We have 3498 guests and 0 members online
  • WORD Research this...
    Acts 2
    • 1  ပင်တေကော့စတေပွဲနေ့ ကျရောက်သောအခါ သူတို့အားလုံးသည် တစ်နေရာတည်း၌ အတူစု ဝေးလျက်ရှိကြ၏။-
    • 2  ထိုအခါ ပြင်းထန်သောလေမုန်တိုင်း တိုက်ခတ်သံနှင့်တူသောအသံသည် ကောင်းကင်မှ ရုတ်တရက်ပေါ်ထွက်လာ၍ သူတို့ထိုင်နေကြသောအိမ်၌ ထိုအသံဖုံးလွှမ်းသွားလေ၏။-
    • 3  ထို့နောက် သူတို့ရှေ့တွင် လျှာပုံသဏ္ဌာန်ရှိသော မီးလျှံငယ်များထွက်ပေါ်လာ၍ သူ တို့အသီးသီး၏အပေါ်၌ တည်နေလေ၏။-
    • 4  သူတို့အားလုံးသည်လည်း ဝိညာဉ်တော်မြတ်နှင့် ပြည့်၀ကြလျက် ဝိညာဉ်တော်သည် ဟောပြောနိုင်သောတန်ခိုးအစွမ်းကို သူတို့အား ပေးတော်မူသည့်အတိုင်း သူတို့သည် အခြားသောဘာသာစကားများဖြင့်စတင်ပြောဆိုကြလေ၏။
    • 5  ထိုအချိန်တွင် ကမ္ဘာပေါ်ရှိ တိုင်းနိုင်ငံအသီးသီးတို့မှ ဘုရားတရားကြည်ညိုသူ ဂျူးလူမျိုးတို့သည် ဂျေရုဆလင်မြို့၌ တည်းခိုလျက်ရှိကြ၏။-
    • 6  ထိုအသံကို ကြားကြသောအခါ များစွာသောလူတို့သည် စုရုံးရောက်ရှိလာကြပြီးနောက် တမန်တော်တို့ ပြောဆိုနေ ကြသည်ကို မိမိတို့၏ ဘာသာစကားအသီးသီးဖြင့် ကြားကြရသောကြောင့် အလွန်အံ့ဩကြ၏။-
    • 7  ထိုလူအပေါင်းတို့သည်လည်း အံ့ဩတွေဝေလျက် ဆိုကြသည်မှာ စကားပြောဆိုနေကြသော ဤသူအားလုံးတို့သည် ဂါလေလေးယနယ်သား များမဟုတ်ပါသလော။-
    • 8  သူတို့ပြောဆိုနေကြသည်ကို ငါတို့သည် မိမိတို့၏ဘာသာစကားအသီးသီးဖြင့် ကြားနေကြရသည်မှာ အဘယ်သို့ဖြစ်သနည်း။-
    • 9  ပါသိယလူမျိုး၊ မေဒေလူမျိုးနှင့် ဧလာမိလူမျိုးများ၊ မေဆိုပိုတမိယ၊ ဂျူဒေးယ၊ ကပ္ပါဒိုးစိယပြည်၊ ပုန္တုပြည်၊ အာရှ၊-
    • 10  ဖရိဂျီယနှင့် ပမ်ဖိလိယပြည်၊ အီဂျစ်ပြည်၊ ဆီရီနေမြို့လက်အောက်ရှိ လစ်ဗျားပြည်မှ နယ်ပယ်တို့တွင်နေထိုင်သူများ၊ ရောမမြို့မှလာကြသော ဂျူးလူမျိုးများနှင့် ဂျူးဘာသာသို့ ကူးပြောင်းလာသူများ၊-
    • 11  ခရိကျွန်းသူကျွန်းသားများနှင့် အာရေးဘိယပြည်သားများဖြစ်ကြသော ငါတို့သည် ဤသူတို့ ပြောဆိုနေကြသော ဘုရားသခင်၏ အံ့ဩဖွယ်ရာအမှု တော်များကို ငါတို့၏ဘာသာစကားအသီးသီးဖြင့် ကြား နေရပါသည်တကားဟု ဆိုကြလေ၏။-
    • 12  လူအားလုံးတို့သည်လည်း အလွန်အံ့ဩတွေဝေကြလျက် ဤအမှုအရာသည်ကား မည်သို့သော အဓိပ္ပာယ်နည်းဟု အချင်းချင်း ပြောဆိုကြ၏။-
    • 13  လူအချို့တို့ကမူကား ဤသူတို့သည် စပျစ်ရည်အသစ်ကိုသောက်၍ မူးယစ်နေကြသည်ဟု ပြက်ရယ်ပြုပြောဆိုကြ၏။
    • 14  ထိုအခါ ပေတရုသည် တစ်ဆယ့်တစ်ပါးသော တမန်တော်တို့နှင့် အတူရပ်လျက် ကျယ်သောအသံဖြင့် လူပရိသတ်တို့အား ဟောပြောသည်မှာ ဂျူးလူမျိုးအပေါင်းနှင့် ဂျေရုဆလင်မြို့တွင် တည်းခိုနေထိုင်ကြသောသူအပေါင်းတို့၊ ဤအကြောင်းအရာကို သင်တို့သိကြစေရန် ငါ့စကားကို သေချာစွာနားထောင်ကြလော့။-
    • 15  ယခုအချိန်သည် နံနက်ကိုးနာရီအချိန်သာဖြစ်သောကြောင့် သင်တို့ထင်မှတ်ကြသည့်အတိုင်း ဤသူတို့သည် မူးယစ်နေ ကြခြင်းမဟုတ်။-
    • 16  ဤအကြောင်းအရာသည်ကား ပရောဖက်ဂျို အဲလ်၏ဟောထားချက်ဖြစ်သတည်း။-
    • 17  ဟောထားချက်သည်ကား ဘုရားသခင်မိန့်တော်မူသည်မှာ နောက်ဆုံးသောနေ့ရက်တို့၌ လူမျိုးတကာတို့အပေါ်သို့ ငါ၏ဝိညာဉ်တော်ကို ငါသွန်းလောင်းမည်။ သင်တို့၏သားသမီးတို့သည် ပရောဖက်ဉာဏ်နှင့် ဟောပြောကြလိမ့်မည်။ သင်တို့၏ လူငယ်များသည် ဗျာဒိတ်ရူပါရုံများကို မြင်ကြရလိမ့်မည်။ သင်တို့၏သက်ကြီးရွယ်အိုများသည် အိပ်မက်များကို မြင်မက်ကြ လိမ့်မည်။-
    • 18  ထိုနေ့ရက်တို့၌ ငါ၏အစေခံ ယောက်ျားများနှင့် မိန်းမများအပေါ်သို့ ငါ၏ဝိညာဉ်တော်ကိုသွန်းလောင်း၍ သူတို့သည်လည်း ပရောဖက်ဉာဏ်နှင့် ဟောပြောကြလိမ့်မည်။-
    • 19  ငါသည် အထက်ကောင်းကင်တွင် အံ့ဖွယ်လက္ခဏာများကိုလည်းကောင်း၊ အောက် အရပ် ကမ္ဘာမြေပေါ်တွင် သွေး၊ မီးလျှံနှင့် မီးခိုးငွေ့တည်းဟူသော နိမိတ်လက္ခဏာများကိုလည်းကောင်း ပြတော်မူမည်။-
    • 20  ထာ၀ရဘုရားသခင်၏ ထူးခြားသောနေ့ကြီး မတိုင်မီ နေသည် အမှောင်အဖြစ်သို့လည်းကောင်း၊ လသည်လည်း သွေးအဖြစ်သို့လည်းကောင်း ပြောင်းလဲသွားလိမ့်မည်။-
    • 21  ထိုအခါ ထာ၀ရဘုရားသခင်၏ နာမတော်ကို ခေါ်တကြသော သူအပေါင်းတို့သည် ကယ်တင်ခြင်းခံကြရလိမ့်မည် ဟုလာသတည်း။
    • 22  အို အစ္စရာအဲလ်လူမျိုးတို့၊ ငါပြောမည့်စကားကို နားထောင်ကြလော့။ ဘုရားသခင်သည် နာဇရက်မြို့သား ယေဇူးအားဖြင့် အံ့ဖွယ်သောတန်ခိုးများနှင့် နိမိတ်လက္ခဏာများကို သင်တို့အလယ်တွင် ပြသတော်မူခဲ့ခြင်းဖြင့် ယေဇူးသည် ဘုရားသခင် အသိအမှတ်ပြု၍ သက်သေခံတော်မူသော ပုဂ္ဂိုလ်ဖြစ်သည်ကို သင်တို့အသိပင်ဖြစ်ကြ၏။-
    • 23  ဘုရားသခင်ချမှတ်တော်မူသော အစီအစဉ်နှင့် ကြိုတင်သိရှိပြီးသော အသိဉာဏ်တော်အတိုင်း အပ်နှံခြင်းခံရတော်မူသော ထိုယေဇူးကို သင်တို့သည် ယုတ်မာသောသူတို့၏လက်ဖြင့် လက်ဝါးကပ်တိုင်တင်၍ သတ်ခဲ့ကြ၏။-
    • 24  သို့သော် သေခြင်းတရား၏ဝေဒနာသည် ကိုယ်တော့်ကို အစဉ်အမြဲချည်နှောင်ထားရန် မဖြစ်နိုင်သောကြောင့် ဘုရားသခင်သည် သူ့ကို သေခြင်း၏ဝေဒနာမှ လွတ်မြောက်စေ၍ ရှင်ပြန်ထမြောက်စေတော်မူ၏။-
    • 25  ထိုသခင်ကို အကြောင်းပြု၍ ဒါဝိဒ်မင်းကြီးက မိန့်ဆိုခဲ့သည်မှာ ငါသည် ထာ၀ရဘုရားသခင်ကို ငါ့ရှေ့ အစဉ်အမြဲမြင်ရ၏။ အကြောင်းမူကား ငါသည် တုန်လှုပ်ခြင်းမရှိစေရန် ကိုယ်တော်သည် ငါ၏လက်ယာဘက်တွင် ရှိနေတော်မူသောကြောင့်တည်း။-
    • 26  ထို့ကြောင့် ငါ၏စိတ်နှလုံးသည် ပျော်ရွှင်လျက် ငါ၏နှုတ်သည် ဝမ်းမြောက်ခြင်းရှိ၏။ ထိုမျှမက ငါ၏ခန္ဓာကိုယ်သည် မျှော်လင့်ခြင်း၌ အသက်ရှင်လိမ့်မည်။-
    • 27  အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်၏ဝိညာဉ်ကို သေမင်းနိုင်ငံ၌ စွန့်ပစ်ထားတော်မူမည် မဟုတ်။ ကိုယ်တော်၏ သန့်ရှင်းမြင့်မြတ်သူအားလည်း ပုပ်စပ်ပျက်စီးခြင်းကို မြင်ရသောအခွင့်ကို ပေးတော်မူမည် မဟုတ်။-
    • 28  ကိုယ်တော်သည် အကျွန်ုပ်အား အသက်၏လမ်းကို ညွန်ပြတော်မူ၏။ ကိုယ်တော်၏ မျက်မှောက်တော်၌ တည်ရှိနေရခြင်းသည် အကျွန်ုပ်ကို ဝမ်းမြောက်ခြင်းဖြင့် ပြည့်စုံစေလိမ့်မည်ဟု မိန့်ဆိုခဲ့၏။
    • 29  ညီအစ်ကိုတို့၊ ငါတို့၏ဘိုးဘေးဖြစ်သော ဒါဝိဒ်မင်းကြီးအကြောင်းကို ယုံကြည်စိတ်ချစွာ သင်တို့အား ငါပြောပါရစေ။ သူသည် သေလွန်၍ သင်္ဂြိုဟ်ခြင်းခံရပြီး သူ၏ သခင်္ျိုင်းဂူသည်လည်း ငါတို့နေသောအရပ်၌ ယနေ့တိုင် တည်ရှိနေသေး၏။-
    • 30  သူသည် ပရောဖက်တစ်ပါးဖြစ်သည့်အလျောက် မိမိ၏သားမြေးများထဲမှ တစ်ဦးအား မိမိ၏ ထီးနန်းအရိုက်အရာကို ဆက်ခံစေမည်ဟူ၍ ဘုရားသခင် ကတိထားတော်မူခဲ့ကြောင်းကို သိရှိခဲ့၏။-
    • 31  သူသည် ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းကို ကြိုတင်သိမြင်ခဲ့သဖြင့် ထိုအကြောင်းကို ပြောခဲ့သည်ကား ကိုယ်တော်သည် သေမင်း၏နိုင်ငံတွင် စွန့်ပစ်ထားခြင်း ခံရတော်မမူ။ ကိုယ်တော်၏ခန္ဓာတော်သည်လည်း ပုပ်စပ်ပျက်စီးခြင်းကို မြင်ခဲ့ရသည်မဟုတ် ဟူ၍ဖြစ်သတည်း။-
    • 32  ထိုယေဇူးကိုပင် ဘုရားသခင်သည် သေခြင်းမှ ရှင်ပြန်ထမြောက်စေခဲ့ပြီး ထိုအကြောင်းနှင့်စပ်လျဉ်း၍ ငါတို့အားလုံးပင် သက်သေဖြစ်ကြ၏။-
    • 33  ထို့ကြောင့် ကိုယ်တော်သည် ဘုရားသခင်၏ လက်ယာတော်ဘက်တွင် စံပယ်ရန် ချီးမြှောက်ခြင်း ခံရပြီးနောက် ကတိထားတော်မူသော ဝိညာဉ်တော်မြတ်ကို ခမည်းတော်ထံမှ ခံယူ၍ သင်တို့ယခုတွေ့မြင် ကြားသိနေကြသော ထိုဝိညာဉ်တော်ကို ငါတို့အပေါ်သို့ သွန်းလောင်းတော်မူ၏။-
    • 34  အကြောင်းမူကား ဒါဝိဒ်မင်းသည် ကောင်းကင်ဘုံသို့ တက်ကြွမသွားသော်လည်း သူကိုယ်တိုင်က ထာ၀ရဘုရားသခင်သည် ငါ၏သခင်အား၊-
    • 35  သင်၏ရန်သူများကို သင်၏ခြေတင်ခုံအဖြစ် ငါပြုလုပ်သည့်တိုင်အောင် ငါ၏လက်ယာဘက်၌ ထိုင်လော့ဟူ၍ မိန့်တော်မူခဲ့သည် ဟု ဆိုခဲ့၏။-
    • 36  ထို့ကြောင့် သင်တို့လက်ဝါးကပ်တိုင်တင်၍ သတ်ခဲ့ကြသောယေဇူးကို ဘုရားသခင်သည် အရှင်သခင်နှင့် ခရစ်တော်အဖြစ် ခန့်ထားတော်မူကြောင်း အစ္စရာအဲလ် တစ်မျိုးသားလုံး အခိုင်အမာသိကြပါစေဟု ဟောပြောလေ၏။
    • 37  လူတို့သည် ဤစကားကို ကြားကြသောအခါ စိတ်နှလုံးပူဆွေးဝမ်းနည်းကြလျက် ပေတရုနှင့် အခြားသော တမန်တော်တို့အား ညီအစ်ကိုတို့၊ ငါတို့ မည်သည့်အရာ ကို ပြုရမည်နည်းဟု မေးကြ၏။-
    • 38  ပေတရုကလည်း နောင်တရကြလော့။ သင်တို့၏အပြစ်များ ခွင့်လွှတ်ခြင်းခံရစေရန် ယေဇူးခရစ်တော်၏ နာမတော်၌ သင်တို့အားလုံး ဆေးကြောခြင်းမင်္ဂလာကို ခံယူကြလော့။ ထိုအခါ သင်တို့သည် ဝိညာဉ်တော်မြတ်၏ ဆုကျေးဇူးတော်ကို ခံယူ ရရှိကြလိမ့်မည်။-
    • 39  အဘယ်ကြောင့်ဆိုသော် ကတိတော်သည် သင်တို့နှင့်သင်တို့၏ သားသမီးများအတွက်လည်းကောင်း၊ ငါတို့၏အရှင် ထာ၀ရဘုရားသခင်က မိမိအထံတော်သို့ ခေါ်ယူတော်မူသည့်၊ ဝေးလံသောအရပ်တွင် ရှိနေသောသူများအတွက်လည်းကောင်း ဖြစ်၏ဟု ပြန်ဖြေလေ၏။-
    • 40  ထို့နောက် ပေတရုသည် အခြားသောစကားများဖြင့် သက်သေခံလျက် ဤဆိုးမိုက်ယုတ်မာသော လူမျိုးဆက်မှ သင်တို့ကိုယ်သင်တို့ ကယ်တင်ကြလော့ဟု ထိုသူတို့အား တိုက်တွန်းနှိုးဆော်လေ၏။-
    • 41  သို့ဖြစ်၍ သူ၏စကားကို လက်ခံကြသော သူတို့သည် ဆေးကြောခြင်းကို ခံယူကြသဖြင့် ထိုနေ့ရက်၌ ယုံကြည်သူ အရေ အတွက် သုံးထောင်ခန့်တိုးပွားလာလေ၏။-
    • 42  ထိုသူတို့သည် တမန်တော်တို့၏ ဆုံးမသွန်သင်ခြင်း၊ မိတ်သဟာယဖွဲ့ခြင်း၊ မုန့်ဖဲ့ခြင်းနှင့် ဆုတောင်းပတ္ထနာပြုခြင်းတို့ကို မြဲမြံစွာ လိုက်နာကျင့်ကြံ ကြလေ၏။
    • 43  တမန်တော်တို့သည် များစွာသော အံ့ဖွယ်တန်ခိုးများနှင့် နိမိတ်လက္ခဏာများကို ပြကြသဖြင့် လူအပေါင်းတို့သည် အံ့ဩထိတ်လန့်ကြကုန်၏။-
    • 44  ယုံကြည်သူအပေါင်းတို့သည်လည်း တစ်စုတစ်ဝေးတည်း နေထိုင်ကြ၍ မိမိတို့ပိုင်ဆိုင်သမျှ အားလုံးကို အများပိုင်အဖြစ် အသုံးပြုကြ၏။-
    • 45  သူတို့သည် မိမိတို့ပိုင်ဆိုင်သော ဥစ္စာပစ္စည်းများကို ရောင်းချ၍ ရရှိသောငွေကို လူတစ်ဦးစီ၏ လိုအပ်ချက်အတိုင်း ဝေငှပေးကြ၏။-
    • 46  သူတို့သည် နေ့စဉ်နေ့တိုင်း ဗိမာန်တော်သို့ အတူတကွသွားရောက်ကြပြီး မိမိတို့၏ နေအိမ်များတွင် မုန့်ဖဲ့ခြင်းအမှုကို ပြုကြလျက် ဝမ်းမြောက်၍ ရက်ရောသောစိတ်နှင့် အစားအစာတို့ကို သုံးဆောင်ကြ၏။-
    • 47  သူတို့သည် ဘုရားသခင်ကိုချီးမွမ်းကြလျက် လူအပေါင်းတို့၏ရှေ့၌လည်း မျက်နှာရကြလေ၏။ သခင်ဘုရားသည်လည်း ကယ်တင်ခြင်းခံရသော သူတို့၏ အရေအတွက်ကို နေ့စဉ်မပြတ် တိုးပွားစေတော်မူ၏။
  • King James Version (kjv)
  • ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (burcbcm - 1.2.1)

    2019-10-23

    Myanmar Burmse (my)

    ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။

    • Encoding: UTF-8
    • Direction: LTR
    • LCSH: Bible.Burmese
    • Distribution Abbreviation: ကက်သလစ်သမ္မာကျမ်းစာ CBCM

    License

    Copyrighted; Permission to distribute granted to CrossWire

    Source (OSIS)

    https://git.crosswire.org/cyrille/myanmar

    history_1.0
    (2019-10-22) Initial release
    history_1.1
    (2019-10-23) Config: Added Scope=Ps,Pr, Matt-Rev
    history_1.2
    (2019-10-23) Fix conf file
    history_1.2.1
    (2022-07-31) conf file: fix typos

Favourite Verse

You should select one of your favourite verses.

This verse in combination with your session key will be used to authenticate you in the future.

This is currently the active session key.

Should you have another session key from a previous session.
You can add it here to load your previous session.

Acts 2:

Sharing the Word of God with the world.
  • Share Text
    ...
  • Share Link