We have 3883 guests and 0 members online
  • WORD Research this...
    Hebrews 10
    • 1  ပညတ်တရားတွင် နောင်ဖြစ်လာမည့် ကောင်းသောအရာတို့၏ပုံရိပ်မျှသာပါရှိပြီး ၎င်းတို့၏ စစ်မှန်သောရုပ်လွှာများ မပါဝင်သော ကြောင့် နှစ်စဉ်ပူဇော်လေ့ရှိသည့် တူညီသောယဇ်ပူဇော်ခြင်းများအားဖြင့် အထံတော်သို့ ချဉ်းကပ်ကြသောသူတို့အား စုံလင်ခြင်းကို မည်သို့မျှမပေးစွမ်းနိုင်ခဲ့ချေ။-
    • 2  သူတို့သည် စုံလင်ခြင်းသို့ရောက်ခဲ့ပါလျှင် ယဇ်ပူဇော်ခြင်းများကိုပြုလုပ်ကြတော့ မည်မဟုတ်ပေ။ ဝတ်ပြုသူတို့သည် တစ်ကြိမ်တည်းနှင့် အပြီးအပိုင်စင်ကြယ်ခြင်းသို့ရောက်ကြပါလျှင် သူတို့၌ အပြစ်ရှိသည်ဟု ထင်မှတ်ကြတော့မည်မဟုတ်။-
    • 3  ဤပူ ဇော်ခြင်း၌ကား အပြစ်တရားအကြောင်းကို နှစ်စဉ်နှစ် တိုင်းသတိပေးထားလေ၏။-
    • 4  အဘယ်ကြောင့်ဆိုသော် နွားနှင့် ဆိတ်တို့၏သွေးသည် အပြစ်ဒုစရိုက်များကို ဖယ် ရှင်းပေးရန် မဖြစ်နိုင်ချေ။
    • 5  ထို့ကြောင့် ခရစ်တော်သည် လောကသို့ကြွလာ တော်မူသောအခါ မိန့်ဆိုသည်ကား ကိုယ်တော်သည် ယဇ်ကောင်နှင့် ယဇ်ပူဇော်သကာတို့ကို အလိုတော်မရှိ သောကြောင့် အကျွန်ုပ်အတွက် ကိုယ်ခန္ဓာကို ပြင်ဆင် ထားတော်မူလေပြီ။-
    • 6  မီးရှို့ရာယဇ်နှင့် အပြစ်ဖြေရာယဇ် တို့ကို ကိုယ်တော်နှစ်သက်တော်မမူ။-
    • 7  သို့ဖြစ်၍ အကျွန်ုပ် ဆိုသည်ကား ကျမ်းစာတော်မြတ် တွင် အကျွန်ုပ်၏ အကြောင်းကို ရေးသားထားသည်နှင့်အညီ အိုဘုရား သခင်၊ ကိုယ်တော်၏အလိုတော်ကိုဆောင်ရွက်ရန် အကျွန်ုပ် ရောက်ရှိလာ ပါပြီဟူ၍ဖြစ်၏။-
    • 8  ခရစ်တော်က ကိုယ်တော်သည် မီးရှို့ရာယဇ်၊ အပြစ်ဖြေရာယဇ် အစရှိ သောယဇ်များနှင့် ပူဇော်သကာများတို့ကို အလိုတော် လည်းမရှိ၊ နှစ်သက်တော်မူခြင်းလည်းမရှိဟုဆိုရာတွင် ပညတ်တရားအတိုင်းပူဇော်ရသောအရာများကို ရည်ညွန်းလျက် မိန့်ဆိုခြင်းဖြစ်၏။-
    • 9  ထို့နောက် ခရစ်တော်က အကျွန်ုပ်သည် ကိုယ်တော်၏အလိုတော်ကိုဆောင်ရွက် ရန် ရောက်ရှိလာပါပြီဟု ဆိုထားလေ၏။ ဤသို့ဖြင့် ဘုရား သခင်သည် ခရစ်တော်၏ပူဇော်ခြင်းကိုတည်စေခြင်းငှာ ယခင်က ယဇ်ပူဇော်ခြင်းကို ဖျက်သိမ်းတော်မူ၏။-
    • 10  ထိုအခါ ဘုရားသခင်၏အလိုတော်နှင့်အညီ ယေဇူးခရစ်တော်၏ခန္ဓာကိုယ်ကို တစ်ကြိမ်တည်းနှင့် အပြီးအပိုင်ပူဇော်ခြင်း အားဖြင့် ငါတို့သည် သန့်ရှင်းစင်ကြယ်လာကြ လေ၏။
    • 11  ရဟန်းတိုင်းသည် နေ့စဉ်နေ့တိုင်း ရပ်၍ မိမိ၏ဝတ်ပြု ခြင်းဝတ္တရားများကို ဆောင်ရွက်လျက် မည်သည့်အခါမျှ အပြစ်ဖြေလွှတ်နိုင်စွမ်းမရှိသောယဇ်ကို ထပ်ခါတလဲလဲပူဇော်ကြ၏။-
    • 12  သို့ရာတွင် ခရစ်တော်သည် ကာလ အဆက်ဆက်အတွက် အပြစ်ဖြေလွှတ်ပေးရန် တစ်ခု တည်းသောယဇ်ကို ပူဇော်ပြီးသော အခါ ဘုရားသခင် ၏လက်ယာတော်ဘက်၌ ထိုင်ပြီးလျှင်၊-
    • 13  ဘုရားသခင် သည် မိမိရန်သူတို့ကို မိမိ၏ခြေဖဝါးအောက်သို့ချထား တော်မူသည့်တိုင်အောင် စောင့်ဆိုင်းနေတော်မူ၏။-
    • 14  အကြောင်းမူကား ကိုယ်တော်သည် မိမိကိုယ်ကို တစ်ကြိမ်တည်းသာ ပူဇော်ခြင်းအားဖြင့် သန့်ရှင်းစင်ကြယ်လာကြသော သူတို့အား ထာ၀ရစုံလင်ခြင်းကျေးဇူးတော်ကို ရရှိစေတော်မူ၏။-
    • 15  ဝိညာဉ်တော်မြတ်သည်လည်း ငါတို့အား သက်သေခံတော်မူသည်မှာ၊-
    • 16  နောင်လာမည့်နေ့ရက်တို့၌ သူတို့နှင့်ငါပြုလုပ်မည့် ပဋိညာဉ်တရားတော်ဟူမူကား ငါသည် သူတို့၏နှလုံးသားထဲသို့ ငါ၏ ပညတ်တော်တို့ကို ထည့်သွင်းပေး၍ သူတို့၏အတွင်းစိတ်၌ ၎င်းတို့ကို ရေးသားထားမည်ဟု ထာ၀ရဘုရားသခင်မိန့်တော်မူ၏။-
    • 17  ထို့နောက် ကိုယ်တော်က ငါသည် သူတို့၏အပြစ်များနှင့် မကောင်းမှုဒုစရိုက်များကို သိမှတ်ထားတော့မည်မဟုတ် ဟုမိန့်တော်မူလေ၏။-
    • 18  အပြစ်များဖြေလွှတ်ခြင်းခံရလျှင် အပြစ်များအတွက် အပြစ်ဖြေရာယဇ်ပူဇော်ခြင်းများကို မလိုအပ်တော့ပေ။
    • 19  ထို့ကြောင့် ညီအစ်ကိုတို့၊ ငါတို့သည် ယေဇူး၏အသွေးတော်အားဖြင့် သန့်ရှင်းရာဌာနသို့ ဝင်ရောက် နိုင်ကြောင်းကို အခိုင်အမာယုံကြည်ကြ၏။-
    • 20  ထိုအသွေး တော်သည်ကား ကိုယ်တော်သည် မိမိ၏ခန္ဓာကိုယ် တည်းဟူသော ကန့်လန့်ကာမှတစ်ဆင့် ငါတို့အတွက် ဖွင့်လှစ် ထားသော အသက်ရှင်ခြင်းနည်းလမ်းသစ်ပေတည်း။-
    • 21  ထို့ပြင် ငါတို့တွင် ဘုရားသခင်၏အိမ်တော်ကို အုပ်ချုပ်တော်မူသောရဟန်းချုပ်တစ်ပါးလည်းရှိသည် ဖြစ်၍၊-
    • 22  ငါတို့၏စိတ်နှလုံးကို မကောင်းသောစိတ်သန္တာန် မှကင်းစင်စေပြီး ငါတို့၏ခန္ဓာကိုယ်များကိုလည်း သန့်ရှင်းသောရေနှင့် ဆေးကြောလျက် ယုံကြည်ခြင်းဖြင့် ပြည့်နေသည့်စိတ်ရင်းဖြင့် အထံတော်သို့ ချဉ်းကပ်ကြကုန်စို့။-
    • 23  ငါတို့သည် မိမိတို့ဝန်ခံသော မျှော်လင့်ခြင်းမှ သွေဖည် ခြင်းမရှိဘဲလျက် ၎င်းကို အခိုင်အမာစွဲကိုင်ထားကြကုန်စို့။ အကြောင်း မူကား ကတိထားတော်မူသောအရှင် သည် သစ္စာရှိတော်မူသောကြောင့်တည်း။-
    • 24  ထိုမှတစ်ပါး ငါတို့သည် အချင်းချင်း တစ်ယောက်ကို တစ်ယောက်ချစ် ခင်ရန်နှင့် ကောင်းကျိုးပြုကြရန် မည်သို့တိုက်တွန်းနှိုး ဆော်ရမည်ကို ထောက်ရှုဆင်ခြင်ကြစို့။-
    • 25  သင်တို့အထဲမှ အချို့သောသူတို့ပြုလုပ်လေ့ရှိသကဲ့သို့ စုဝေးဝတ်ပြုခြင်း အမှုများကို မစွန့်လွှတ်ကြနှင့်။ ထိုနေ့ရက်ရောက် လုနီးပြီ ဖြစ်၍ သင်တို့အချင်းချင်း တစ်ယောက်ကို တစ်ယောက် အားပေးကြလော့။
    • 26  အကယ်၍ ငါတို့သည် သမ္မာတရားကိုခံယူရရှိပြီးမှ မိမိအလိုဆန္ဒအလျောက် အပြစ်ကျူးလွန်ပါလျှင် ပူဇော် ရန်အပြစ်ဖြေရာ ယဇ်ရှိတော့မည်မဟုတ်ဘဲ၊-
    • 27  အပြစ်ဒဏ် စီရင်ခြင်းခံရမည့်အကြောင်းကိုလည်းကောင်း၊ ဘုရား သခင်ကိုဆန့်ကျင်သောသူတို့ အား လောင်ကျွမ်းစေမည့် အမျက်တော်မီးကိုလည်းကောင်း ကြောက်ရွံ့စိုးရိမ်စိတ် ဖြင့် စောင့်မျှော်နေကြရန်သာ ရှိတော့သည်။-
    • 28  မိုးဇက်၏ ပညတ်တရားကို ချိုးဖောက်သူမှန်သမျှသည် အသိသက်သေနှစ်ဦး၊ သို့မဟုတ် သုံးဦးတို့၏ထွက်ဆိုချက်အရ အပြစ်ရှိကြောင်းတွေ့ရှိရလျှင် သနားညှာတာမှုမရရှိဘဲ သေရ၏။-
    • 29  ထိုသို့ဆိုလျှင် ဘုရားသခင်၏သားတော်ကို ရှုတ်ချပြီး မိမိအား သန့်စင်စေသောပဋိညာဉ်တရား၏ သွေးကိုညစ်ညူးစေလျက် ကျေးဇူးတော်ကိုပေးတော် မူသည့် ဝိညာဉ်တော်အား ထိခိုက်စော်ကားသောသူ သည် မည်မျှလောက်ပို၍ကြီးလေးသောအပြစ်ဒဏ်ကို ခံထိုက်ပါသနည်း။-
    • 30  အကြောင်းမူကား လက်စားချေခြင်း သည် ငါပြုလုပ်ရမည့်အမှုဖြစ်၍ ငါသည် လက်စားချေမည် ဟူ၍လည်းကောင်း၊ တစ်ဖန် ထာ၀ရဘုရားသခင်သည် မိမိ၏လူမျိုးစုအား တရားစီရင်တော်မူမည်ဟူ၍လည်းကောင်း မိန့်တော်မူသောသူသည် မည်သူ ဖြစ်သည်ကို ငါတို့သိကြ၏။-
    • 31  အသက်ရှင်တော်မူသောဘုရားသခင် ၏လက်တော်သို့ကျရောက်ရခြင်းသည် ကြောက်မက် ဖွယ်ကောင်းလှပေသည်။
    • 32  သို့သော်လည်း လွန်ခဲ့သည့်အချိန်ကာလများကို သတိရကြလော့။ သင်တို့သည် အလင်းကျေးဇူးတော် ကိုခံကြရပြီးသည့်နောက် ကြမ်းတမ်းသောဒုက္ခဝေဒနာ အမျိုးမျိုးကို ခံထမ်းခဲ့ကြရ၏။-
    • 33  တစ်ခါတစ်ရံ သင်တို့သည် စော်ကားခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းတို့ကို လူအများရှေ့ တွင် ခံကြရ၍ တစ်ခါတစ်ရံတွင်မူ ဖိစီးနှိပ်စက်ခံရသောသူ တို့၏ဒုက္ခဆင်းရဲတွင် သင်တို့မျှဝေခံစားခဲ့ကြ၏။-
    • 34  သင်တို့ သည် အကျဉ်းကျနေသောသူတို့အပေါ် ကြင်နာသနား စိတ်ရှိကြသည်သာမက သင်တို့ပိုင်ဆိုင်သောပစ္စည်းများ အား အတင်းအဓမ္မသိမ်းယူခြင်းကိုလည်း ဝမ်းမြောက်သောစိတ်နှင့်လက်ခံကြ၏။ အကြောင်းမူကား သင်တို့၌ ထိုအရာများထက်ပို၍ ကောင်းမွန်ပြီး တည်မြဲသည့်အရာ ရှိကြောင်းကို သင်တို့သိကြသောကြောင့်ပင်ဖြစ်၏။-
    • 35  ထို့ကြောင့် ကြီးမြတ်သောဆုလာဘ်ကိုရရှိစေနိုင်မည့် သင်တို့၏ယုံကြည်ခြင်းကို မစွန့်လွှတ်ကြနှင့်။-
    • 36  သင်တို့သည် ဘုရားသခင်၏အလိုတော်ကို လိုက်နာဆောင်ရွက်နိုင် ရန်နှင့် ကတိထားတော်မူသောအရာများကို ခံစားနိုင်ရန် ဇွဲလုံ့လရှိကြရမည်။-
    • 37  အကြောင်းမူကား ကြွလာတော်မူ မည့်အရှင်သည် မကြာမီတွင်ပင် ရောက်ရှိလာတော်မူ လိမ့်မည်။ ကိုယ်တော်သည် နှောင့်နှေး ကြန့်ကြာတော်မူ လိမ့်မည်မဟုတ်။-
    • 38  ငါ၏ဖြောင့်မတ်သောသူမူကား ယုံကြည်ခြင်းဖြင့် အသက်ရှင်လိမ့်မည်။ ထိုသူသည် တွန့်ဆုတ်ခြင်းရှိလျှင် ငါသည် သူ့ကို နှစ်သက်လိမ့်မည်မဟုတ်ဟု ဘုရားသခင်မိန့်တော်မူ၏။-
    • 39  ငါတို့မူကား ယုံကြည်ခြင်း၌ လက်လျှော့သဖြင့် ပျက်စီးဆုံးရှုံးသွားသောသူများ ထဲမှမဟုတ်ဘဲ မိမိတို့၏ဝိညာဉ်များကို ကယ်တင်ခြင်းသို့ ရောက်သည့်တိုင်အောင် ယုံကြည်ခြင်း၌ ခိုင်မြဲကြမည့် သူများဖြစ်ကြ၏။
  • King James Version (kjv)
    • Active Persistent Session:

      To use a different persistent session key, simply add it above, and click the button below.

      How This All Works

      Your persistent session key, together with your favourite verse, authenticates you. It links to all your notes and tags in the Bible. You can share it with loved ones so they can see your notes and tags.

      However, to modify your notes and tags, you need both the persistent session key and your favourite verse.

      Please Keep Your Favourite Verse Private

      Your persistent session key and favourite verse provide you exclusive access to edit your notes and tags. Think of your persistent session key as a username and your favourite verse as a password. Therefore, ensure your favourite verse is kept private.

      The persistent session key allows viewing, while editing is only possible when the correct favourite verse is provided.

    • Loading...

Favourite Verse

You should select one of your favourite verses.

This verse in combination with your session key will be used to authenticate you in the future.

This is currently the active session key.

Should you have another session key from a previous session.
You can add it here to load your previous session.

Hebrews 10:

Sharing the Word of God with the world.
  • Share Text
    ...
  • Share Link