We have 3787 guests and 0 members online
  • WORD Research this...
    Romans 15
    • 1  သို့ဖြစ်၍ ခွန်အားရှိသော ငါတို့သည် မိမိတို့၏ဆန္ဒအတိုင်း ကျေနပ်နေမည့်အစား အားနည်းသောသူတို့၏ ချို့ယွင်းချက်များကို သည်းခံကြရမည်။-
    • 2  ငါတို့အသီးသီးသည် မိမိနှင့်နီးစပ်သောသူတို့၏ ယုံကြည်ခြင်းကိုမြှင့်တင်ပေးရန် သူတို့၏ကောင်းကျိုးကိုထောက်၍ သူတို့ကို ကျေနပ်နှစ်သိမ့်စေကြစို့။-
    • 3  အဘယ်ကြောင့်ဆိုသော် သင့်ကိုစော်ကားပြောဆိုသော သူတို့၏စကားတို့သည် အကျွန်ုပ်အပေါ်သို့ ကျရောက်ပါ၏ဟု ကျမ်းစာတော်မြတ်တွင် ရေးထားသည့်အတိုင်း ခရစ်တော်သည် မိမိ၏အလိုကိုမလိုက်ခဲ့ပေ။-
    • 4  အကြောင်းမူကား ရှေးကာလက ရေးသားဖော်ပြခဲ့သော အကြောင်းအရာတို့သည် ငါတို့အား သွန်သင်ဆုံးမရန်ဖြစ်၍ စိတ်ရှည်သည်းခံခြင်းနှင့် ကျမ်းချက်များမှ အားပေးနှစ်သိမ့်ခြင်းတို့ဖြင့် ငါတို့၌ မျှော်လင့်ခြင်းရှိစေမည့်အကြောင်းတည်း။-
    • 5  စိတ်ရှည်သည်းခံခြင်းနှင့် အားပေးနှစ်သိမ့်ခြင်းတို့ကို ပေးသနားတော်မူသော ဘုရားသခင်သည် သင်တို့အား ယေဇူးခရစ် တော်၏ အလိုတော်နှင့်အညီ အချင်းချင်းစိတ်တညီတညွတ်တည်း နေထိုင်နိုင်ရန် ကူညီမစတော်မူပါစေ။-
    • 6  သို့မှသာလျှင် သင်တို့သည် ငါတို့၏သခင် ယေဇူးခရစ်တော်၏ ခမည်းတော်ဖြစ်တော်မူသော ဘုရားသခင်အား တစ်သံတည်း ချီးမွမ်းထောမနာ ပြုနိုင်ကြပေလိမ့်မည်။
    • 7  ထို့ကြောင့် ခရစ်တော်သည် သင်တို့ကိုကြိုဆိုလက်ခံသကဲ့သို့ သင်တို့သည်လည်း ဘုရားသခင်၏ ဘုန်းဂုဏ်တော်အတွက် အချင်းချင်းတစ်ဦးကိုတစ်ဦး ကြိုဆိုလက်ခံကြလော့။-
    • 8  အကြောင်းမူကား ခရစ်တော်သည် ဘိုးဘေးတို့အား ပေးထားတော်မူသောကတိတော်ကို အတည်ပြုခြင်းငှာ ဘုရားသခင်၏ သစ္စာသမ္မာတရားကိုထောက်၍ အရေဖျားလှီးခြင်းခံသော သူတို့၏အစေခံဖြစ်လာတော်မူသည်ဟု သင်တို့အား ငါဆို၏။-
    • 9  သို့မှသာလျှင် လူမျိုးခြားတို့သည်လည်း ဘုရားသခင်၏ကရုဏာတော်အတွက် ကိုယ်တော့်ကို ချီးမွမ်းထောမနာပြု ကြပေလိမ့်မည်။ ကျမ်းစာတော်မြတ်၌လည်း ရေးထားသည်ကား ထို့ကြောင့် အကျွန်ုပ်သည် လူမျိုးခြားတို့အလယ်တွင် ကိုယ်တော့်ကိုဝန်ခံ၍ ကိုယ်တော်၏နာမတော်ကို ချီးမွမ်းဧကျူးပါမည်ဟူ၍ဖြစ်သတည်း။-
    • 10  တစ်ဖန် ကျမ်းစာတော်မြတ်၌ လူမျိုးခြားအပေါင်းတို့၊ သင်တို့သည် ဘုရားသခင်၏ လူမျိုးတော်နှင့်အတူ ဝမ်းမြောက်ရွှင်လန်းကြလော့ဟူ၍လည်းကောင်း၊-
    • 11  လူမျိုးခြားအပေါင်းတို့၊ ထာ၀ရဘုရားသခင်ကို ချီးမွမ်းထောမနာပြုကြလော့၊ လူမျိုးအပေါင်းတို့၊ ကိုယ်တော်ကို ချီးမွမ်းပြောဆိုကြလော့ ဟူ၍လည်းကောင်း ရေးထား၏။-
    • 12  ထို့နောက် ပရောဖက်အီဇာယကလည်း လူမျိုးအပေါင်းတို့ကို အုပ်စိုးမည့်အရှင်သည် ဂျက်ဆေ၏အမျိုးအနွယ်မှ ပေါ်ထွန်း လာလိမ့်မည်။ လူမျိုးအပေါင်းတို့သည် ထိုအရှင်၌ မျှော်လင့်အားထားကြလိမ့်မည်ဟု ဟောထားခဲ့၏။-
    • 13  ဝိညာဉ်တော်မြတ်၏ တန်ခိုးတော်အားဖြင့် သင်တို့၌ မျှော်လင့်ခြင်းပါရမီ တိုးပွားစေခြင်းငှာ မျှော်လင့်ခြင်း၏အရှင် ဘုရားသခင်သည် သင်တို့အား ယုံကြည်စေခြင်းဖြင့် ဝမ်းမြောက်ရွှင်လန်းခြင်းနှင့် ငြိမ်းချမ်းသာယာမှုအပေါင်းကို ပေးသနားတော်မူပါစေသော်။
    • 14  ညီအစ်ကိုတို့၊ သင်တို့သည် ကောင်းမြတ်သည့် စိတ်စေတနာနှင့်ပြည့်စုံ၍ အသိပညာအမျိုးမျိုးတို့ဖြင့် ကြွယ်၀ပြီး သင်တို့အချင်းချင်း သွန်သင်ဆုံးမပေးနိုင်စွမ်းရှိကြောင်းကို ငါကိုယ်တိုင်စိတ်ချယုံကြည်ပါ၏။-
    • 15  သို့သော် အချို့သောအကြောင်းအရာများ၌ သင်တို့အား သတိပေးရန်အလို့ငှာ ငါ့အား ဘုရားသခင်ပေးတော်မူသော ကျေးဇူး တော်အားဖြင့် ငါသည် ရဲဝံ့စွာရေးသားလိုက်ပါ၏။-
    • 16  ထိုကျေးဇူးတော်သည်ကား ဘုရားသခင်၏သတင်းကောင်းကို ဟောပြောရသောရဟန်းအမှုတော်၌ ငါသည် လူမျိုး ခြားတို့အတွက် ယေဇူးခရစ်တော်၏ အမှုတော်ဆောင် ဖြစ်ရခြင်းပေတည်း။ ဤသို့ဖြင့် လူမျိုးခြားတို့၏ ပူဇော်သကာများ သည်လည်း ဝိညာဉ်တော်မြတ်အားဖြင့် သန့် ရှင်းစင်ကြယ်၍ ဘုရားသခင် နှစ်သက်ဖွယ်ဖြစ်လာပေလိမ့်မည်။-
    • 17  သို့ဖြစ်၍ ငါသည် ဘုရားသခင်၏အမှုတော်ကို ဆောင်ရွက်ရသည့်အတွက် ယေဇူးခရစ်တော်၌ ဝမ်းမြောက်ဂုဏ်ယူရန် အကြောင်းရှိ၏။-
    • 18  အကြောင်းမူကား ငါသည် အခြားသောအကြောင်းအရာများကို မပြောနိုင်သော်လည်း လူမျိုးခြားတို့နာခံခြင်း ရှိလာစေရန် တရားစကားနှင့် အကျင့်များအားဖြင့်လည်းကောင်း၊-
    • 19  နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်တန်ခိုးတို့၏ အစွမ်းအားဖြင့်လည်းကောင်း၊ ဝိညာဉ်တော်မြတ်၏ တန်ခိုးတော်အားဖြင့် လည်းကောင်း ငါ၌ခရစ်တော်လုပ်ဆောင်တော်မူခဲ့သော အရာများကို ငါပြောကြားလိုပါ၏။ ဤသို့ဖြင့် ငါသည် ဂျေရုဆလင်မြို့မှစ၍ အီလိရီကမ်မြို့ပတ်ဝန်းကျင်တိုင်အောင် ခရစ်တော်၏သတင်းကောင်းကို စုံလင်စွာ ဟောပြောခဲ့ပါ၏။-
    • 20  သို့သော် ငါသည် အခြားသူများချခဲ့သည့် အုတ်မြစ်အပေါ်တွင် တည်ဆောက်ရန် အလိုမရှိသောကြောင့် ခရစ်တော်၏နာမတော်ကို မကြားဖူးသေးသော အရပ်ဒေသတို့၌ ဧဝံဂေလိသတင်းကောင်းကိုဟောပြောခြင်းငှာ ရည်ရွယ်၍ ကြိုးစားဆောင်ရွက်ခဲ့ပါ၏။-
    • 21  ကျမ်းစာတော်မြတ်၌လည်း ရေးထားသည်ကား ကိုယ်တော်၏အကြောင်းကို ဟောပြောခြင်းမခံရသောသူတို့သည် မြင်ကြလိမ့်မည်။ ကိုယ်တော်၏အကြောင်းကို မကြားဖူးသောသူတို့သည် နားလည်ကြလိမ့်မည်ဟူ၍ဖြစ်သတည်း။
    • 22  ဤအကြောင်းကြောင့် ငါသည် ကြိမ်ဖန်များစွာ အတားအဆီးရှိခဲ့သဖြင့် သင်တို့ထံသို့ မလာရောက်နိုင်ခဲ့ပေ။-
    • 23  ယခုမူကား ငါသည် ဤအရပ်ဒေသတို့၌ အမှုတော်ထမ်းဆောင်ရန် အကြောင်းမရှိတော့ပြီဖြစ်၍ သင်တို့ရှိရာသို့လာရန် နှစ်ပေါင်းများစွာကပင် ဆန္ဒရှိခဲ့သည့်အတိုင်း၊-
    • 24  စပိန်ပြည်သို့သွားချိန်တွင် သင်တို့ထံရောက်လာနိုင်မည်ဟု ငါမျှော်လင့်၏။ ငါသည် သင်တို့နှင့်အတူ ပျော်ရွှင်စွာ ခေတ္တခဏ နေပြီးနောက် ထိုအရပ်မှ ဆက်လက်ခရီးပြုရန် ငါ့အား သင်တို့အကူအညီပေးစေလို၏။-
    • 25  ယခုတွင်မူ ငါသည် သန့်ရှင်းသူတို့အတွက် ထောက်ပံ့သောပစ္စည်းများဖြင့် ဂျေရုဆလင်မြို့သို့ သွားရမည်။-
    • 26  အဘယ်ကြောင့်ဆိုသော် မာစီဒိုးနိယနှင့် အာခါယာပြည်တို့မှ အသင်းတော်တို့သည် ဂျေရုဆလင်မြို့ရှိ သန့်ရှင်းသူများထဲမှ ဆင်းရဲသားတို့အား စေတနာစိတ်နှင့် ပစ္စည်းဥစ္စာလှူဒါန်းခဲ့ကြ၏။-
    • 27  သူတို့သည် ဤသို့ပြုလုပ်ရခြင်းအတွက် အားရကျေနပ်ကြ၏။ အမှန်စင်စစ် သူတို့၌ ထိုသူတို့၏ ကျေးဇူးမကင်းချေ။ အကြောင်းမူကား လူမျိုးခြားတို့သည် ဝိညာဉ်ရေးဆိုင်ရာ ဆုကျေးဇူးများကို ဂျူးလူမျိုးတို့ထံမှ ဝေမျှခံစားကြရလျှင် သူတို့သည်လည်း လောကီဆိုင်ရာဥစ္စာပစ္စည်းများကို ဂျူးလူမျိုးတို့အား ဝေမျှကူညီပေးသင့်၏။-
    • 28  ထို့ကြောင့် ငါသည် ဤအမှုကိုပြီးစီးအောင် ဆောင် ရွက်လျက် ကောက်ခံရရှိသော အလှူငွေကို သူတို့အား ပေးအပ်ပြီးနောက် သင်တို့ထံသို့ အလည်လာရောက်၍ ထိုမှတစ်ဆင့် စပိန်ပြည်သို့သွားမည်။-
    • 29  သင်တို့ရှိရာသို့ ငါလာသောအခါ ခရစ်တော်၏ ကောင်းချီးမင်္ဂလာအပြည့်အစုံနှင့် လာမည်ကို ငါသိ၏။
    • 30  ညီအစ်ကိုတို့၊ သင်တို့သည် ငါနှင့်အတူ ကြိုးစားအားထုတ်၍ ငါ့အတွက် ဘုရားသခင်ထံ ဆုတောင်းပတ္ထနာပြုပေးကြပါရန် ငါတို့၏သခင် ယေဇူးခရစ်တော်နှင့် ဝိညာဉ်တော်၏ မေတ္တာကရုဏာတော်ကို အမှီပြု၍ သင်တို့ကို ငါတောင်းဆိုပါ၏။-
    • 31  ငါသည် ဂျူဒေးယပြည်ရှိ မယုံကြည်သောသူတို့၏ဘေးရန်မှ လွတ်မြောက်နိုင်စေရန်နှင့် ဂျေရုဆလင်မြို့သို့ ငါယူဆောင်လာခဲ့သော အကူအညီကို ဘုရားသခင်၏ သန့်ရှင်းသောသူတို့ နှစ်သက်လက်ခံကြစေရန် ဆုတောင်းပတ္ထနာ ပြုကြလော့။-
    • 32  သို့မှသာ ငါသည် ဘုရားသခင်၏ အလိုတော်ရှိပါလျှင် သင်တို့ထံသို့ ဝမ်းမြောက်စွာလာ၍ သင်တို့နှင့်အတူ နားနေနိုင်လိမ့်မည်။-
    • 33  ငြိမ်းချမ်းသာယာခြင်း၏အရှင် ဘုရားသခင်သည် သင်တို့အားလုံးနှင့်အတူ ရှိတော်မူပါစေသော်။ အာမင်။
  • King James Version (kjv)
    • Active Persistent Session:

      To use a different persistent session key, simply add it above, and click the button below.

      How This All Works

      Your persistent session key, together with your favourite verse, authenticates you. It links to all your notes and tags in the Bible. You can share it with loved ones so they can see your notes and tags.

      However, to modify your notes and tags, you need both the persistent session key and your favourite verse.

      Please Keep Your Favourite Verse Private

      Your persistent session key and favourite verse provide you exclusive access to edit your notes and tags. Think of your persistent session key as a username and your favourite verse as a password. Therefore, ensure your favourite verse is kept private.

      The persistent session key allows viewing, while editing is only possible when the correct favourite verse is provided.

    • Loading...

Favourite Verse

You should select one of your favourite verses.

This verse in combination with your session key will be used to authenticate you in the future.

This is currently the active session key.

Should you have another session key from a previous session.
You can add it here to load your previous session.

Romans 15:

Sharing the Word of God with the world.
  • Share Text
    ...
  • Share Link