We have 3616 guests and 0 members online
  • WORD Research this...
    Mark 5
    • 1  သူတို့သည် အိုင်တစ်ဖက်ကမ်းတွင်ရှိသော ဂျေရာဇင်နယ်သို့ရောက်ကြ၏။-
    • 2  ကိုယ်တော်သည် လှေထဲမှတက်လာတော်မူသောအခါ ညစ်ညူးသောနတ် ဆိုးစီးခြင်းခံနေရသည့်လူတစ်ဦးသည် သခင်္ျိုင်းဂူများကြား မှထွက်လာ၍ ကိုယ်တော်နှင့်တွေ့လေ၏။-
    • 3  ထိုသူသည် သခင်္ျိုင်းဂူများအကြားတွင် နေထိုင်၏။ မည်သူမျှ သူ့ကို သံ ကြိုးနှင့်ပင် ချည်နှောင်၍ မထားနိုင်ကြချေ။-
    • 4  အကြောင်းမူကား သူ့ကိုခြေချင်းများ၊ သံကြိုးများဖြင့်အကြိမ်ကြိမ်ချည် နှောင်ကြသော်လည်း သူသည် သံကြိုးများကိုဖြတ်၍ သံခြေချင်းများကို အပိုင်းပိုင်းကျိုးပဲ့စေသောကြောင့် မည်သူမျှ သူ့ကိုထိန်းချုပ်နိုင်စွမ်းမရှိကြချေ။-
    • 5  သူသည် သခင်္ျိုင်းဂူများ အကြားနှင့် တောင်ကုန်းများပေါ်တွင် နေ့ညမပြတ်အော်ဟစ်နေလျက် ကျောက်တုံးများဖြင့် မိမိကိုယ်ကိုအနာတရ ဖြစ်စေ၏။-
    • 6  သူသည် ယေဇူးကို အဝေးမှမြင်သောအခါ ပြေးသွားပြီးလျှင် ရှေ့တော်၌ ပျပ်ဝပ်လျက်၊-
    • 7  အမြင့်ဆုံး သောဘုရားသခင်၏ သားတော်ယေဇူး၊ ကိုယ်တော်သည် အကျွန်ုပ်ကို မည်သို့ပြုပါမည်နည်း။ အကျွန်ုပ်ကို ညှဉ်းဆဲတော်မမူပါရန် ဘုရားသခင်၏နာမတော်ကို အမှီပြု၍ အသနားခံပါသည်ဟု ကျယ်လောင်သောအသံဖြင့် အော်ဟစ် တောင်းလျှောက်လေ၏။-
    • 8  အကြောင်းမူကား ကိုယ်တော်က အသင် ညစ်ညူးသောနတ်ဆိုး၊ ဤသူ့ထံမှ ထွက်ခွာလော့ဟု သူ့အား အမိန့်ပေးတော်မူ သောကြောင့်တည်း။-
    • 9  ကိုယ်တော်ကလည်း သင်၏အမည်ကားမည် သူဖြစ်သနည်းဟု သူ့ကိုမေးတော်မူလျှင် သူက အကျွန်ုပ်၏အမည်မှာ လေဂျင်ဖြစ်ပါ၏။ အကြောင်းမူကား အကျွန်ုပ် တို့သည် အရေအတွက်များသောကြောင့်ဖြစ်ပါသည်ဟု ဖြေလေ၏။-
    • 10  ထို့နောက် သူသည် မိမိတို့ကို ဤဒေသမှနှင် ထုတ်တော်မမူမည့်အကြောင်း ကိုယ်တော်အား အတန် တန်တောင်းပန် လေ၏။-
    • 11  ထိုအချိန်၌ ဝက်အုပ်ကြီးတစ်အုပ်သည် တောင်ကုန်းပေါ်တွင် အစာစားလျက်ရှိ၏။-
    • 12  ထိုအခါ သူတို့က အကျွန်ုပ်တို့ကို ဝက်များထံသို့ စေလွှတ်တော်မူပါ။ ၎င်းတို့ထဲသို့ အကျွန်ုပ်တို့ဝင်ပါရစေဟုတောင်း ပန်ကြ၏။-
    • 13  ထို့ကြောင့် ကိုယ်တော်သည်လည်း သူတို့ကို ခွင့်ပြုတော်မူလေ၏။ ထိုအခါ ညစ်ညူးသောနတ်ဆိုးတို့ သည် ထွက်လာကြ၍ ဝက်များထဲသို့ဝင်သဖြင့် အကောင်ရေနှစ်ထောင်ခန့်ရှိသောဝက်အုပ်ကြီးသည် မတ်စောက်သောကမ်းပါးအတိုင်း ပင်လယ် အတွင်းသို့ တစ်ဟုန်ထိုး ပြေးဆင်းလျက် ပင်လယ်တွင်နစ်မြုပ်သေဆုံးကြကုန်၏။
    • 14  ဝက်ကျောင်းသောသူတို့သည်လည်း ထွက်ပြေး သွားကြ၍ ဤအကြောင်းကို မြို့တွင်းနှင့် ပတ်ဝန်းကျင် အရပ်ဒေသတို့တွင် ပြောကြားကြသဖြင့် လူတို့သည်ဖြစ် ပျက်သမျှတို့ကိုသိမြင်ခြင်းငှာလာကြ၏။-
    • 15  သူတို့သည် ယေဇူးထံတော်သို့ရောက်လာကြသောအခါ နတ်ဆိုး များစွာစီးခြင်းခံရသူသည် အဝတ်ကိုဝတ်လျက် ပုံမှန်စိတ် ဖြင့်ထိုင်လျက်ရှိသည်ကိုတွေ့ မြင်ကြသဖြင့် ကြောက်ရွံ့ကြလေ၏။-
    • 16  ထိုဖြစ်ရပ်ကို ကိုယ်တိုင်မြင်တွေ့ခဲ့သောသူတို့က နတ်ဆိုးစီးခံရသောသူနှင့် ဝက်များ၌ ဖြစ်ပျက်ခဲ့ သောအကြောင်းအရာ တို့ကို သူတို့အား ပြောပြကြ၏။-
    • 17  ထို့ကြောင့် သူတို့သည် ကိုယ်တော့်ကို မိမိတို့၏ဒေသမှ ထွက်ခွာသွားပါမည့်အကြောင်း တောင်းပန်ကြလေ၏။-
    • 18  ကိုယ်တော်သည်လည်း လှေပေါ်သို့တက်တော်မူစဉ် နတ်ဆိုးစီးခြင်းခံခဲ့ရသူက ကိုယ်တော်နှင့်လိုက်ပါခွင့်ပြုပါမည့် အကြောင်း တောင်းပန်လေ၏။-
    • 19  သို့သော် ကိုယ် တော်သည် ခွင့်ပြုတော်မမူဘဲ သူ့အား သင်၏အိမ်နှင့် ဆွေမျိုးသားချင်း တို့ထံသို့သွား၍ ဘုရားသခင်သည် သင့်အတွက် မည်ကဲ့သို့ပြုတော်မူကြောင်းကိုလည်းကောင်း၊ ကိုယ်တော်သည် သင့်အပေါ် မည်ကဲ့သို့ ကရုဏာထားတော်မူ ကြောင်းကိုလည်းကောင်း သူတို့အား ပြောကြားလော့ဟု မိန့်တော်မူလေ၏။-
    • 20  ထိုသူသည်လည်း ထွက်သွားပြီးလျှင် ယေဇူးသည် မိမိ၌ မည်မျှကျေးဇူးပြုတော်မူ ကြောင်းကို ဒေကာပိုလစ်နယ်တွင် စတင်ကြေညာပြော ဆိုသဖြင့် လူအပေါင်းတို့သည်လည်း အံ့ဩကြလေ၏။
    • 21  ယေဇူးသည်လည်း တစ်ဖက်ကမ်းသို့ လှေဖြင့် တစ်ဖန်ကူးတော်မူသောအခါ များစွာသောလူအစုအဝေးတို့သည် အထံတော် သို့စုရုံးလာကြ၏။ကိုယ်တော်သည ်ပင်လယ်ကမ်းနား၌ရှိတော်မူ၏။-
    • 22  ထိုအချိန်တွင် ဂျိုင်ရု အမည်ရှိသောတရားဇရပ်မှူးတစ်ဦးသည် အထံတော်သို့ ရောက်လာ၏။ သူသည် ကိုယ်တော့်ကိုမြင် သောအခါ ခြေတော်ရင်း၌ ပျပ်ဝပ်လျက်၊-
    • 23  အကျွန်ုပ်၏သမီးငယ်သည် သေလုနီးပါးဖြစ်နေပါသည်။ ကိုယ်တော်ကြွလာတော်မူ၍ သူမအပေါ်၌ လက်တော်ကိုတင်တော် မူလျှင် သူမသည် ကျန်းမာလာ၍ အသက်ရှင်ပါလိမ့်မည်ဟု အသနားခံလျှောက်ထားလေ၏။-
    • 24  ထိုအခါ ကိုယ်တော်သည် သူနှင့်အတူလိုက်သွားတော်မူ၏။ များစွာသောလူအစုအဝေးသည်လည်း ကိုယ်တော်၏ နောက်တော်သို့လိုက်ကြသဖြင့် ကိုယ်တော်၏အနီးတွင် ပြည့်ကျပ် လျက်တိုးဝှေ့နေကြ၏။-
    • 25  ထိုအရပ်၌ တစ် ဆယ့်နှစ်နှစ်ပတ်လုံး သွေးသွန်နာစွဲကပ်နေသောအမျိုး သမီးတစ်ဦးရှိ၏။-
    • 26  သူမသည် များစွာသောဆေးဆရာတို့၏ကုသမှုကိုခံယူခဲ့ပြီး မိမိ၌ရှိသမျှသောဥစ္စာပစ္စည်းများ ကုန်ဆုံးသွားခဲ့သော်လည်း သက်သာရာမရသည့်အပြင် ဝေဒနာသည် ပို၍ဆိုးရွားလာခဲ့၏။-
    • 27  သူမသည် ယေဇူး၏ အကြောင်းကိုကြားသိခဲ့ရပြီး ကိုယ်တော်၏နောက်တော်မှ လူအစုအဝေးထဲသို့ဝင်၍ ကိုယ်တော်၏ ဝတ်ရုံတော် ကိုတို့လေ၏။-
    • 28  အကြောင်းမူကား သူမက ငါသည် ကိုယ်တော်၏ဝတ်ရုံတော်ကိုသာ တို့ထိရပါလျှင် ရောဂါပျောက်ကင်းလိမ့်မည်ဟု မိမိစိတ်ထဲတွင် တွေးမိသောကြောင့် ဖြစ်၏။-
    • 29  ထိုခဏချင်းတွင်ပင် သူမ၏သွေးသွန်ခြင်းသည် ရပ်ဆိုင်းသွား၍ သူမ၏ခန္ဓာကိုယ်၌ ဝေဒနာပျောက်ကင်း သွားသည်ကို ခံစားရလေ၏။-
    • 30  ထိုအခါ ယေဇူးသည် မိမိထံမှ တန်ခိုးတော်ထွက်သွားသည်ကိုသိတော်မူ၍ လူအစုအဝေးတို့ဘက်သို့ချက်ချင်း လှည့်တော ်မူပြီးမှ ငါ၏ဝတ်ရုံကို မည်သူတို့ထိသနည်းဟု မေးတော်မူ၏။-
    • 31  ကိုယ်တော်၏တပည့်တော်တို့ကလည်း လူအစုအဝေးသည် ကိုယ်တော်အား ဝိုင်းရံတိုးဝှေ့နေသည်ကိုသိလျက်နှင့် ငါ့ကိုမည် သူတို့ထိသနည်းဟု မေးတော်မူသလောဟု လျှောက်ထားကြ၏။-
    • 32  သို့သော် ကိုယ်တော်သည် မိမိကို မည်သူတို့ထိခဲ့ကြောင်းသိရန် ပတ်လည်သို့လှည့်ကြည့် တော်မူ၏။-
    • 33  ထိုအမျိုးသမီးမူကား မိမိ၌ဖြစ်ပျက်သမျှကို သိသောကြောင့် ကြောက်ရွံ့တုန်လှုပ်စွာ ချဉ်းကပ်၍ ခြေ တော်ရင်းတွင်ပျပ်ဝပ် လျက် ဖြစ်ရပ်မှန်ကို အကုန်အစင် လျှောက်ထားလေ၏။-
    • 34  ထိုအခါ ကိုယ်တော်ကလည်း သမီး၊ သင်၏ယုံကြည်ခြင်းသည် သင့်ကိုကျန်းမာစေပြီ။ ငြိမ်သက်ခြင်းဖြင့်သွားလော့။ သင်၏ ရောဂါပျောက်ကင်း စေဟု သူမအား မိန့်တော်မူ၏။
    • 35  ထိုသို့ ကိုယ်တော်မိန့်တော်မူစဉ်တွင် တရားဇရပ်မှူး၏အိမ်မှလူအချို့ရောက်လာကြ၍ သင်၏သမီးသေလေပြီ။ အဘယ်ကြောင့် ဆရာသခင်ကို ထပ်မံ၍ ဒုက္ခပေး မည်နည်းဟု ဆိုကြ၏။-
    • 36  ယေဇူးမူကား သူတို့ပြောသော စကားကို လျစ်လျူရှုလျက် စိုးရိမ်ခြင်းမရှိလေနှင့်၊ ယုံကြည်ခြင်းသာရှိလော့ဟု တရားဇရပ် မှူးအား မိန့်တော်မူ၏။-
    • 37  ထို့နောက် ကိုယ်တော်သည် ပေတရု၊ ယာကုပ်နှင့် ယာကုပ်၏ညီ ယောဟန်တို့မှတစ်ပါး မည်သူ့ကိုမျှ မိမိနှင့်အတူလိုက် ခွင့်ပြုတော်မမူ။-
    • 38  သူတို့သည် တရားဇရပ်မှူး ၏အိမ်သို့ရောက်ကြသောအခါ လူတို့သည် အုတ်အုတ် ကျက်ကျက်ဖြစ်လျက် ကျယ်လောင်စွာ ငိုကြွေးမြည် တမ်းနေကြသည်ကို ကိုယ်တော်မြင်တော်မူ၏။-
    • 39  ကိုယ်တော်သည်လည်း အိမ်ထဲသို့ဝင်တော်မူ၍ သင်တို့သည် အဘယ်ကြောင့် အုတ်အုတ်ကျက်ကျက်ဖြစ်လျက် ငိုကြွေးနေ ကြသနည်း။ သူငယ်မသေသည်မဟုတ်။ အိပ်ပျော်လျက်သာရှိသည်ဟု သူတို့အား မိန့်တော်မူ၏။-
    • 40  ထိုအခါ သူတို့သည် ကိုယ်တော့်ကိုလှောင်ပြောင်ရယ်မော ကြ၏။ သို့သော် ကိုယ်တော်သည် ထိုသူအားလုံးတို့ကို အပြင်သို့ ထွက်စေပြီးမှ မိမိနှင့်အတူပါလာသောသူတို့နှင့် သူငယ်မ၏မိဘတို့ကို ခေါ်တော်မူ၍ သူငယ်မရှိသော အခန်းထဲသို့ဝင်တော် မူ၏။-
    • 41  ထို့နောက် ကိုယ်တော်သည် သူငယ်မ၏လက်ကို ဆုပ်ကိုင်လျက် တာလိသာကွမ်ဟု မိန့်တော်မူ၏။ အဓိပ္ပာယ်ကား သူငယ်မ၊ သင့်အား ငါအမိန့် ရှိသည်၊ ထလော့ဟု ဆိုလိုသတည်း။-
    • 42  ထိုခဏချင်းတွင်ပင် သူငယ်မသည်ထ၍ လမ်းလျှောက်လေ၏။ အဘယ် ကြောင့်ဆိုသော် သူမသည် အသက်တစ်ဆယ့် နှစ်နှစ်ရှိပြီဖြစ်၏။ သူတို့သည်လည်း အလွန်အံ့ဩကြ၏။-
    • 43  ထိုအခါ ကိုယ်တော်သည် ဤဖြစ်ရပ်ကို မည်သူမျှမသိစေရန် သူတို့အား ကြပ်တည်းစွာ တားမြစ်တော်မူ၍ သူငယ်မအား စားစရာတစ်စုံတစ်ခုပေးရန် မိန့်တော်မူ၏။
  • King James Version (kjv)
    • Active Persistent Session:

      To use a different persistent session key, simply add it above, and click the button below.

      How This All Works

      Your persistent session key, together with your favourite verse, authenticates you. It links to all your notes and tags in the Bible. You can share it with loved ones so they can see your notes and tags.

      However, to modify your notes and tags, you need both the persistent session key and your favourite verse.

      Please Keep Your Favourite Verse Private

      Your persistent session key and favourite verse provide you exclusive access to edit your notes and tags. Think of your persistent session key as a username and your favourite verse as a password. Therefore, ensure your favourite verse is kept private.

      The persistent session key allows viewing, while editing is only possible when the correct favourite verse is provided.

    • Loading...

Favourite Verse

You should select one of your favourite verses.

This verse in combination with your session key will be used to authenticate you in the future.

This is currently the active session key.

Should you have another session key from a previous session.
You can add it here to load your previous session.

Mark 5:

Sharing the Word of God with the world.
  • Share Text
    ...
  • Share Link