We have 3535 guests and 0 members online
  • WORD Research this...
    1 Peter 1
    • 1  ယေဇူးခရစ်တော်၏တမန်တော် ပေတရုထံမှ ပုန္တုပြည်၊ ဂါလားဆီယာပြည်၊ ကပ္ပါဒိုးစိယပြည်၊ အာရှပြည်နှင့် ဘီသိနိယပြည် တို့တွင် ပျံ့နှံ့နေထိုင်လျက် ရှိကြသော ဧည့်သည့်အာဂန္တုများဖြစ်ကြသည့်၊-
    • 2  ခမည်းတော်ဘုရား၏ ရွေးချယ် သတ်မှတ်ထားခြင်းခံရသောသူ အပေါင်းတို့ထံသို့ စာရေးလိုက်ပါ၏။ သူတို့သည် ယေဇူး ခရစ်တော်ကိုနာခံရန်နှင့် ကိုယ်တော်၏သွေးတော်ဖြင့် ဆေးကြောခြင်းခံယူရန် ဝိညာဉ်တော်အားဖြင့် သန့်ရှင်း စင်ကြယ်လာကြ သောသူများဖြစ်ကြ၏။ ကျေးဇူးတော်နှင့် ငြိမ်းချမ်းသာယာခြင်းသည် သင် တို့၌ တိုးပွားပါစေသော်။
    • 3  ငါတို့၏သခင် ယေဇူးခရစ်တော်၏အဖခမည်းတော် ဘုရားအားကောင်းချီးမင်္ဂလာရှိပါစေသော်။ ကိုယ်တော်၏ မဟာကရုဏာ တော်အတိုင်း ငါတို့သည် ယေဇူးခရစ်တော်၏သေခြင်းမှရှင်ပြန်ထမြောက်တော်မူခြင်းအားဖြင့် ရှင်သန်သော မျှော်လင့်ချက် သို့လည်းကောင်း၊-
    • 4  သင်တို့အတွက် ကောင်းကင်တွင် သိမ်းဆည်းထားသည့် မပျက် စီးနိုင်သော၊ ညစ်ညူးခြင်းမှကင်းသော၊ ညှိုးနွမ်းမှေးမှိန် မသွားနိုင်သော အမွေတော်အတွက်လည်းကောင်း အသစ်တစ်ဖန် မွေးဖွားခြင်းခံခဲ့ကြရ၏။-
    • 5  သင်တို့သည် ကား ကယ်တင်ခြင်းခံရရန် ဘုရားသခင်၏တန်ခိုးတော် အားဖြင့် ယုံကြည်ခြင်း၌ စောင့်ရှောက်ခြင်းခံကြရ၏။ ထို ကယ်တင်ခြင်းမှာ နောက်ဆုံးသောကာလတွင် ထင်ရှားလာခြင်းငှာ အသင့်ရှိနေလေပြီ။-
    • 6  ယခုအခါ သင်တို့သည် အမျိုးမျိုးသောစုံစမ်းခြင်းတို့ကို ခေတ္တခဏခံကြရမည်ဖြစ် သော်လည်း ဤအကြောင်းကြောင့် သင်တို့ဝမ်းမြောက် ကြပါလော့။-
    • 7  သို့မှသာ မီးဖြင့် စမ်းသပ်ခံရပြီးဖြစ်သော် လည်း ပျောက်ပျက်သွားနိုင်သည့်ရွှေထက် ပို၍တန်ဖိုး ကြီးမားသောသင်တို့၏ ယုံကြည်ခြင်းသည် ထိုက်တန်ကြောင်း စမ်းသပ်စစ်ဆေးခံရပြီးနောက် သင်တို့သည် ယေဇူးခရစ်တော်၏ ဘုန်းတော်ထင်ရှား သည့်အချိန်တွင် ချီးမွမ်းခြင်း၊ ဂုဏ်ကျက်သရေနှင့် လေးစားဂုဏ်ပြုခြင်းတို့ကိုခံစားကြရမည်ဖြစ်၏။-
    • 8  သင်တို့သည် ကိုယ်တော့်ကို မမြင်ဖူးကြသော်လည်း ချစ်မြတ်နိုးကြ၏။ ယခုတွင်လည်း သင်တို့သည် ကိုယ်တော့်ကို မမြင်ရသော်လည်း ကိုယ်တော်၌ ယုံကြည်ကြပြီး နှုတ်ဖြင့်မဖော်ပြနိုင်လောက်အောင် ကြီးမားလှသောဝမ်းမြောက်ခြင်းဖြင့် ပြည့် လျက်ရှိ၏။-
    • 9  သင်၏ယုံကြည်ခြင်းအကျိုးရလဒ်အဖြစ် သင်တို့သည် သင်တို့၏ဝိညာဉ်များအတွက် ကယ်တင်ခြင်းကျေး ဇူးကို ရရှိကြလေပြီ။
    • 10  သင်တို့ခံစားရမည့်ကျေးဇူးတော်အကြောင်းကို ကြိုတင်ဟောပြောခဲ့ကြသောပရောဖက်တို့သည် ဤကယ်တင်ခြင်း အကြောင်းကို ရှာဖွေလေ့လာခဲ့ကြ၏။-
    • 11  သူတို့သည် ခရစ်တော်၏ဒုက္ခဝေဒနာခံထမ်းခြင်းနှင့် နောက်ဆက်တွဲရရှိသည့်ဘုန်းဂုဏ်တော်တို့ကို ကြိုတင်ဟော ပြောကြသောအခါ ခရစ်တော်၏ဝိညာဉ်တော်အားဖြင့် ဖော်ပြခြင်းခံရသောသူမှာ မည်သူဖြစ်ကြောင်းကိုလည်းကောင်း၊ ယင်းသည် မည်သည့်အချိန်ကာလတွင်ဖြစ်ပွား မည်ကိုလည်းကောင်း မိမိတို့အချင်းချင်း မေးမြန်းစုံစမ်းခဲ့ကြ၏။-
    • 12  သူတို့ဟောပြောကြေညာခဲ့ကြသော သတင်းစကားသည် သူတို့အတွက်မဟုတ်ဘဲ သင်တို့အတွက် သာဖြစ်ကြောင်း သူတို့အား ထင်ရှားစွာဖော်ပြထားခဲ့ပြီး ဖြစ်၏။ ယခုအခါတွင် ကောင်းကင်ဘုံမှစေလွှတ်ခြင်းခံရ တော်မူသောဝိညာဉ်တော်မြတ်မှ တစ်ဆင့် သင်တို့အား သတင်းကောင်းကို ဟောပြောကြသောသူတို့သည် ထို သတင်းစကားကို သင်တို့အား ကြေညာဟောပြော ခဲ့ကြ လေပြီ။ ကောင်းကင်တမန်တော်တို့သည် ထိုအကြောင်း အရာတို့ကို သိမြင်ခြင်းငှာ တောင့်တခဲ့ကြ၏။
    • 13  သို့ဖြစ်၍ သင်တို့၏စိတ်နှလုံးများကို အသင့်ပြင်ဆင်ပြီး စိတ်ကိုတည်ငြိမ်စွာထားကြလော့။ ယေဇူးခရစ်တော်၏ ဘုန်းဂုဏ်တော် ထင်ရှားချိန်တွင် သင်တို့ထံသို့ ရောက်ရှိလာမည့်ကျေးဇူးတော်ကို အပြည့်အဝမျှော်လင့် ကြလော့။-
    • 14  သင်တို့သည် နာခံခြင်းရှိသောသားသမီးများ ဖြစ်သည့်အတိုင်း ယခင်သင်တို့အသိတရားမဲ့စဉ်ကရှိခဲ့သော ရမ္မက်ဆန္ဒများ နောက်သို့ မလိုက်ကြလေနှင့်။-
    • 15  သို့သော် သင်တို့ကို ခေါ်တော်မူသောသခင်သည် သန့်ရှင်းမွန်မြတ်သကဲ့သို့ သင်တို့သည်လည်း သင်တို့ကျင့်ကြံ သမျှအမှုတို့၌ သန့်ရှင်းမွန်မြတ်သောသူများဖြစ်စေကြလော့။-
    • 16  အကြောင်းမူကား ကျမ်းစာတော်မြတ်၌ ငါသည်သန့်ရှင်းမွန်မြတ်တော်မူသောကြောင့် သင်တို့သည်လည်း သန့်ရှင်း မွန်မြတ်ကြလော့ဟု ရေးထားသတည်း။
    • 17  မျက်နှာလိုက်ခြင်းမရှိဘဲ လူတစ်ဦးစီ၏အပြုအမူများအတိုင်း တရားစီရင်တော်မူသောအရှင်ကို အဖခမည်းတော်အဖြစ် သင်တို့တောင်းလျှောက်ကြပါလျှင် ကမ္ဘာလောက၌ နေရသောကာလတစ်လျှောက်လုံး ကြောက်ရွံ့ရိုသေခြင်းဖြင့် ကျင့်ကြံနေ ထိုင်ကြလော့။-
    • 18  သင်တို့၏ ဘိုးဘေးတို့ထံမှ အမွေဆက်ခံကြရသည့် အနှစ်သာရ ကင်းမဲ့သောဘ၀မှ သင်တို့ကို ရွေးနုတ်ခဲ့ကြောင်း သင်တို့ သိကြ၏။ ထိုသို့ရွေးနုတ်ရာတွင် ပျက်စီးတတ်သော ရွှေ၊ ငွေအစရှိသည့်အရာတို့ဖြင့် ရွေးနုတ်ကယ်တင်ခဲ့ခြင်း မဟုတ်ဘဲ၊-
    • 19  အပြစ်အနာအဆာကင်းသော သိုးငယ် တော်ကဲ့သို့ဖြစ်သော ခရစ်တော်၏သွေးတော်အားဖြင့်သာ ရွေးနုတ်ကယ်တင်ခဲ့ ကြောင်းကို သင်တို့သိကြ၏။-
    • 20  ကိုယ်တော်သည် ကမ္ဘာလောကမတည်ရှိမီကပင် ရွေးချယ်သတ်မှတ်ထားခြင်းခံခဲ့ရပြီး နောက်ဆုံးသောအချိန် ကာလတွင် သင်တို့၏အကျိုးအလို့ငှာ ထင်ရှားစွာထုတ် ဖော်ပြခြင်းကိုခံတော်မူ၏။-
    • 21  ဘုရားသခင်သည် ကိုယ် တော်အား သေခြင်းမှရှင်ပြန်ထမြောက်စေပြီး ဘုန်းဂုဏ် တော်ကိုပေးသနားတော်မူ၍ သင်တို့သည် ကိုယ်တော်အားဖြင့် ဘုရားသခင်၌ ယုံကြည်ကိုးစားလာကြ၏။ သို့မှသာ သင်တို့၏ယုံကြည်ခြင်းနှင့်မျှော်လင့်ခြင်းသည် ဘုရားသခင်၌ တည်နေမည်ဖြစ်၏။
    • 22  သင်တို့သည် ညီအစ်ကိုများအပေါ် စစ်မှန်သောချစ်ခြင်းမေတ္တာတရားထားရှိရန် သမ္မာတရားတော်ကို နာခံခြင်းဖြင့် သင်တို့၏ ဝိညာဉ်များကို စင်ကြယ်စေခဲ့သည်ဖြစ်၍ သင်တို့အချင်းချင်း စိတ်နှလုံးထဲမှ လေးနက်စွာ ချစ်ခင်ကြလော့။-
    • 23  သင်တို့သည် သေကြေပျက်စီးနိုင်သောမျိုး စေ့မှမွေးဖွားလာခြင်းမဟုတ်ဘဲ မသေကြေမပျက်စီးနိုင်သည့်မျိုးစေ့တည်း ဟူသော အသက်ရှင်၍ အစဉ်တည် နေတော်မူသည့် ဘုရားသခင်၏နှုတ်တော်ထွက်စကားအားဖြင့် အသစ်မွေးဖွားခြင်းခံကြရ လေပြီ။-
    • 24  အကြောင်း မူကား လူအပေါင်းတို့သည် မြက်ပင်ကဲ့သို့ဖြစ်ကြ၍ သူတို့၏ဂုဏ်သရေရှိသမျှသည် မြက်ပင်မှပွင့်သောပန်းနှင့် တူ၏၊ မြက်ပင်သည် ညှိုးခြောက်သွား၍ မြက်ပင်၏ပန်းသည်လည်း ကြွေကျလေ၏၊-
    • 25  ဘုရားသခင်၏နှုတ်တော် ထွက်စကားမူကား အစဉ်ထာ၀ရတည်တော်မူ၏ဟူ၍ ကျမ်းစာတော်မြတ်၌ ရေးထားသော ကြောင့်တည်း။ နှုတ်တော်ထွက်စကားသည်ကား သင်တို့အား ကြေညာ ဟောပြောသော ဧဝံဂေလိတရားတော်ပေတည်း။
  • King James Version (kjv)
    • Active Persistent Session:

      To use a different persistent session key, simply add it above, and click the button below.

      How This All Works

      Your persistent session key, together with your favourite verse, authenticates you. It links to all your notes and tags in the Bible. You can share it with loved ones so they can see your notes and tags.

      However, to modify your notes and tags, you need both the persistent session key and your favourite verse.

      Please Keep Your Favourite Verse Private

      Your persistent session key and favourite verse provide you exclusive access to edit your notes and tags. Think of your persistent session key as a username and your favourite verse as a password. Therefore, ensure your favourite verse is kept private.

      The persistent session key allows viewing, while editing is only possible when the correct favourite verse is provided.

    • Loading...

Favourite Verse

You should select one of your favourite verses.

This verse in combination with your session key will be used to authenticate you in the future.

This is currently the active session key.

Should you have another session key from a previous session.
You can add it here to load your previous session.

1 Peter 1:

Sharing the Word of God with the world.
  • Share Text
    ...
  • Share Link