိုးတော်မဟုတ်ဟု သူတို့အား မိန့်တော်မူသောအရပ်၌ပင် သူတို့သည် အသက်ရှင်တော်မူသော ဘုရားသခင်၏ သားသမီးများဟု ခေါ်ဝေါ် ခြင်းခံကြရလိမ့်မည် ဟူ၍ဖြစ်သတည်း။
    • 27  ပရောဖက်အီဇာယသည်လည်း အစ္စရာအဲလ်လူမျိုးကိုရည်ညွန်း၍ ကြွေးကြော်သည်ကား အစ္စရာအဲလ်လူမျိုးတို့၏ အရေအတွက်သည် သမုဒ္ဒရာသဲလုံးနှင့်အမျှ များပြားသော်လည်း သူတို့အထဲမှကြွင်းကျန်သောလူနည်းစုသာလျှင် ကယ်တင်ခြင်း ခံရလိမ့်မည်။-
    • 28  အကြောင်းမူကား ထာ၀ရဘုရားသခင်သည် ကမ္ဘာမြေပေါ်၌ မိမိ၏တရားစီရင်ခြင်းကို တိကျလျင်မြန်စွာ ပြုလုပ်တော်မူမည် ဟူ၍ဖြစ်သတည်း။-
    • 29  ထို့နောက် ပရောဖက်အီဇာယက ကြိုတင်ဟောထားသည်ကား ကောင်းကင်ဗိုလ်ခြေတို့၏အရှင် ထာ၀ရဘုရားသခင်သည် ငါတို့အတွက် သားမြေးအချို့တို့ကို အသက်ရှင်ကြွင်းကျန် စေတော်မမူခဲ့လျှင် ငါတို့ သည် ဆောဒိုမာနှင့် ဂေါ်မောရာမြို့တို့ကဲ့သို့ ကြုံတွေ့ ကြရလိမ့်မည် ဟူ၍ဖြစ်၏။
    • 30  သို့ဖြစ်လျှင် ငါတို့မည်သို့ပြောဆိုရမည်နည်း။ ဖြောင့်မတ်ခြင်းတရားကို ရှာဖွေခြင်းမပြုသော လူမျိုးခြားတို့သည် ဖြောင့်မတ်ခြင်းတရားကို ရယူနိုင်ခဲ့ကြလေပြီ။ ထိုသူတို့သည် ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ခြင်းတရားကို ရရှိကြခြင်း ဖြစ်၏။-
    • 31  သို့သော် ပညတ်တရားအပေါ်၌ အခြေခံသောဖြောင့်မတ်ခြင်းတရားကို ရှာဖွေကြသည့် အစ္စရာအဲလ်လူမျိုးသည်ကား ပညတ်တရားကို လိုက်နာရာတွင် မအောင်မြင်ခဲ့ကြချေ။-
    • 32  အဘယ်ကြောင့် သူတို့မအောင်မြင်ကြသနည်း။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ဖြောင့်မတ်ခြင်းတရားကို ယုံကြည်ခြင်းအားဖြင့် မရှာဖွေကြဘဲ ယင်းသည် ပညတ်တရား၏ အကျင့်သီလအပေါ်၌ အခြေခံသည်ဟုမှတ်ထင်ကြ သောကြောင့်ဖြစ်၏။-
    • 33  သူတို့သည် လူတို့အား ခလုတ်တိုက်စေသော ကျောက်တုံးကိုတိုက်မိ၍ လဲကျခဲ့ကြ၏။ ထိုအခြင်းအရာနှင့်စပ်လျဉ်း၍ ကျမ်းစာလာသည်ကား ကြည့်လော့၊ လူတို့ကို ခလုတ်တိုက်စေသောကျောက်တုံး၊ လဲကျစေသောကျောက်တုံးကို ဇီအွန်တောင်ပေါ်၌ ငါချထားမည်။ ထိုအရှင်၌ ယုံကြည်သော သူမည်သည်ကား အရှက်တကွဲမဖြစ်နိုင်ရာဟူ၍ ဖြစ်၏။
  • King James Version (kjv)
    • Active Persistent Session:

      To use a different persistent session key, simply add it above, and click the button below.

      How This All Works

      Your persistent session key, together with your favourite verse, authenticates you. It links to all your notes and tags in the Bible. You can share it with loved ones so they can see your notes and tags.

      However, to modify your notes and tags, you need both the persistent session key and your favourite verse.

      Please Keep Your Favourite Verse Private

      Your persistent session key and favourite verse provide you exclusive access to edit your notes and tags. Think of your persistent session key as a username and your favourite verse as a password. Therefore, ensure your favourite verse is kept private.

      The persistent session key allows viewing, while editing is only possible when the correct favourite verse is provided.

    • Loading...

Favourite Verse

You should select one of your favourite verses.

This verse in combination with your session key will be used to authenticate you in the future.

This is currently the active session key.

Should you have another session key from a previous session.
You can add it here to load your previous session.

Romans 9:

Sharing the Word of God with the world.
  • Share Text
    ...
  • Share Link