We have 3801 guests and 0 members online
  • WORD Research this...
    Matthew 27
    • 1  နံနက်အချိန်ရောက်သော် ရဟန်းအကြီးအကဲတို့နှင့် သက်ကြီးဝါကြီးအားလုံးတို့သည် ယေဇူးကို သေဒဏ်စီရင်ခြင်း ငှာ ဆွေးနွေးတိုင်ပင်ကြ၏။-
    • 2  ထို့နောက် သူတို့သည် ကိုယ်တော့်ကိုချည်နှောင်လျက် ခေါ် ဆောင်သွားကြပြီးလျှင် ဘုရင်ခံ ပီလာတုမင်း၏လက်သို့ အပ်လိုက် ကြ၏။
    • 3  ထိုအခါ ကိုယ်တော်သည် သေဒဏ်စီရင်ခြင်းခံရသည်ကို သစ္စာဖောက်သူဂျုဒမြင်လျှင် နောင်တရ၍ငွေ ဒင်္ဂါးသုံးဆယ်ကို ရဟန်းအကြီးအကဲတို့နှင့် သက်ကြီးဝါ ကြီးတို့ထံသို့ပြန်ယူခဲ့ပြီး၊-
    • 4  အကျွန်ုပ်သည် အပြစ်ကင်းသူ ၏သွေးအပေါ် သစ္စာဖောက်ခြင်းဖြင့် အပြစ်ပြုမိခဲ့ပြီဟုဆို ၏။ သူတို့ကလည်း ငါတို့နှင့်အဘယ် သို့ဆိုင်သနည်း။ သင်၏အမှုကိစ္စကို သင်ဖြေရှင်းလော့ဟုဆိုကြ၏။-
    • 5  ထိုအခါ သူသည် ဗိမာန်တော်အတွင်း၌ ထိုငွေများကို ပစ်ချ ခဲ့ပြီး ထွက်ခွာသွား၏။ ထို့နောက် သူသည် သွား၍ မိမိ ကိုယ်ကိုဆွဲကြိုး ချသေလေ၏။-
    • 6  ရဟန်းအကြီးအကဲတို့ မူကား ထိုငွေကိုကောက်ယူ၍ ပြောကြသည်မှာ ဤငွေကို ဘဏ္ဍာတော်တိုက်၌ မထည့်အပ်။ အကြောင်းမူကား ယင်းသည် သွေး၏တန်ဖိုးငွေဖြစ်သည်ဟုဆိုကြ၏။-
    • 7  ထို့ ကြောင့် သူတို့သည် တိုင်ပင်ကြပြီးမှ သူစိမ်းဧည့်သည်တို့အား သဂြိုဟ်ခြင်းငှာ အိုးထိန်းသည်၏မြေတစ်ကွက်ကို ထိုငွေဖြင့်ဝယ်ကြ၏။-
    • 8  ထို့ကြောင့် ထိုမြေကွက်ကို ယနေ့ တိုင်အောင် သွေးဖြင့်ရင်းရသောမြေဟုခေါ်ဆိုကြ၏။-
    • 9  ထို အခါ ပရောဖက်ဂျေရေမိယ၏ဟောထားချက်သည် ပြည့် စုံခြင်းသို့ရောက်လေ၏။ ဟောထားချက်သည်ကား သူ တို့သည် ထိုသူ၏တန်ဖိုးအဖြစ် အစ္စရာအဲလ်လူမျိုးတချို့ တန်ဖိုးဖြတ်ထားသော ငွေဒင်္ဂါးသုံးဆယ်ကိုယူကြ၍၊-
    • 10  ငါ့အား ထာ၀ရဘုရားသခင်ဗျာဒိတ်ထားတော်မူခဲ့သည့် အတိုင်း အိုးထိန်းသည်၏မြေကွက်အတွက် ပေးကြလေ ပြီဟုလာ သတည်း။
    • 11  ယေဇူးသည် ဘုရင်ခံ၏ရှေ့မှောက်၌ ရပ်နေတော် မူသောအခါ ဘုရင်ခံက သင်သည် ဂျူးလူမျိုးတို့၏ဘုရင် ဖြစ်သလောဟု မေးလျှင် ယေဇူးက သင်ဆိုလေပြီဟု သူ့ အားမိန့်တော်မူ၏။-
    • 12  သို့သော် ရဟန်းအကြီးအကဲတို့နှင့် သက်ကြီးဝါကြီးတို့သည် ကိုယ်တော်အား စွပ်စွဲပြောဆို ကြသောအခါ ကိုယ်တော်သည် မည်သို့မျှပြန်ဖြေတော် မမူ။-
    • 13  ထိုအခါ ပီလာတုမင်းက သင့်အပေါ်စွပ်စွဲထားသော ထွက်ဆိုချက်များ မည်မျှများပြားသည်ကို သင်မကြား သလောဟု မေးလေ၏။-
    • 14  သို့သော် ကိုယ်တော်သည် စွပ်စွဲချက်တစ်ခုကိုမျှ ပြန်လည်ဖြေကြားခြင်းမပြုသော ကြောင့် ဘုရင်ခံသည် အလွန်အံ့ဩလေ၏။
    • 15  ဘုရင်ခံသည် ပွဲတော်အချိန်အခါတွင် လူအများ တောင်းဆိုသည့်အကျဉ်းသားတစ်ဦးကို လွှတ်မြဲထုံးစံရှိ ၏။-
    • 16  ထိုအချိန်တွင် ဆိုးသွမ်းခြင်း၌ ကျော်ကြားသော ဘာရဘဟုအမည်တွင်သည့် အကျဉ်းသားတစ်ယောက်ရှိ၏။-
    • 17  လူအများစုရုံးလာကြသောအခါ ပီလာတုမင်းက သင်တို့အဖို့ မည်သူ့ကို ငါလွှတ်ပေးရန် သင်တို့အလိုရှိ ကြသနည်း။ ဘာရဘကိုလော၊ ခရစ်တော်ဟုခေါ်သော ယေဇူးကိုလောဟု သူတို့အား မေးလေ၏။-
    • 18  အကြောင်းမူကား သူတို့သည် မနာလိုသောစိတ်ဖြင့် ကိုယ်တော့်ကို အပ်နှံခဲ့ကြကြောင်း သူသိ၏။-
    • 19  ထို့ပြင် သူသည် တရား ပလ္လင်တွင်ထိုင်နေစဉ် သူ၏ဇနီးက သတင်းပို့သည်မှာ ထိုဖြောင့်မတ်သောသူ၏အမှု၌ မည်သို့မျှမပတ်သက်ပါ နှင့်။ အဘယ်ကြောင့်ဆိုသော် ယနေ့ ကျွန်မသည် ထိုသူ ကြောင့် အိပ်မက်တွင် စိတ်ဒုက္ခများစွာခံစားခဲ့ရပြီဟု မှာ ကြားထားလေ၏။-
    • 20  ရဟန်းအကြီးအကဲတို့နှင့် သက် ကြီးဝါကြီးတို့ကမူ ဘာရဘကိုလွှတ်၍ ယေဇူးကို သတ် စေမည့်အကြောင်း တောင်းဆိုရန် လူအစုအဝေးကို သွေး ဆောင်စည်းရုံးကြ၏။-
    • 21  ဘုရင်ခံက သူတို့အား ဤသူ နှစ်ယောက်တို့တွင် မည်သူ့ကို သင်တို့အဖို့ လွှတ်စေ လိုကြသနည်းဟု မေးသောအခါ သူတို့က ဘာရဘဟု ဆိုကြ၏။-
    • 22  ပီလာတုမင်းကလည်း သို့ဖြစ်လျှင် ခရစ်တော် ဟုခေါ်သောယေဇူးကို ငါမည်သို့ပြုရမည်နည်းဟု သူတို့ အား မေးသော် သူတို့အားလုံးက သူ့ကို လက်ဝါးကပ် တိုင်တင်၍ သတ်ပါဟုဆိုကြ၏။-
    • 23  ထိုအခါ ဘုရင်ခံက အဘယ်ကြောင့်နည်း၊ သူသည် မည်သည့်မကောင်းမှုကို ပြုခဲ့မိသနည်းဟုမေးလေ၏။ သို့သော် သူတို့က သူ့ကို လက်ဝါးကပ်တိုင်တင်၍သတ်ပါဟု ပိုမိုကျယ်လောင်စွာ အော်ဟစ်ကြ၏။
    • 24  ပီလာတုမင်းသည်ကား မိမိ၏စကားအကျိုးသက် ရောက်မှုမရှိသည်သာမက စတင်၍ရုန်းရင်းဆန်ခတ်ဖြစ် လာသည်ကိုပင်မြင် သောအခါ ရေကိုယူ၍ လူအများရှေ့ တွင် မိမိ၏လက်များကိုဆေးလျက် ဤဖြောင့်မတ်သော သူ၏သွေးနှင့် ငါကင်းရှင်း၏။ သင်တို့၏အမှုကိစ္စကို သင်တို့သာလျှင် လုပ်ဆောင်ကြလော့ဟုဆို၏။-
    • 25  လူ အပေါင်းတို့ကလည်း သူ၏သွေးသည် ငါတို့နှင့် ငါတို့၏ သားသမီးများအပေါ် ကျရောက်ပါစေဟု ပြန်ပြောကြ၏။-
    • 26  ထို့နောက် သူသည် သူတို့အတွက် ဘာရဘကိုလွှတ်၍ ယေဇူးကိုမူကား ကြိမ်နှင့်ရိုက်စေပြီးမှ လက်ဝါးကပ်တိုင် တင်စေခြင်းငှာ အပ်လိုက်လေ၏။
    • 27  ထိုအခါ ဘုရင်ခံ၏စစ်သူရဲများသည် ယေဇူးကို ဘုရင်ခံ၏အိမ်တော်အတွင်းသို့ ခေါ်ဆောင်သွားကြ လျက် စစ်သူရဲတစ်တပ်လုံး ကိုလည်း အထံတော်၌စုရုံး စေကြ၏။-
    • 28  ထို့နောက် သူတို့သည် ကိုယ်တော်၏အဝတ် များကိုချွတ်၍ ကိုယ်တော့်အပေါ်၌ နီသောဝတ်ရုံကိုခြုံ ပေးကြ၏။-
    • 29  သူတို့သည် ဆူးခက်နှင့်ခွေထားသောဦးရစ် ကိုလည်းပြုလုပ်ကြ၍ ၎င်းကို ကိုယ်တော်၏ဦးခေါင်းတော် ပေါ်၌တင်ကြကာ ကျူရိုးတစ်ချောင်းကိုလည်း ကိုယ်တော် ၏လက်ယာလက်တော်၌ကိုင်စေပြီးလျှင် ရှေ့တော်၌ ဒူးထောက်ကြလျက် ဂျူးလူမျိုးတို့၏ဘုရင်အား မင်္ဂလာ ရှိစေသတည်းဟု ပြက်ရယ်ပြုကြ၏။-
    • 30  ထို့နောက် သူတို့ သည် ကိုယ်တော့်ကို တံတွေးနှင့်ထွေးကြ၍ ကျူရိုးကို ယူပြီးလျှင် ဦးခေါင်းတော်ကို ရိုက်ကြ၏။-
    • 31  သူတို့သည် ကိုယ်တော့်ကို ထိုသို့ပြက်ရယ်ပြုကြပြီးနောက် နီသော ဝတ်ရုံကိုချွတ်၍ ကိုယ်တော်၏အဝတ်များကို ပြန်ဝတ် စေပြီးလျှင် ကိုယ်တော့်ကို လက်ဝါးကပ်တိုင်တင်ခြင်းငှာ ခေါ်ဆောင်သွားကြ၏။
    • 32  သူတို့သည် ရုံးတော်မှထွက်ခွာလာကြစဉ် စီမွန် အမည်ရှိသော ဆီရီနေမြို့သားတစ်ဦးကိုတွေ့ကြသော အခါ ထိုသူ့ကိုအနိုင် အထက်ပြု၍ ကိုယ်တော်၏လက်ဝါး ကပ်တိုင်ကိုထမ်းစေကြ၏။-
    • 33  ထို့နောက် ဦးခေါင်းခွံအရပ် ဟု အဓိပ္ပာယ်ရသော ဂေါလ်ဂေါသအရပ်သို့ရောက်ကြ သောအခါ၊-
    • 34  သူတို့သည် ကိုယ်တော်အား သည်းခြေနှင့် ရောသောစပျစ်ရည်ကိုသောက်ရန် ပေးကြ၏။ သို့သော် ကိုယ်တော်သည် ၎င်းကို မြည်းကြည့်ပြီးလျှင် မသောက် ဘဲနေတော်မူ၏။-
    • 35  သူတို့သည်လည်း ကိုယ်တော့်ကို လက် ဝါးကပ်တိုင်တင်ပြီးသောအခါ ကိုယ်တော်၏အဝတ်များ ကို မိမိတို့အချင်းချင်း မဲချ၍ ခွဲဝေယူကြ၏။-
    • 36  ထို့နောက် သူ တို့သည် ထိုင်၍ ကိုယ်တော့်ကို ထိုအရပ်မှ စောင့်ကြည့် နေကြလေ၏။-
    • 37  ကိုယ်တော်၏ဦးခေါင်းတော်အပေါ်၌ လည်း ဤသူသည်ကား ဂျူးလူမျိုးတို့၏ဘုရင်၊ ယေဇူးဖြစ် သတည်းဟူသော ကိုယ်တော့်အပေါ် စွဲချက်တင်ထား သည့်စာတမ်းကို တပ်ထားကြ၏။-
    • 38  ထိုအချိန်၌ ဓားပြနှစ် ယောက်တို့သည် ကိုယ်တော်နှင့်အတူ လက်ယာဘက် ၌တစ်ယောက်၊ လက်ဝဲဘက်၌တစ်ယောက် လက်ဝါးကပ် တိုင်တင်ထားခြင်း ခံကြရ၏။-
    • 39  လမ်းသွားလမ်းလာတို့ သည်လည်း မိမိတို့ဦးခေါင်းများကိုယမ်းကြလျက် လှောင် ပြောင်ကာ၊-
    • 40  ဗိမာန်တော်ကို ဖြိုဖျက်၍ သုံးရက်အတွင်း တည်ဆောက်မည့်သူ၊ သင့်ကိုယ်သင်ကယ်တင်ပါလော့။ သင်သည် ဘုရားသခင်၏ သားတော်ဖြစ်လျှင် လက်ဝါး ကပ်တိုင်မှဆင်းလာပါလော့ဟု ဆိုကြ၏။-
    • 41  ထိုနည်းတူ ပင် ရဟန်းအကြီးအကဲတို့သည်လည်း ကျမ်းတတ်ဆရာ များ၊ သက်ကြီးဝါကြီးများတို့နှင့်အတူ ကိုယ်တော်အား လှောင်ပြောင်လျက်၊-
    • 42  ဤသူသည်တခြားသောသူတို့ကို ကယ်တင်ခဲ့၏။ မိမိကိုယ်ကိုမူကား မကယ်တင်နိုင်။ သူ သည် အစ္စရာအဲလ်လူမျိုး၏ဘုရင် ဖြစ်လျှင် လက်ဝါးကပ် တိုင်ပေါ်မှ ယခုဆင်းလာပါစေ။ ထိုအခါ ငါတို့သည် သူ့ကို ယုံကြည်ပါတော့မည်။-
    • 43  သူသည် ဘုရားသခင်ကို ယုံ ကြည်အားထားသောသူဖြစ်၏။ ဘုရားသခင်သည် သူ့ကို အလိုရှိတော်မူလျှင် ယခုပင် သူ့ကိုကယ်တင်တော်မူပါစေ။ အကြောင်းမူကား သူက ငါသည် ဘုရားသခင်၏ သားတော်ဖြစ်၏ဟုဆိုခဲ့သည်ဟူ၍ ပြောဆိုကြ လေ၏။-
    • 44  ကိုယ် တော်နှင့်အတူ လက်ဝါးကပ်တိုင်တင်ခံကြရသော ဓားပြတို့သည်လည်း ကိုယ်တော့်ကို ထိုနည်းတူပုတ် ခတ်ပြော ဆိုကြ၏။
    • 45  မွန်းတည့်အချိန်မှစ၍ မွန်းလွဲသုံးနာရီအချိန်တိုင် အောင် မြေတစ်ပြင်လုံး၌ မှောင်မိုက်အတိကျရောက်လေ၏။-
    • 46  သုံးနာရီအချိန်ခန့်တွင် ယေဇူးသည် ကျယ်လောင် သောအသံနှင့် ဧလိ၊ ဧလိ၊ လာမားဆဘတ္တာနီဟု ဟစ် အော်တော်မူ၏။ အဓိပ္ပာယ်ကား အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်၏ဘုရား၊ အဘယ်ကြောင့် အကျွန်ုပ်ကို စွန့်ပစ် ထားတော်မူပါသနည်းဟု ဆိုလိုသ တည်း။-
    • 47  ထိုနေရာ၌ ရပ်နေသူအချို့တို့သည် ထိုစကားကိုကြားကြလျှင် ဤသူ သည် ဧလိယကိုခေါ်နေသည်ဟု ဆိုကြ၏။-
    • 48  ထိုသူတို့ တွင် တစ်ယောက်သည် ချက်ချင်းပြေးကာ ရေမြှုပ်တစ်ခု ကိုယူ၍ ပုန်းရည်ဖြင့်ပြည့်စေပြီးလျှင် ၎င်းကို ကျူရိုးတွင် တပ်လျက် ကိုယ်တော်အား သောက်စေခြင်းငှာ ပေးလေ ၏။-
    • 49  သို့သော် အခြားသောသူတို့က ခေတ္တစောင့်ပါဦး၊ သူ့ အား ကယ်တင်ရန် ဧလိယလာ၊ မလာကိုကြည့်ကြစို့ဟု ဆိုကြ၏။-
    • 50  ယေဇူးမူကား ကျယ်သောအသံဖြင့် တစ်ဖန် ဟစ်အော်တော်မူ၍ အသက်တော်ကို စွန့်လိုက်တော်မူ ၏။
    • 51  ထိုအချိန်တွင် ဗိမာန်တော်၏ကန့်လန့်ကာသည် အထက်စွန်းမှ အောက်စွန်းတိုင်အောင် စုတ်၍ နှစ်ခြမ်းကွဲ သွားလေ၏။ မြေငလျင်ကြီးစွာလှုပ်၍ ကျောက်ဆောင် များလည်း ကွဲအက်လေ၏။-
    • 52  သင်္ချိုင်းဂူများသည်လည်း ပွင့်သဖြင့် သေလွန်ပြီးသောသူတော် ကောင်း တို့၏ခန္ဓာ ကိုယ်များသည် ပြန်ရှင်ကြ၏။- ထိုသူတို့ သည် ကိုယ်တော်ရှင်ပြန်ထမြောက်တော်မူပြီးသည့်နောက်တွင် သင်္ချိုင်းဂူများမှထွက်လာကြ၍ သန့်ရှင်းသောမြို့တွင်းသို့ ဝင်ရောက် ကြကာ လူများစွာတို့အား ထင်ရှားပြကြလေ ၏။-
    • 53  ယေဇူးကိုစောင့်ကြည့်လျက်ရှိကြသော လူတစ်ရာ တပ်မှူးနှင့် သူနှင့်အတူရှိသောသူတို့သည် ငလျင်လှုပ် ခြင်းနှင့် ဖြစ်ပျက်သမျှ အခြင်းအရာတို့ကို တွေ့မြင်ကြရ သောအခါ လွန်စွာထိတ်လန့်အံ့ဩကြ၍ ဤသူသည် ဘုရားသခင်၏သားတော် ဧကန်အမှန်ဖြစ် ပေသည်ဟု ဆိုကြ၏။
    • 54  ယေဇူး၏နောက်တော်သို့ ဂါလေလေးယနယ်မှ လိုက်၍ အလုပ်အကျွေးပြုနေကြသည့်အမျိုးသမီးများစွာသည် ထိုနေရာတွင် ရှိနေကြပြီး ခပ်လှမ်းလှမ်းမှ ကြည့်ရှု နေကြ၏။-
    • 55  ထိုသူတို့ထဲတွင် မာရိယာမာဒလေးနာ၊ ယာ ကုပ်နှင့် ဂျိုးဇက်တို့၏အမိဖြစ်သောမာရိယာနှင့် ဇေဘေ ဒေးဦး၏သားတို့၏ မိခင်သည်လည်း ပါရှိလေ၏။
    • 56  ညနေအချိန်ရောက်လျှင် ယေဇူး၏တပည့်တစ်ဦး ဖြစ်သည့် အာရီမာတေးယမြို့သားဂျိုးဇက်အမည်ရှိသော ချမ်းသာကြွယ်၀ သူတစ်ဦးရောက်လာလေ၏။-
    • 57  သူသည် ပီလာတုမင်းထံသို့သွားပြီးလျှင် ယေဇူး၏အလောင်း တော်ကို တောင်းလေ၏။ ထိုအခါ ပီလာတုမင်းက အလောင်း တော်ကို သူ့အား ပေးရန် အမိန့်ချလိုက်လေ၏။-
    • 58  ဂျိုးဇက်သည်လည်း အလောင်းတော်ကိုယူဆောင် ဖြူစင်သောပိတ်အဝတ်ဖြင့် ပတ်ရစ်ပြီး၊-
    • 59  ကျောက် ဆောင်တွင်ထွင်းထား သော၊ မိမိပိုင်ဆိုင်သည့်သင်္ချိုင်းဂူ အသစ်၌ ကိုယ်တော်၏အလောင်းတော်ကို သွင်းထားလေ၏။ ထို့နောက် သူသည် သင်္ချိုင်းတွင်းအဝ၌ ကြီးမား သောကျောက်တုံးတစ်တုံးကို လှိမ့်၍ ပိတ်ထားခဲ့ပြီးမှ ထွက်ခွာသွားလေ၏။-
    • 60  မာရိယာမာဒလေးနာနှင့် အခြား သော မာရိယာတို့သည် သင်္ချိုင်းတော်ကို မျက်နှာမူလျက် ထိုနေရာ၌ ထိုင်နေကြလေ၏။
    • 62  ပွဲတော်အတွက် ပြင်ဆင်ရသောနေ့လွန်ပြီး နောက်တစ်ရက်တွင် ရဟန်းအကြီးအကဲတို့နှင့် ဖာရီဇေးဦးတို့သည် ပီလာတုမင်း ရှေ့တွင် စုရုံးကြလျက်၊-
    • 63  အရှင်မင်းကြီး၊ ထိုလှည့်ဖြားတတ်သောသူအသက်ရှင်စဉ်က ငါသည် သုံးရက်မြောက်သောနေ့၌ တစ်ဖန်ထမြောက်လိမ့်မည်ဟု ဆိုခဲ့ဖူးသည်ကို အကျွန်ုပ်တို့မှတ်မိပါသည်။-
    • 64  ထို့ကြောင့် သူ၏တပည့်တို့သည် သွားကြ၍ သူ၏အလောင်းကို ခိုးယူကြပြီး သူသည် သေခြင်းမှ ရှင်ပြန်ထမြောက် လေပြီဟု လူတို့အား ပြောဆိုကြပါလျှင် ယခင်လှည့်ဖြားခြင်းထက် နောက်လှည့်ဖြားခြင်းက ပို၍ကြီးမည်ကို စိုးရိမ်ရပါသည်။ သို့ဖြစ်၍ သင်္ချိုင်းဂူကို သုံးရက်မြောက်သောနေ့တိုင်အောင် လုံခြုံစွာ စောင့်ကြပ်ပေးစေရန် အမိန့်ပေးတော်မူပါဟု လျှောက်ကြလေ၏။-
    • 65  ပီလာတုမင်းက သင်တို့၌ အစောင့်တပ်ရှိ၏ သွား၍ သင်တို့တတ်နိုင်သမျှ လုံခြုံအောင် စောင့်ကြပ်ကြလော့ဟု သူတို့အား ဆိုလေ၏။-
    • 66  ထို့ကြောင့် သူတို့သည်လည်း သွားကြ၍ ကျောက်တုံးကို တံဆိပ်ခတ်နှိပ်ကာ အစောင့်များချထားကြလျက် သင်္ချိုင်းဂူကို လုံခြုံအောင် စောင့်ကြပ်စေကြ၏။
  • King James Version (kjv)
    • Active Persistent Session:

      To use a different persistent session key, simply add it above, and click the button below.

      How This All Works

      Your persistent session key, together with your favourite verse, authenticates you. It links to all your notes and tags in the Bible. You can share it with loved ones so they can see your notes and tags.

      However, to modify your notes and tags, you need both the persistent session key and your favourite verse.

      Please Keep Your Favourite Verse Private

      Your persistent session key and favourite verse provide you exclusive access to edit your notes and tags. Think of your persistent session key as a username and your favourite verse as a password. Therefore, ensure your favourite verse is kept private.

      The persistent session key allows viewing, while editing is only possible when the correct favourite verse is provided.

    • Loading...

Favourite Verse

You should select one of your favourite verses.

This verse in combination with your session key will be used to authenticate you in the future.

This is currently the active session key.

Should you have another session key from a previous session.
You can add it here to load your previous session.

Matthew 27:

Sharing the Word of God with the world.
  • Share Text
    ...
  • Share Link