We have 3462 guests and 0 members online
  • WORD Research this...
    1 Corinthians 7
    • 1  သင်တို့ရေးသားလိုက်သောအကြောင်းအရာများနှင့်စပ်လျဉ်း၍ပြောရမည်ဆိုပါက ယောက်ျားတစ်ယောက်သည် မိန်းမ တစ်ယောက်ကို မတို့မထိလျှင် ကောင်းပေ၏။-
    • 2  သို့သော်လည်း ကာမဂုဏ်ကျူးလွန်ခြင်း အမှုသို့ကျရောက်စေရန် သွေးဆောင်ခံကြရမြဲဖြစ်သောကြောင့် ယောက်ျားတိုင်းတွင် မိမိ၏ဇနီးရှိသင့်ပြီး မိန်းမ တိုင်းတွင်လည်း မိမိ၏လင်ယောက်ျားရှိသင့်၏။-
    • 3  လင်ယောက်ျားသည် မိမိဇနီးအား သူမ၏အိမ်ထောင်ဖက် အခွင့်အရေးကို ပေးသင့်သကဲ့သို့ ဇနီးသည်လည်း မိမိ၏ ခင်ပွန်းအား ထိုနည်းတူပြုရမည်။-
    • 4  အကြောင်းမူကား ဇနီးသည် မိမိ၏ကိုယ်ခန္ဓာကိုမပိုင်ဆိုင်ဘဲ လင်ယောက်ျားက သာပိုင်ဆိုင်၏။ လင်ယောက်ျားသည်လည်း မိမိ၏ကိုယ် ခန္ဓာကိုမပိုင်ဆိုင်ဘဲ ဇနီးသည်ကသာလျှင် ပိုင်ဆိုင်၏။-
    • 5  ဆုတောင်းမေတ္တာပြုရန်အတွက် အချိန်ကာလတစ်ခုကို သတ်မှတ်ပြီးနှစ်ဦးသဘောတူရှောင်ကြဉ်ခြင်းမှလွဲ၍ တစ်ဦး၏ အလိုဆန္ဒကို တစ်ဦးက ဖြည့်ဆည်းပေးရန် ငြင်းဆန်ခြင်းမပြုကြနှင့်။ ထို့နောက် ထိုအချိန်ကုန်လွန်သောအခါ ပြန်လည် ပေါင်းသင်းကြလော့။ ထိုသို့မဟုတ်လျှင် စိတ်အလိုဆန္ဒမထိန်းနိုင်မှုအပေါ် စာတန်နတ်ဆိုးသည် အခွင့်ကောင်းယူ၍ သင်တို့ အား နှောင့်ယှက်လိမ့်မည်။-
    • 6  ငါသည် ဤသို့ဆိုရာတွင် အခွင့်ပေးခြင်းသာဖြစ်ပြီး အမိန့် ပေးနေခြင်းမဟုတ်ပေ။-
    • 7  လူအားလုံးသည် ငါကဲ့သို့ဖြစ်ခဲ့ကြလျှင် ကောင်းပေစွ။ သို့သော် တစ်ဦးစီသည် ဘုရားသခင်ထံမှ အထူးကျေးဇူးတော်ကို သီးခြားစီ ရရှိခံစားရသည်။ တစ်ဦးသည် တစ်မျိုး၊ နောက်တစ်ဦးသည် အခြားတစ်မျိုးကို ရရှိ၏။
    • 8  အိမ်ထောင်မပြုသူများနှင့် မုဆိုးမများအား ငါဆိုသည်မှာ ငါကဲ့သို့ တစ်ကိုယ်တည်းဆက်လက်နေထိုင် နိုင်ပါလျှင် သူတို့အ တွက် ကောင်းပါ၏။-
    • 9  သို့သော် သူတို့သည် စိတ်အလိုဆန္ဒကိုမထိန်းနိုင်ကြလျှင် အိမ်ထောင်ပြုသင့်၏။ အကြောင်းမူကား ရာဂစိတ်ဖြင့်တောက် လောင် နေခြင်းထက် အိမ်ထောင်ပြုခြင်းကသာ၍ကောင်း၏။
    • 10  အိမ်ထောင်သည်များအား ဤပညတ်ချက်ကို ငါပေး၏။ ယင်းသည် ငါ့ထံမှမဟုတ်ဘဲ သခင်ဘုရားထံမှ လာခြင်းဖြစ်၏။ ပညတ်ချက်သည်ကား ဇနီးသည် မိမိ၏ ခင်ပွန်းနှင့်မကွဲကွာအပ်။-
    • 11  အကယ်၍ ကွဲကွာခဲ့လျှင် သူမ သည် တစ်ကိုယ်တည်းဆက်လက်နေထိုင်ပါစေ။ ထိုသို့ မဟုတ်ပါက ခင်ပွန်းသည်နှင့် ပြန်လည်ပေါင်းသင်းပါစေ။ လင်ယောက်ျားသည်လည်း မိမိ၏ဇနီးကိုမကွာရှင်းအပ်ပေ။
    • 12  သခင်ဘုရား၏ပညတ်တော်မဟုတ်သော်လည်း ငါသည် ကျန်ရှိသောသူအားလုံးတို့အား ပြောလိုသည်မှာ ညီအစ်ကိုတစ်ဦး၌ မယုံကြည်သူဇနီးတစ်ဦးရှိ၍ ထိုဇနီး သည် သူနှင့်အတူပေါင်းသင်းနေထိုင်ရန် သဘောတူပါလျှင် သူနှင့်မကွာရှင်းအပ်။-
    • 13  အမျိုးသမီးတစ်ဦး၌လည်း မယုံကြည်သူလင်ယောက်ျားရှိ၍ ထိုခင်ပွန်းသည် သူမနှင့် အတူပေါင်းသင်းနေထိုင်ရန် သဘောတူပါလျှင် သူမသည် သူ့ကို မကွာရှင်းအပ်ပေ။-
    • 14  အကြောင်းမူကား မယုံကြည် သူလင်ယောက်ျားသည် မိမိ၏ဇနီးအားဖြင့် သန့်ရှင်းမွန် မြတ်သည့်အဖြစ်သို့ရောက်ရှိပြီး မယုံကြည်သောဇနီးသည်လည်း မိမိ၏လင်ယောက်ျားအားဖြင့် သန့်ရှင်းမွန်မြတ်သည့် အဖြစ်သို့ရောက်လေ၏။ ထိုသို့မဟုတ် ပါလျှင် သင်တို့၏သားသမီးတို့သည် မစင်ကြယ်ဘဲရှိကြလိမ့်မည်။ သို့သော် ယခုအတိုင်းဖြစ်လျှင် သူတို့သည် သန့်ရှင်းမွန်မြတ် ကြ၏။-
    • 15  သို့ရာတွင် မယုံကြည်သောအိမ်ထောင်ဖက်က ကွာရှင်းလိုပါလျှင် ကွာရှင်းပါစေ။ ထိုသို့သော အခြေအနေမျိုးတွင် ယုံကြည် သူညီအစ်ကိုမောင်နှမတို့သည် အနှောင်အဖွဲ့မှ ကင်းလွတ်ကြ၏။ အကြောင်းမူကား ဘုရားသခင်သည် ငါတို့အား ငြိမ်းချမ်းသာ ယာစွာနေ ထိုင်စေရန် ခေါ်တော်မူခြင်းဖြစ်၏။-
    • 16  အသင်ဇနီးသည်၊ သင်သည် သင်၏လင်ယောက်ျားကို ကယ်တင်နိုင်လိမ့် မည်ဟု မည်ကဲ့သို့သိနိုင်သနည်း။ အသင်ခင်ပွန်း သည်၊ သင်သည် သင်၏ဇနီးသည်ကို ကယ်တင်နိုင်လိမ့်မည်ဟု မည်ကဲ့သို့သိနိုင်သနည်း။
    • 17  သို့သော်လည်း လူတိုင်းသည် မိမိအား ဘုရားသခင် ခေါ်တော်မူစဉ်က ကိုယ်တော်သတ်မှတ်ပေးထားသည့် ဘ၀အသက်တာ အတိုင်း နေထိုင်ပါစေ။ ငါသည် အသင်း တော်အားလုံးအား ဤကဲ့သို့ပင် သွန်သင်၏။-
    • 18  တစ်စုံတစ်ယောက်သည် ခေါ်တော်မူခြင်းခံရချိန်တွင် အရေဖျား လှီးခြင်းခံရပြီးဖြစ်ပါက အရေဖျားလှီးခြင်းခံရချိန်က ရရှိခဲ့သည့် အမှတ်အသားများကိုဖယ်ရှားပစ်ရန် မကြိုးစားစေနှင့်။ တစ်စုံတစ်ယောက်သည် ခေါ်တော်မူခြင်းခံရချိန်၌ အရေဖျား လှီးခြင်းမခံရသေးပါက အရေဖျားလှီးခြင်းခံရန် မကြိုးစားစေနှင့်။-
    • 19  အကြောင်းမူကား အရေဖျားလှီးခြင်းခံ သည်၊ မခံသည်မှာ အဓိကမဟုတ်ပေ။ ဘုရားသခင်၏ ပညတ်တော်များကို စောင့်ထိန်းခြင်းသည်သာ အဓိကဖြစ်၏။-
    • 20  လူတိုင်းသည် မိမိခေါ်တော်မူခြင်းခံရစဉ်က ရှိနေသည့်ဘ၀အခြေအနေအတိုင်း ဆက်လက်နေထိုင်သင့်၏။-
    • 21  သင်သည် ခေါ်တော်မူခြင်းခံရသည့်အချိန်က ကျွန်ဖြစ်နေခဲ့ပါလျှင်လည်း မစိုးရိမ်လေနှင့်။ သို့သော် သင်သည် လွတ်မြောက် ခြင်း ရနိုင်မည်ဆိုလျှင်မူ ထိုအခွင့်အရေးကို ယူပါလော့။-
    • 22  အကြောင်းမူကား ကျွန်ဘ၀၌ သခင်ဘုရား ၏ခေါ်တော်မူခြင်းကို ခံရသောသူသည် သခင်ဘုရား၌ လွတ်လပ်သောသူဖြစ်၏။ ထိုနည်းတူစွာပင် ခေါ်တော်မူ ခြင်းခံရချိန်တွင် လွတ်လပ်သောသူသည်လည်း ခရစ် တော်၏ကျေးကျွန်ဖြစ်လေ၏။-
    • 23  သင်တို့ကို အဖိုးအခပေး ဝယ်ယူထားသောကြောင့် လူတို့၏ကျေးကျွန်မဖြစ်စေကြနှင့်။-
    • 24  သို့ဖြစ်၍ ညီအစ်ကိုတို့၊ သင်တို့အသီးသီးသည် မည်သို့သောအခြေအနေမျိုး၌ ခေါ်တော်မူခြင်းခံရသည် ဖြစ်စေ၊ ထိုအခြေအနေ၌သာလျှင် ဆက်လက်၍ ဘုရား သခင်၌ အသက်ရှင်နေထိုင်ကြပါလော့။
    • 25  အိမ်ထောင်မပြုသောသူများနှင့်ပတ်သက်၍ သခင် ဘုရား၏ပညတ်ချက်ဟူ၍ ငါ၌မရှိပေ။ သို့သော် သခင်ဘုရား၏ ကရုဏာ တော်ကြောင့် ယုံကြည်စိတ်ချထိုက် သူတစ်ဦးအနေဖြင့် ငါ၏ထင်မြင်ချက်ကို ငါပေးမည်။-
    • 26  ယခုကြုံတွေ့နေရသည့် စိတ်သောကဖိစီးမှုအခြေအနေအရ လူတစ်ဦးသည် လက်ရှိအခြေအနေအတိုင်း ဆက်လက်နေထိုင် လျှင် ကောင်းမည်ဟု ငါထင်၏။-
    • 27  သင်၌ ဇနီးမယား၏အနှောင်အဖွဲ့ရှိလျှင် လွတ်လပ်ရန် မကြိုးစားလေ နှင့်။သင်သည် ဇနီးမယားမရှိဘဲ လွတ်လပ်သူဖြစ် ပါလျှင် လက်ထပ်ထိမ်းမြားရန် မကြိုးစားလေနှင့်။-
    • 28  သို့သော် သင်လက်ထပ်ထိမ်းမြားပါက သင်သည် အပြစ်ပြုလုပ်နေခြင်း မဟုတ်ပေ။ အပျိုတစ်ဦးသည် လက်ထပ် ထိမ်းမြားလျှင်လည်း သူမသည် အပြစ်ပြုလုပ်နေခြင်းမဟုတ်ပေ။ သို့သော် အိမ်ထောင်ပြုသောသူတို့သည် လောကီဆင်းရဲ ဒုက္ခများကို ရင်ဆိုင်ကြရလိမ့်မည်။ ငါသည် သင်တို့ကို ထိုအခက်အခဲတို့မှ ကင်းဝေးစေလို၏။-
    • 29  ညီအစ်ကိုတို့၊ ငါဆိုလိုသည်ကား သတ်မှတ်ထားသောအချိန်သည် လွန်စွာတိုတောင်းလာလေပြီ။ ယခုမှစ၍ ဇနီးမယားရှိသူ တို့သည် မရှိသကဲ့သို့ နေထိုင်ကြစေ။-
    • 30  ငိုကြွေးသောသူ တို့သည်လည်း မငိုကြွေးသကဲ့သို့လည်းကောင်း၊ ပျော်ရွှင် ဝမ်းမြောက်ကြသောသူတို့သည်လည်း မပျော်ရွှင်သကဲ့ သို့လည်းကောင်း၊ ဥစ္စာပစ္စည်းကို ဝယ်ယူထားသောသူ တို့သည်လည်း သူတို့တွင် ဥစ္စာပစ္စည်းများမရှိသကဲ့သို့ လည်းကောင်း၊-
    • 31  ကမ္ဘာလောကနှင့်ပတ်သက်နေသော သူတို့သည်လည်း ယင်းနှင့်ပတ်သက်ခြင်းမရှိသကဲ့သို့ လည်းကောင်း နေထိုင်ကြလော့။ အကြောင်းမူကား လောက၏အဆင်းသဏ္ဌာန်သည် ပျောက်ကွယ်လျက်ရှိ လေပြီ။
    • 32  ငါသည် သင်တို့ကို စိုးရိမ်ပူပန်မှုများနှင့် ကင်းဝေးစေ လို၏။ အိမ်ထောင်မပြုသောလူတစ်ဦးသည် သခင်ဘုရား နှစ်သက်စေရန် မည်သို့ဆောင်ရွက်ရမည်ဟူသော သခင်ဘုရား၏အမှုကိစ္စများအတွက်သာ စိုးရိမ်ပူပန်၏။-
    • 33  အိမ်ထောင်ရှိသောသူမူကား မိမိ၏ဇနီးနှစ်သက်စေရန် မည်ကဲ့သို့ဆောင်ရွက်ရမည်ဟူသော လောကီအမှုကိစ္စများအတွက် စိုးရိမ်ပူပန်ရလေ၏။-
    • 34  သို့ဖြစ်၍ သူ၏စိတ်အာရုံသည် ကွဲပြားလေ၏။ အိမ်ထောင်မပြုသောအမျိုးသမီး၊ သို့မဟုတ် အပျိုကညာသည် မိမိ၏ ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကို မည်ကဲ့သို့သန့်ရှင်းမွန်မြတ်စေရမည်ဟူသော သခင်ဘုရားနှင့်ဆိုင်သည့်အမှုကိစ္စ တို့အတွက် သာ စိုးရိမ်တတ်၏။ အိမ်ထောင်ရှိသောအမျိုးသမီးမူကား မိမိ၏ခင် ပွန်းနှစ်သက်ရန် မည်သို့ပြုလုပ်ရမည်ဟူသော လောကီ အမှုကိစ္စတို့အတွက် စိုးရိမ်ရလေ၏။-
    • 35  ငါသည် သင်တို့၏ ကောင်းကျိုးအတွက် ဤသို့ဆိုခြင်းဖြစ်၏။ ငါသည် သင် တို့ကို ချုပ်ချယ်လို၍မဟုတ်ဘဲ သင်တို့အား ကောင်းမွန် သင့်လျော်ရာကိုပြုမူစေရန်နှင့် သခင်ဘုရား၌ အကြွင်းမဲ့ ဆက်ကပ်နိုင်ရန် ပြောဆိုခြင်းသာဖြစ်၏။
    • 36  အကယ်၍ တစ်ဦးတစ်ယောက်က မိမိသည် မိမိနှင့် စေ့စပ်ထားသူအပေါ် လျော်ကန်စွာပြုမူခြင်းမရှိဟု ထင် လျှင်ဖြစ်စေ၊ မိမိ၏ဆန္ဒများသည်လည်း ပြင်းပြနေလျှင် ဖြစ်စေ ထိုသူအား သူအလိုရှိသကဲ့သို့ဆောင်ရွက်ပါစေ။ သူတို့နှစ်ဦးလက်ထပ် ထိမ်းမြားကြပါစေ။ ဤသို့ပြုခြင်း သည် အပြစ်မဟုတ်ပေ။-
    • 37  သို့သော်လည်း မည်သူမဆို မိမိစိတ်နှလုံးကိုတည်ကြည်ခိုင်မာစေ၍ အတင်းအကျပ် မဟုတ်ဘဲ မိမိ၏ဆန္ဒရမ္မက်ကို ထိန်းချုပ်ကာ သူမအားစေ့စပ်ထားသူအဖြစ်နှင့်သာ ဆက်လက်ထားရှိမည်ဟု မိမိ၏စိတ်ထဲ၌ဆုံးဖြတ်ထားလျှင်လည်းကောင်း ပေ၏။-
    • 38  သို့ဖြစ်၍ မိမိစေ့စပ်ထားသောသူကို လက်ထပ်ထိမ်းမြား သောသူသည် ကောင်းမွန်စွာပြုကျင့်၏။ လက်ထပ်ထိမ်း မြားခြင်း ကို ရှောင်ကြဉ်သောသူကား ပို၍ပင်ကောင်းမွန် စွာပြုကျင့်ပေလိမ့်မည်။
    • 39  ဇနီးသည်တစ်ဦးသည် မိမိလင်ယောက်ျားအသက် ရှင်သရွေ့ ထိုသူ၌ နှောင်ဖွဲ့မှုရှိ၏။ လင်ယောက်ျားသေဆုံးလျှင်မူကား သူမသည် မိမိနှစ်သက်သောသူကို လက်ထပ်ထိမ်းမြားနိုင်၏။ သို့သော် ယင်းသည် သခင်ဘုရား၌ ယုံကြည်သူအချင်းချင်း လက်ထပ်ခြင်းသာဖြစ်ရမည်။-
    • 40  ငါ၏ဆုံးဖြတ်ချက်အရမူကား သူမသည် လက်ရှိအခြေ အနေအတိုင်း ဆက်လက်နေထိုင်လျှင် ပိုမိုပျော်ရွှင်ပေ လိမ့်မည်။ ဘုရားသခင်၏ဝိညာဉ်တော်သည် ငါ၌တည် ရှိတော်မူသည်ဟု ငါယုံကြည်၏။
  • King James Version (kjv)
  • ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (burcbcm - 1.2.1)

    2019-10-23

    Myanmar Burmse (my)

    ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။

    • Encoding: UTF-8
    • Direction: LTR
    • LCSH: Bible.Burmese
    • Distribution Abbreviation: ကက်သလစ်သမ္မာကျမ်းစာ CBCM

    License

    Copyrighted; Permission to distribute granted to CrossWire

    Source (OSIS)

    https://git.crosswire.org/cyrille/myanmar

    history_1.0
    (2019-10-22) Initial release
    history_1.1
    (2019-10-23) Config: Added Scope=Ps,Pr, Matt-Rev
    history_1.2
    (2019-10-23) Fix conf file
    history_1.2.1
    (2022-07-31) conf file: fix typos

Favourite Verse

You should select one of your favourite verses.

This verse in combination with your session key will be used to authenticate you in the future.

This is currently the active session key.

Should you have another session key from a previous session.
You can add it here to load your previous session.

1 Corinthians 7:

Sharing the Word of God with the world.
  • Share Text
    ...
  • Share Link